Saturday, May 4, 2024

ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ


 

 ငါးမွေးကန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအတွက် အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများ

          မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလစ်ြသည့် ဧပြီလ နှင့် မေလများအတွင်းနေ့အပူချိန်များတညြ်းညြ်း မြင့်တက်လာရာမှ အင်အားအသင့်အတင့်ရှိသောအယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း မြန်ပြည်တစ်ဝှမ်း တနေ့တခြားပိုမိုပူပြင်းလျက် ရှိသည်။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ၏ ဧပြီလ၆ရက်နေ့ ထုတ်ပြန်ချက်အရထူးခြားသည့် နေ့အပူချိန်များအဖြစ် -

·         ချောက်မြို့တွင် ၄၆ ဒီဂရီဆဲလ်စီးယပ်စ်၊

·         မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့များတွင် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်၊ 

 

·         စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ဆင်ဖြူကျွန်းမြို့ နှင့် ပြည်မြို့တို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်စ် အသီးသီးရှိကြောင်းသိရသည်။

          နေ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူခရမ်းလွန်ရောင်ခြည်(Ultraviolet)လည်းပါလာလေ့ရှိရာ၊ ယင်းကသက်ရှိသတ္တဝါ အားလုံးအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်ကိုမလွဲမသွေ စ်ြပေါ်ခံစားရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလူသားတို့အတွက် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကိုနေ့စဉ်မပြတ်သတိပေးလျက်ရှိကဲ့သို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလက်အောက်ရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနကလည်းမွေးမြူရေးတိရစ္ဆာန်များ နှင့် ငါးမွေးမြူရေးကန်များအတွက် အပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းကောင်းများစွာတို့ကိုအောက်ပါအတိုင်းအသိပေးနှိုးဆော်ချက်များထုတ်ပြန်ထားပါသည်။

·         မွေးမြူရေးတိရစ္ဆာန်များအပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး။

မွေးမြူရေးတိရစ္ဆာန်များရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် အောက် ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။

(က) တိရစ္ဆာန်များကိုအပူချိန်မြင့်သောအချိန်တွင် အရိပ်ရှိသောနေရာများ၌ ထားရှိရန်နှင့် အပူချိန်ပြင်းထန်မှုနည်းပါး သောနံနက်နှင့် ညနေမှသာလွှတ်ကျောင်းခြင်းပြုရန်၊

( ခ) မွေးမြူထားသောတိရစ္ဆာန်များအတွက် သောက်သုံးရေများလုံလောက်စွာရရှိရေး၊ ကြိုတင်စုဆောင်းရေးနှင့် လေလွင့် ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ထားရန်၊

( ဂ) ပူပြင်းသောဒဏ်ကိုကာကွယ်ရန်အတွက် ရေဓာတ်ပါသောအစားအစာများကို ဖြည့်စွက်ကျွေးမွေးရန်၊

(ဃ) တိရစ္ဆာန်များရွှေ့ပြောင်းရန်လိုအပ်ပါကသောက်သုံးရေရရှိနိုင်ပြီးအပူဒဏ်မှ ကာကွယ်နိုင်သောနေရာများစီစဉ်ထား ရှိရန်၊

( င) တိရစ္ဆာန်အစာများဖြစ်သည့် ကောက်ရိုး၊ မြက်စို၊ မြက်နုများစနစ်တကျ ကြိုတင်စုဆောင်းထားရန်

( စ) တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားကျရောက်စေခြင်းမရှိစေရန်အတွက် ကာကွယ်ဆေးများပုံမှန် ထိုးနှံထား ရန်၊

(ဆ) တိရစ္ဆာန်မွေးမြူထားရှိသောခြံ နှင့် အစာသိုလှောင်ထားသောနေရာများတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် မီးချိတ်၊ မီးကပ်၊ သဲ နှင့် ရေပုံးများထားရှိရန်၊

(ဇ)တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာထူးခြားဖြစ်စဉ်များရှိပါကသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက်ရန် စသည်တို့ကိုအသိပေး နှိုးဆော်ထားသည်။

·         ငါးမွေးမြူရေးကန်များအပူချိန်ပြင်းထန် လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး။

(က) နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိကန်ရေများရေငွေ့ပြန်ပြီးရေလျှော့နည်းကျဆင်းလာ သဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း၊ ရေထုညစ်ညမ်းပြီးဆက်စပ်၍ ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓာတ် ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကိုလျှော့ချပေးပါရန်၊

(ခ)နံနက်ပိုင်းမိုးအုံ့သောရက်၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများခေါင်းထောင်လျက်ကူးခပ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းမျိုးရှိပါကငါးမွေးမြူရေးကန်သည် အောက်ဆီဂျင်လျော့နည်းမှု ဖြစ်ပွား နေသဖြင့် ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ မွေးမြူရေးကန်အတွင်း လှေလှော်ပေးခြင်း၊ စသည့် နည်းလမ်းများအား ရေတွင်ပျော်ဝင် အောက်ဆီဂျင် မြင့်တက်ရေးဆောင်ရွက်ပေးပါရန်၊

( ဂ) ငါးမွေးမြူရေးကန်များနေအပူချိန်လွန်ကဲမှုကြောင့် ရေခန်းလာပါကသန့်ရှင်းသောရေသစ်များ ဖြည့်သွင်းပေးပါရန်၊

(ဃ) ရေသစ်သွင်းရန် အခက်အခဲရှိပါကမွေးမြူထားသောငါးများကိုအရေအတွက် လျှော့ချမွေးမြူရန်၊

( င) အပူချိန်ပြင်းပြသည့် အချိန်များဖြစ်သည့် နေ့လယ်ပိုင်းတွင် ငါးများကန်ပြောင်းရွှေ့ခြင်းမပြုရန်၊

(စ) ကန်ရေအရည်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း (၂၅-၄၀) စင်တီမီတာအတွင်းရှိနေစေရန်(မိမိ လက်ကိုတံတောင်ဆစ်အထိရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါကခပ်ရေးရေးမြင်ရသောအခြေအနေရှိရပါမည်)

(ဆ) ကန်ရေအပူချိန်မြင့်မားသောအချိန်များတွင် ရေထုညစ်ညမ်းမှု ဖြစ်စေသည့် ကဇော်ဖတ်၊ ဝါစေ့ဖတ်များကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမန်အစာများကိုသာချိန်ဆကျွေးပါရန်၊

(ဇ) အစာကျွေးပြီးပါကအစာကျန်များရှိ၊ မရှိကိုပုံမှန် စစ်ဆေးပေးပါရန်၊

(ည) မွေးမြူရေးကန်အားလိုအပ်ပါကရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီးရေများရနိုင်သမျှ သိုလှောင်ထားပါရန်၊

(ဋ) ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှု အခြေအနေများကိုနေ့စဉ် နံနက် (၆) နာရီ၌ ပုံမှန်စစ်ဆေးပါရန်၊ 

( ဌ) ငါးမွေးကန်၌ ပုံမှန်မဟုတ်သောအခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်စေသည့် ကဇော်ဖတ်၊ ဝါစေ့ဖတ်များကျွေး      ခြင်းကိုရှောင်ကြဉ်၍ ပုံမန်အစာများကိုသာချိန်ဆကျွေးပါရန်၊

( ဇ) အစာကျွေးပြီးပါကအစာကျန်များရှိ၊ မရှိကိုပုံမှန် စစ်ဆေးပေးပါရန်စ်ပေါ်လာသည်ကိုတွေ့ရှိရပါကအနီးဆုံးငါး  လုပ်ငန်းဦးစီးဌာနသို့ ဆက်သွာ်ဆောင်ရွက် ပါရန်စသည်တို့ကိုအသိပေးနှိုးဆော်ထားသည်။

          ထို့ကြောင့် မွေးမြူရေးသမားများအနေဖြင့် အထက်ဖော်ပြပါ အသိပေးနှိုးဆော်ချက်များအတိုင်းလိုက်နာဆောင်ရွက် ကြရမည် ဖြစ်သည့်ပြင်၊ မွေးမြူရေးသမားအချင်းချင်းကိုလည်းထပ်ဆင့် မျှဝေအသိပေးကြဖို့ လိုပါသည်။

          ထို့ပြင် နေ့အပူချိန်များတညြ်းညြ်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များ စ်ြထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေ ပြင်းနှင့်အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း နှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ပါသည်။

          သို့ဖြစ်ပါ၍ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကိုလုပ်ကိုင်နေသူများသာမက၊ ပြည်သူများအားလုံးနွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေ၀သ ဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြဖို့လိုပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဖြစ်ကြသော (က) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ (ခ) မိုးလေ၀သနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) နှင့် (ဂ) ကျန်းမာရေးဝန်ကြီးဌာနတို့၏ အခါအားလျော်စွာသတင်းထုတ်ပြန်ချက်များကိုသတိထားကာစဉ်ဆက်မပြတ် စောင့်ကြည့်ကြဖို့လိုပါကြောင်းသတိပေး နှိုးဆော်လိုက်ရပါသည်။

 

စေတနာများစွာ

ဆောင်းပါးရှင် တင်ထက်ထက်ဇော် ရေးသားသည်။

 

No comments: