Wednesday, November 19, 2008

လူတိုင်းအတွက် .. ကိုယ်ပါ


လူတိုင်းအတွက် .. ကိုယ်ပါ

ကိုယ့်မိသားစု အတွက်ဖြစ်စေ၊ ကိုယ်ချစ်တဲ့ ချစ်သူကိုဖြစ်စေ၊ ခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတွက်ဖြစ်စေ မထင်မှတ်တဲ့ လိုအပ်တာ လေးတွေကို အကောင်းဆုံး ဖြည့်ဆည်း ပေးတာက သိပ်ကို ရိုးစင်းတဲ့အကူအညီ တစ်ခုပဲလို့ နားလည်ခဲ့ပါတယ်။ နေ့တိုင်း ကျွန်တော် ရွေးချယ်ပြီး ဘယ်သူ တစ်ဦးတစ်ယောက်မှ မသိအောင် လုပ်ဆောင်ခဲ့တဲ့ သေးသေးဖွဲဖွဲ့ အမှတ်တမဲ့ လုပ်ဆောင်ချက် လေးတွေ ရှိတတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံ ပေးတာမျိုး၊ အချိန်နဲ့ အင်အား ပေးဝေပြီး နားထောင်ပေးခဲ့တာမျိုး တွေ ဖြစ်ပါတယ်။ ကိုယ်ကျိုးမပါပါဘဲ လုံးဝ အတ္တမဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ကတော့ ကြိုးစားနေဆဲပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော့်ဘဝနဲ့ တခြားသူတွေ အတွက် လုပ်ဆောင်ချက် တွေတစ်သားတည်း တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်ပေမယ့် ကြိုးပမ်းအားထုတ် ခဲ့မှုအတွက် ကိုယ့်ကိုယ်ကိုယ် သိတဲ့အလျှောက် ကျွန်တော်ရဲ့ ဘဝနေနည်းအပေါ် ကျွန်တော် အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ်။

ဆိုရိုးစကားတစ်ခုကို သာဓက ပြချင်ပါတယ်။ " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " ဆိုတာပါပဲ။ ကိုယ်ရေးလိုက်တဲ့ စာတွေအပေါ် စာဖတ်သူတွေက အသိအမှတ်ပြု ဖတ်ပေးတာကို ပြန်ပြီး ရရှိပါတယ်။ ကိုယ်ပေးလိုက်တာနဲ့ တိုက်ရိုက်အချိုးအစား ညီညီ ကိုယ်ပြန်ရတာပါ။ မေတ္တာပေးရင် မေတ္တာပြန်ရသလို စေတနာဟာလည်း တုံ့ပြန် စေတနာ ပြန်လာတတ် ပါတယ်။ ။ တစ်စုံတစ်ယောက် အတွက် ကောင်းတာလေး ကူညီပေးပေမယ့် တစ်ခြားသူတွေကရော ငါ့အတွက် ဘာလို့ပြန်မလုပ်ပေးတာလဲ ရယ်လို့ တွေးမိတာမျိုး မရှိခဲ့ပါဘူး။ သူတစ်ပါး အတွက် စေတနာနဲ့ ဆောင်ရွက်ပေးခြင်း၊ ကူညီပေးခြင်းတွေဟာ ဘဝတစ်ခုလုံး လုပ်ဆောင်နေရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒါက မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ ထားရမယ့် ကျွန်တော့် သဘေားထား အမြင်လေးပါ။


17 comments:

  1. ကိုဝင်းဇော်
    လူတိုင်းအတွက် .. ကိုယ်ပါ
    ဒီပိုစ့်လေးတော့ကြိုက်တယ်---

    ReplyDelete
  2. ကိုယ်ဟာ လူတိုင်းအတွက်ပါ။

    ReplyDelete
  3. " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် "

    ဘာပြောရမှန်းကို မသိဘူး
    အရမ်းသဘောကျတယ်။

    ReplyDelete
  4. ကောင်းပါတယ်ဗျာ ၊၊

    ReplyDelete
  5. ကိုဝင်းဇော် ဒီပိုစ့်လေးကိုတော့ တော်တော်လေးသဘောကျတယ်အကို ကြိုက်လည်းကြိုက်တယ်။
    " ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ် " ဘာပြောရမလည်းတောင်မသိတော့ပါဘူးအစ်ကိုဝင်းဇော်။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  6. အဲဒိလောက်မပးဆပ်နိုင်သေးပေမယ့် ဆောင်ပုဒ်လေးကိုတော့ သဘောကျပါတယ်

    ReplyDelete
  7. မေတ္တာပေးရင် မေတ္တာပြန်ရပါတယ်.. စေတနာပေးရင်လည်း တုံ့ပြန် စေတနာ ပြန်ရလာတတ် ပါတယ်။..

    ပေးဆပ်ခြင်းက သူရဲ့ ကိုယ်ပိုင်ဆုလာဘ်ဆိုတဲ့အတိုင်း ပေးဆပ်မှု့ အတိုင်း
    တဖက်က ကောင်းကျိုးလေး ပြန်ရလာပါစေလို့ ......

    မက်မက်

    ReplyDelete
  8. ကောင်းပါတယ် အားပေးလျက်ပါ အားလုံးအဆင်ပြေပါစေဗျာ

    ReplyDelete
  9. ညီလေးရေ...
    ဒီလို မိတ်ဆွေတစ်ယောက်ရလိုက်တာ....
    တန်တယ်...
    စိတ်ဓါတ်နဲ့ အယူအဆကို...
    လေးစားပါတယ်ဗျာ...။

    ReplyDelete
  10. ကိုဝင်းဇော်ရေ တူညီမေတ္တာ တုံ့ပြန်မှာပါ...။
    မေတ္တာပေး၍ မေတ္တာမရပါ ဆိုတဲ့ စကားကတော့ ကိုယ့်အတွက် ဖြစ်လိမ့်မယ် ထင်ပါတယ်...။

    ReplyDelete
  11. ကိုယ့် ကု သိုလ် ကံ ကိုယ့် ဆီ ပြန် ကိုယ့် ထံ ပြန် ရောက် သည် တဲ့ ဗျာ။ အ ကို ပြော တဲ့ မေတ္တာ လည်း ဒီ လို ဘဲ နေ မှာ ပါ ဗျာ။လေး စား လျှက်...

    ReplyDelete
  12. အခုလို စိတ်ထားရှိတဲ့ အစ်ကို အဆင်ပြေမှုများစွာနှင့် ကြုံတွေ့ နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ.။

    ReplyDelete
  13. စေတနာနဲ့  ရည်ရွယ်ချက် ကောင်းမွန်တဲ့ ဒီပိုစ့်လေးကို ကြိုက်တယ်...။ ကိုယ်တိုင်လဲ... ကိုယ်ကျိုးမပါဘဲ လုံးဝ အတ္တမဆန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ကတော့ ကြိုးစားနေဆဲပါ။

    ReplyDelete
  14. စိတ်ဓာတ်ကိုတော့ လေးစားတယ်၊ ဒီလို စိတ်ဓာတ်မျိုး ထားနိုင်ဖို့ အများကြီး ကြိုးစား သင်ယူရအုန်းမယ်ဆိုတာကို နားလည် သွားပါတယ်။ ပို့စ်ကောင်းလေးကို ကျေးဇူးပါ။

    ReplyDelete
  15. အကို့ ဆောင်ပုဒ်နဲ့ အကို့စိတ်ဓါတ်ကြောင့် ကျွန်တော့်အနေနဲ့ အကိုလို လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာကို ၀မ်းသာနေမိပါတယ် ။

    ReplyDelete
  16. အပေါ်က ကိုသန့်ယဉ်ကို ပြောသွားသလိုပါပဲ။ အဲဒီလိုပဲ ပြောချင်ပါတယ်။ လေးစားတယ်။

    ReplyDelete