Monday, May 26, 2008

ရင်ထဲမှာနာ

ရင်ထဲမှာနာ

အချစ်ဟာ သစ္စာရှိပြီးသား။
ပွေလီခြင်း
သွေဖည်ခြင်း
ငွေသွင်းငွေထုတ်
သူ့အလုပ်မရှိ။

အချစ်ဟာမေတ္တာရှိပြီးသား။
ငလျင်မဟုတ်
လိုင်းမဟုတ်
လှုပ်ခုန်သော်ငြား
အဖျက်အားမရှိ။

အချစ်ဟာ သိက္ခာရှိပြီးသား။
ကောက်ရိုးမီးစွဲ
လေပွေဝဲလို
သဲသဲမလှုပ်
ကျောက်ရုပ်ပမာ တောင်မဟာလို။

အချစ်ဟာ အဆင်တန်ဆာမလို။
နဂိုယဉ်
သဘောဖြူအူစင်း
ရွှေလိုဝင်းပြီးသား။

ခုတော့
အချစ်ဆိုတာ
ကြုံရာကျပန်း ၊ ရူးနမ်းနမ်းနဲ့
လိုက်တမ်းပြေးတမ်း ၊ ဓားပြဖမ်းသလို
ရမ်းသန်းမှန်းသန်း ၊ လေဒန်းစီးသူ
လူညံ့လူရှော် ၊ မသူတော်တို့
တော်သလိုပြင် ၊ စင်ပေါ်တင်တဲ့
ဖိုးသင်းမျောက်လို ဖြစ်ခဲ့ပြီ ။ ။
(အောင်သင်းနီ)

No comments: