သက်ရှည်ကျန်းမာလှပဖို့
ကိုယ်လက်လှုပ်ရှားကစားစို့
ဒေါက်တာဥမ္မာစော
လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော
ရောဂါများကို ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများဟူ၍ ခွဲခြားလေ့ရှိသည်။
ကိုဗစ်ကဲ့သို့သော၊ တီဘီကဲ့သို့သော ရောဂါပိုးမွှား များကြောင့် ဖြစ်ရသော ရောဂါများကို
ကူးစက်နိုင်သော ရောဂါဟု အမည်တပ်ကြသည်။ များသောအားဖြင့် ဖွံ့ဖြိုးမှု မရှိသော၊ ဖွံ့ဖြိုးမှု
နိမ့်ကျသော နိုင်ငံများ တွင် အစာအာဟာရ ချို့တဲ့မှုကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းမှု၊
လူနေထူထပ်မှုကြောင့် ရောဂါပိုးကူးစက် လွယ်မှုတို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း
တို့ကြောင့် ကူးစက်နိုင်သောရောဂါများအဖြစ်များကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်သော
သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုးတို့သည်
မူလသဘောအရ ချမ်းသာကြွယ်ဝသော ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် အဖြစ်များသော ရောဂါများ
ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ရွာ ဖြစ်လာပြီးနောက် ကမ္ဘာအနှံ့မှ လူသားများကြားတွင် နေထိုင်စားသောက်မှု
အကျင့်စရိုက်များ တူညီလာသော အခါ မကူးစက်နိုင်သော ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ
၌ပါ ဖြစ်နှုန်းများလာခဲ့ ပါသည်။