ဆေးဘက်အသုံးဝင် ယာကွန်ပင်
(SmallanthusSonchifolius)
ဒေါက်တာလပြည့်ခင်
နှစ်ရှည်ခံအပင် ဖြစ်သော ယာကွန်ပင် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဒေသအများစုတွင် အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင် မျိုးရင်းသည် Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ် (SmallanthusSonchifolius) ဖြစ်သည်။ မူလစိုက်ပျိုးရာ ဒေသမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ကိုလံဘီယာနှင့် အာဂျင်တီးနား တွင်လည်း စိုက်ပျိုးကြသည်။ ယာကွန်ပင် သည် အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေကျ ချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံး နိုင်ပြီဖြစ်သည်။ တူးဖော်ရာတွင် ယာကွန်ဥ များကို ထိခိုက်မှု မရှိစေရန် အထူးဂရုစိုက် ရမည်ဖြစ်သည်။ ယာကွန်ဥ သည် ပျမ်းမျှ အလေးချိန် (၃၀၀)ဂရမ် ခန့်ဖြစ်ပြီး ကြီးထွား သန်မာပါက (၂၀၀၀)ဂရမ်ခန့် ထိရှိသည်ကို တွေ့နိုင်သည်။