Thursday, March 5, 2009

မီရှဲလ်ဝီ


ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူ မှာ အမေရိကန်ဖခင်နဲ့ တောင်ကိုရီးယားမိခင် ကနေ ၁၁-၁၀-၁၉၈၉ မှာမွေးဖွားခဲ့တဲ့ ကပြားမလေး ဂေါက်သီးအလှမယ် မီရှဲလ်ဝီ ကို ပရော်ဖက်ရှင်နယ် အမျိုးသမီး ဂေါက်သီးအဖွဲ့ချုပ် LPGA ရဲ့ အမြဲတမ်း ပြိုင်ပွဲဝင်ခွင့် ရရှိသွားပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။ ကြေးစား ဂေါက်သီးမယ် အနေနဲ့ ၂၀၀၅ ခုနှစ်ကတည်းက ၀င်ရောက်ခဲ့ပေမယ့် အရေးပါတဲ့ LPGA ပြိုင်ပွဲတွေမှာ သူမဟာ စံတင်လောက်တဲ့ အောင်မြင်မှု မရရှိခဲ့သေးပါဘူး။ အမျိုးသမီးပြိုင်ပွဲ တွေနည်းတူ၊ အမျိုးသားတွေနဲ့ပါ ပါဝင်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု မရခဲ့ပေမယ့် သူမူရဲ့ လှပတဲ့ ရုပ်ရည် ရူပကာကြောင့်သာ ပြိုင်ပွဲတွေတိုင်းမှာ ဖိတ်ခေါ် ယှဉ်ပြိုင်ခြင်း ခံရသူ ဖြစ်ပါတယ်။ ဂေါက်ပြိုင်ပွဲ မြက်ခင်းပြင်ပေါ်မှာ လူလုံးပြ နေခြင်းထက် ဂေါက်သီးစွမ်းရည်ကို ထုတ်ဖော်ပြသဖို့ ဝေဖန်မှုတွေ မကြာခဏ ပြောဆိုခံနေရတဲ့ သူလေးလည်း ဖြစ်ပါတယ်။

မီရှဲလ်ဝီဟာ စတန်းဖို့ဒ် တက္ကသိုလ်မှာ သင်ယူနေတဲ့ ဘာသာရပ်တိုင်းမှာ အမှတ် ကောင်းကောင်း ရအောင် ကြိုးစားနေတဲ့ ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂေါက်ကွင်းတွေမှာ ဟန်ရေးပြ အလှထုတ်နေတာ တွေကို လျော့ချမယ်လို့ ဆိုနေပေမဲ့ ကုန်ပစ္စည်း ကြော်ငြာ တွေအတွက်တော့ မိန်းကလေး တစ်ယောက်ရဲ့ အလှကို ဆွဲဆောင်မှုရှိရှိ သရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မွေးရပ် ဟာဝိုင်အီ မှာတော့ လူကြီး လူငယ် အများစုရဲ့ ချစ်ခင် နှစ်ခြိုက်မှုကို ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ (ငံပြာရည် ကျိုတာပါ)


http://www.golftout.com/michelle-wie

23 comments:

  1. မီရှဲလ်ဝီးတို့ ရှာရာပိုဗာတို့ကို ကြည့်ရတာ မိုက်တယ်ဗျာ။ ဂေါက်သီးရိုက်ရမလား တင်းနစ်ရိုက်ရမလား မသိတော့ဘူး။ :D

    ReplyDelete
  2. ဘာရေးရမလဲ မသိဘူး ...
    ဘာမှရေးတော့ဘူး ... ကိုဝင်းဇော်က ဂေါက်ဝါသနာပါပုံရတယ် .. ဟီး

    ReplyDelete
  3. ကိုဝင်းဇော် ငံပြာရည်ချက်တယ်ဆိုတော့ နည်း၂လောက် ပေးပါ ဒီမှာ ကုန်သွားလို့ ဟီး ၂ (စတာ) :P

    ReplyDelete
  4. ရိုက်တာချင်းတူရင် ဂေါက်ပဲရိုက်ချင်တယ်။ တင်းနစ်က ပင်ပန်းတယ်လေဗျာ။ အသက်အရွယ်က ထောက်လာပြီဆိုတော့ စဉ်းစားစရာပဲ။

    ဒါ့ထက် ဂေါက်ကွင်းထဲမှာ ဂေါက်အိပ်ထမ်းဖို့ဆိုလားပဲ။ (အဟိ) လန်းတယ်ဗျ။ (တောက်) ခေတ်မကောင်းသေးလို့ပေါ့။ ရိုက်ဦးမှာ။ ရိုက်ဦးမှာ။

    ReplyDelete
  5. ဂေါက်အားကစားလိုင်းမှာ မြင်နေကျမို့
    သွားရည်ယိုပြီးသား .. .. ငှဲငှဲ .. ငှဲ

    ReplyDelete
  6. ရှာရာဗိုဗာမက်မက် အကြောင်းလည်း
    ရေးပါအုန်းဘော်ဒါရဲ့ ..
    ရန်ကုန်လာတုန်းက မတွေ့လိုက်ရဘူး ..

    ReplyDelete
  7. ဒေါင်ကတော့ ဟက်နေတာပဲ
    ကိုရီးယား မင်းသား၊ မင်းသမီးတွေ ချောတာလဲ မပြောနဲ့ ရေမြေကောင်းလို့ ဖြစ်မယ်။

    ReplyDelete
  8. ကောင်မလေးတွေ အသက်(၃၀)နားနီးရင်
    (ဂေါက်သီး) ဖြစ်သွားတယ်ဆိုတာ
    ယုံတမ်းစကားတော့ ဟုတ်မယ်မထင်ဘူး။
    သူလေးကတော့ ဂေါက်လောက်သေးဘူး ထင်ပ

    ReplyDelete
  9. ငံပြာရည်ပဲ ချက်မနေနဲ့လေ၊ လက်တွေနံကုန်လို့၊စာရေးမရပဲနေဦးမယ်၊

    ReplyDelete
  10. ချောတယ်ဗျာ.. :)

    မိုးကြယ်

    ReplyDelete
  11. အော်..အစ်မတို့ တောကျပုံများ..း)..

    အစ်မမြန်မာပြည်ထဲက မြို့လေး တစ်မြို့မှာ အလုပ်လုပ်တုန်း က အဲဒီရုံးဘေးနားက ဂေါ့ဖ် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်မှာ
    ဒီထဲက ပုံလေး တစ်ပုံတွေ့ တယ်..
    ကောင်မလေး ချစ်စရာလေး.. မြန်မာမော်ဒယ် ဘယ်သူလေး ပါလိမ့် ပေါ့...း)
    ခုမှ..ပဲ..သေချာသိတော့တာ.....း)...

    တောသူတွေများ..တယ်တုံး သကိုး လို့...း)

    ReplyDelete
  12. မီရှဲဝေ(လ်) ကို ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး မီဒီယာတွေမှာ စတွေ့ ခဲ့ပါတယ်၊ ဘာပဲဖြစ်ဖြစ် သူဟာ အစွမ်းအစ နဲပေမယ့် ကြိုးစားနေဆဲ လူငယ် ၁ ယောက်လို့ 
    ကျွန်တော်မြင်ပါတယ် ။ ရုပ်ချောလို့ လည်း
    သူ့ ကို ကျွန် တော် ကြိုက်သလို . ဂေါက် လောကမှာ အစွမ်းမထက်ပေမဲ့ ဆက်လက်
    ကြိုးစားနေတဲ့ စိတ်ဓါတ်ကလည်း ကျွန်တော် သူ့ ကို ကြိုက်တဲ့ နောက်ထပ် အချက်တချက်ပေါ့။
    ဘာပဲဖြစ်ဖြစ် သူ အောင်မြင်မယ်လို့  ကျွန်တော်
    ယုံပါတယ်။

    ReplyDelete
  13. ခင်ဗျား ငံပြာရည်လေးတွေက အမိုက်လေးတွေချည့်ပဲ..

    ReplyDelete
  14. ကလေးမလေးက စွဲမက်စရာ..
    ပုရိသယောက်ျားတွေ ကြိုက်ကြိုက်ပေါ့ ..

    ReplyDelete
  15. ကလေးမလေးက စွဲမက်စရာ..
    ပုရိသယောက်ျားတွေ ကြိုက်ကြိုက်ပေါ့ ..

    ReplyDelete
  16. ကိုယ်လဲ ဂေါက်ချင်တယ် ..
    (ဒူးတွေက မခိုင်တော့ဘူးလေ)

    ဒါကြောင့် နွားနို့ များ၂သောက်ဖြစ်တယ်။
    (အလကားရလို့)

    ReplyDelete
  17. 2 ခေါက်ရောက်တယ်
    ၂ခါ ရေးတယ်
    တစ်ယောက်ထဲ ရှုပ်နေတာပဲ ..

    ReplyDelete
  18. အာရုံမပြောင်းပါနဲ့
    ရွေးကောက်ပွဲအခြေအနေ
    ပြောပြတော့ အဟဲ ...။။။

    ReplyDelete
  19. ငံပြာရည်ထဲမှာတော့ ဒီငံပြာရည်က တော်တော်လေးကောင်းတဲ့ ငံပြာရည်နဲ့တူတယ်၊ သွားရေတောင်ကျတယ်......။

    ReplyDelete
  20. ချောင်းဆိုးနေပြီ ဘရာကြီး ....။
    ငံပြာရည်တွေများနေလို့ ...။

    ဒါပေမယ့် ကျွန်တော့ကောင်မလေး ကိုတော့ ဒီလိုကြီးမပြော
    သင့်ဘူးဗျာ..။
    ဟိဟိ

    ReplyDelete
  21. ရောက်တယ်
    သူရဲ့အားထုတ်မှုတွေအတွက် လေးစားတယ်
    မအောင်မြင်သေးတာ သူ့ရဲ့ကံမလိုက်သေးတာ ဖြစ်နိုင်တယ်။ ဆိုရင်စတန်တို့ အိုကာချာတို့လိုတော့ တစ်နေ့ အောင်မြင်မှာ သေချာပါတယ်။

    ReplyDelete
  22. အားကျတယ်
    လှတာရော
    တော်တာရောပဲ ..

    ReplyDelete
  23. ရုပ်ကလည်းချော
    စာကလည်းတော်
    ပြီးပြည့်စုံတဲ့ ဘ၀လေးကို ...
    အားကျမိတာ အမှန်ပါ...
    ရှာရှာဖွေဖွေ ဖော်ပြပေးလို့ ကျေးဇူး

    ReplyDelete