ကျောက်ကပ်ကျန်းမာရေး
နှင့် ဓာတ်စာ
ပဲကြီးစေ့ပုံစံ
လက်တစ်ဆုပ်စာ ကျောက်ကပ်အင်္ဂါ ဟာ ကျောရိုးအောက်ဖက် တစ်ဖက်တစ်ချက် မှာရှိတယ်။ ရေနှင့်
သတ္တုဓာတ်များ ၊ သွေးဆဲလ်များ ၊ ပရိုတိန်းစတဲ့ ပမာဏကိုထိန်းသိမ်းပေးတဲ့ ကြီးမား တဲ့လုပ်ငန်း
အညစ်အကြေးစွန့်ထုတ်အင်္ဂါဖြစ်တယ်။ ကျောက်ကပ်အား နည်းရောဂါဟာ အသက်အရွယ် အသီးသီးမှာတွေ့ရနိုင်ကာ
ပြင်းထန်မှသာ သိကြရတယ်။
ကျောက်ကပ်မှာ သွေးစစ်ဆန်ခါတစ်သန်းခန့်ရှိပြီး
တစ်နေ့ဂါလန် ၄၀ ခန့်စစ်ထုတ်ကာ သွေးကိုသန့်စင်စေပြီး ဆီးကိုအညစ်အကြေးအဖြစ် စွန့်ထုတ်တယ်။
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏ အာဟာရဓာတ်တွေချန်ထားပြီး ပိုလျှံတဲ့ရေ၊ ကျန်းမာရေးအတွက်
အန္တရာယ်ရှိပစ္စည်းများ၊ ပိုလျှံနေတဲ့အာဟာရတွေကို ဆီးအဖြစ်စွန့်ထုတ်တယ်။