လူသားတို့အတွက် မရှိမဖြစ် ကျောက်ကပ်
ခန္ဓာကိုယ် ကြီးကောင်းစွာ အသက်ဆက်နိုင် ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာ အရေးပါလှ ပါတယ်။ ဒါကြောင့်လည်း အခြားကလီစာများ နဲ့မတူ လူတစ်ဦးမှာ ကျောက်ကပ်နှစ်ခု (တစ်စုံ)ကို မွေးလာ ကတည်းက အတူပါလာရခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် မကောင်းရင် သက်တမ်းစေ့ နေနိုင်မည် မဟုတ်ပေ။ ကျောက်ကပ်အစားထိုး ကုသခြင်း၊ ကျောက်ကပ်ဆေးခြင်း နည်းများဖြင့် အသက်ဆက် ကြရပါတယ်။
ကျောက်ကပ်ရောဂါ နာတာရှည် ဖြစ်နေ သူများဟာ အစားအသောက်ပိုင်း တွင်သာမက အခြားအရာများ ကိုပါ ဂရုစိုက်နေထိုင် သင့်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်များ ကိုသေချာစွာ လိုက်နာပြီး ရှောင်ရမည့် အချက်များကို ရှောင်ကြဉ် ရပါမယ်။ “ ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန် ထိရောက်မှု ရှိတယ် ”ဟု ဆိုရိုးစကား ရှိပါတယ်။ ကြိုတင် ကာကွယ်တယ် ဆိုရာမှာ နိစ္စဓူဝ စားသောက်နေထိုင်မှု ဖြစ်စဉ်ကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် မိမိကိုယ်ကို စီမံကွပ်ကဲ တတ်ရမှာပါ။ သို့ပါ၍ အောက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို လေ့လာပြီး သင့်ကျောက်ကပ် လေးတွေ ကျန်းမာကြ ပါစေကြောင်း အကြံပြု လိုက်ပါရစေ။