အဆိပ်ငွေ့ကင်းစင်သည့် နေရာကို
ရွေးချယ်ကြပါစို့
ယနေ့ခေတ်တွင် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဆိုသော ယဉ်ကျေးမှုတစ်ခု
ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားလျက် ရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်း၏ ရည်ရွယ်ချက်
များလည်း ရှိသည်။ မိမိတို့ စားသောက်ချက်သည့် အစားအသောက် များကို လွယ်ကူစွာ စားသုံးနိုင်
သကဲ့သို့ မိမိတို့၏ ဧည့်သည် များကိုလည်း ကောင်းမွန်စွာ ဧည့်ခံနိုင်ခြင်း စသည်ဖြင့်
ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသည်။ ထိုသို့ သွားသည့်အခါတိုင်း ပထမဆုံး ရင်ဆိုင်ရမည့်
အဆိပ်ငွေ့ တစ်မျိုး ရှိသည်။ ယင်းအဆိပ်ငွေ့မှာ ကိုယ်တိုင် မသောက်သည့်တိုင် သူတစ်ပါး
သောက်သော ဆေးလိပ်ငွေ့ ကို ရှူရိုက်ရခြင်း ဖြစ်သည်။
လက်ဖက်ရည်ဆိုင် ထိုင်ခြင်းနှင့် ပတ်သက်၍ အားနည်းချက် အချို့လည်း
ရှိနေကြ သည်။ ဆေးလိပ် ကင်းစင်သည့် လက်ဖက်ရည်ဆိုင် ဟုတ်၊ မဟုတ် ဂရုပြု ရွေးချယ်၍ မထိုင်
ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အထက် ဖော်ပြပါ အဆိပ်ငွေ့ကို ရှူမှန်းမသိ ရှူဖြစ်နေကြခြင်း
ဖြစ်သည်။ ဆေးလိပ်ငွေ့ ရှူသွင်းခြင်းကြောင့် ပထမဦးစွာ နှလုံးကို ပျက်ယွင်းစေသည်။ ၂၀၁၅
တစ်နှစ်တည်းတွင် ဆေးလိပ်ငွေ့ ရှူသွင်းမိခြင်း ကြောင့် သေဆုံးသူ ဦးရေ ၅၆ ဒသမ ၁ သန်း
ရှိသည်။