အသည်းခြောက်ခြင်းဝေဒနာမှ ကင်းဝေးစေဖို့
အသည်းနှင့် ပတ်သက်၍ အသည်းခြောက်ခြင်း
၊ အသည်းရောင် အသားဝါဘီပိုး ၊ အသည်းရောင် အသားဝါစီပိုး ၊ အသည်းရောင်ခြင်း များ ဖြစ်ပွားနေသည်ကို
မကြာခဏ တွေ့နေရသည်။ အသည်းသည် လူ့ခန္ဓာကိုယ်တွင် ၀င်ရောက်လာသည့် အညစ်အကြေးများ နှင့်
အဆိပ်အတောက်များ ၊ ပိုးမွှားများအား ခန္ဓာကိုယ် အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် ထိန်းသိမ်း
ကာကွယ်ပေးနိုင်သော အရေးပါသည့် ကိုယ်တွင်းအင်္ဂါရပ် တစ်ခုဖြစ်သည်။ ထိုနည်းတူ ခန္ဓာကိုယ်
အတွက် ဆောင်ရွက်နေသော လုပ်ငန်းပေါင်း ၅၀၀ ကျော်ကိုလည်း လုပ်ဆောင်လျက် ရှိသည်။
ယနေ့ခေတ်တွင် ဖြစ်ပွားမှု များသော ရောဂါများထဲမှ အသည်းခြောက် ရောဂါ
အကြောင်း တင်ပြပေး လိုသည်။ အသည်းခြောက် ရောဂါကို Cirrhosis
ဟုခေါ်သည်။ အသည်းခြောက်ခြင်း ဆိုသည်မှာ အသည်းတွင် အမာရွက်များ ထင်ကာ အသည်း၏ ဖွဲ့စည်းပုံ
ပျက်ပြားခြင်း ဖြစ်သည်။ အသည်းခြောက် ခြင်းကို ဖြစ်ပေါ် စေနိုင်သည့် အချက်များမှာ အသားဝါဘီပိုး
၊ စီပိုး တို့ကြောင့် လည်းကောင်း ၊ အသည်း အဆီဖုံးခြင်း ကြောင့်လည်းကောင်း ၊ နာတာရှည်
ရောဂါကြောင့် အသည်းခြောက်ခြင်း ၊ အပြုအမူများ အနေဖြင့် အရက်သောက် ခြင်း ၊ မှိုတက်နေသော
ငရုပ်သီးခြောက် ၊ အခြား အခြောက်တို့ကို စားသုံးမိခြင်းတို့ ဖြစ်သည်။ အသည်းခြောက်ခြင်း
ဖြစ်ပေါ်စေသည့် အကြောင်းများစွာ ရှိသေးသည်။ အသည်းရောင် အသားဝါဘီ ၊ စီ နှင့် အရက်သောက်ခြင်း
တို့ကြောင့် အသည်းခြောက်ခြင်း မှာ အဖြစ်များလျက် ရှိသည်။ ထိုအထဲမှ အရက်နှင့် အသည်းခြောက်ခြင်း
အကြောင်းကို တင်ပြပေး လိုသည်။