Saturday, May 23, 2009

ခဏလေးပေမယ့် ကျေးဇူးကမ္ဘာ ပါ ..

  • ချွေးစိုလက်နဲ့ အိမ်ခန်းတံခါးကို ဖွင့်အ၀င်မှာ မှိန်ဖျော့ဖျော့ မီးရောင်ကြောင့် တစ်ခန်းလုံး ပိုလို့ ငြိမ်သက်ပြီး တိတ်ဆိတ်လွန်းတယ် လို့ ခံစားရမိတယ်။ 
  • အိမ်ရှင် မရှိတဲ့ အခိုက်အတန့်မှာ အိမ်လည်လာတဲ့ ဧည့်သည်တွေကို အိမ်ရှင်ကိုယ်စား တစ်စုံတစ်ယောက် သောသူကို ရည်ရွယ်ထားတဲ့ လေးဖြူရဲ့ သီချင်းသံလေးက ဆီးကြိုမြဲ ရှိနေမှာပါ။ 
  • မိတ်ဆွေ သူငယ်ချင်းတွေရဲ့ သံယောဇဉ်နွယ်တဲ့ နှုတ်ဆက်စကား တွေကြောင့် ရင်အမောကို ပြေပျောက်စေတဲ့ အတွက် အတိုင်းမသိ ကြည်နူးရပါတယ်။ အလုံးစုံသော သံယောဇဉ်တွေနဲ့ အချိန်တိုင်း အိမ်လည် ရောက်ရောက် လာတတ်တဲ့ အတွက်လည်း ရင်နဲ့အမျှ ၀မ်းသာမိပါတယ်၊ ကျေးဇူးလည်း တင်မိပါတယ်။ တစ်ဦးချင်းစီရဲ့ နွေးထွေးတဲ့ စေတနာကို အလေးအနက် ထားတယ်၊ တန်ဖိုးထား လေးစားတယ်လို့ ထပ်လောင်း ပြောချင်ပါတယ်။
  • သွားသုတ်သုတ် လာသုတ်သုတ် ဘ၀သမားမို့ အားလုံးသော သူငယ်ချင်းတွေကို အိမ်ပေါက်စေ့ နှုတ်ဆက်ဖို့ အချိန်မပေး နိုင်သေးတာကို နားလည်ပေးဖို့ မေတ္တာရပ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းနိုင်ကြပါစေ ..

54 comments:

  1. ဘာမှမပူနဲ့..
    အားလုံးဒီလိုတွေချည်းပဲ... အဆင်ပြေတဲ့အခါ ပြန်လာခဲ့ပေါ့... ဟုတ်တယ် ဟုတ်...
    အဆင်ပြေ ပျော်ရွှင်ပါစေ...

    ReplyDelete
  2. အဆင်ပြေလို့ပြန်လာပြီပဲ အကောင်းဆုံးတွေပဲ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်အကိုရေ ပျော်ရွှင် အဆင်ပြေပါစေဗျာ။

    ReplyDelete
  3. ပြန်လာပြီးလား ဘရားသား.......မုန့် ပါလား(အဟတ်)
    ပျောက်သွားတာ တော်တော်ကြာတယ်နော်။။ဘယ်
    ရောက်ခဲ့လဲ....အားလုံး သာသာယာယာ ပဲ ဟုတ်။။။။
    ပြန်ရောက်လာတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်
    ။။။ အားလုံးသတိရနေကြတာပါ။။။။။

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  4. Welcome Back Bro !!!
    အဆင်ပြေပြေနဲ့ ပြန်တွေ့ရတာ ဝမ်းသာမိပါရဲ့ .. အားရင်လည်း စာလေးတွေ ပြန်ရေးပါဦး .. အားပေးလျှက်
    နေဒေးသစ်

    ReplyDelete
  5. ကိုဝင်းဇော် ပြန်လာပြီလား အားလုံး အဆင်ပြေတယ်ဟုတ် ..

    ReplyDelete
  6. မတွေ့ဖြစ်တာကြာခဲ့ပြီ အဆင်ပြေမယ် ထင်ပါတယ်။ စာတွေ ဖတ်ရဖို့ မျှော်လင့်နေတယ်။
    အတွေအကြုံသစ်တွေ ဖလှယ်နိုင်ပါစေ

    အေးချမ်းပါစေ ..

    ReplyDelete
  7. welcome ကြိုဆိုပါတယ်၊ နောက်ကျပေမယ့် လတ်ဆတ်တဲ့ အချိန်တွေ အများကြီး ကျန်သေးတယ်။ အန္တရာယ်ကင်းကင်းနဲ့ ပြန်တွေ့ ရလို့ စိတ်ချမ်းသာတယ်။ ဘာဖြစ်ဖြစ် အဆင်ပြေစေဖို့ ပြောချင်ပါတယ်။

    ReplyDelete
  8. အကိုဝင်းဇော်
    ပြန်ရောက်လာတာတောင် စကားပြောဖော် မရဘူး။ သူစိမ်းဆန်နေပြီထင်ပါတယ်နော် .. နောက်တာပါ။
    အချိန်ရရင် အချိန်ပေးစေချင်ပါတယ် သတိရလျက်

    ReplyDelete
  9. ရောက်ရင် သတင်းပို့ ---
    ဘာလက်ဆောင်ပါလဲ အရင်ပြောပါ

    နှင်းဆီနီနီ

    ReplyDelete
  10. ကိုဝင်းဇော် ပြန်လာတာ ဝမ်းသာစွာကြိုဆို တယ်နော် ။
    ခရီးရက်ရှည် ထွက်နေပုံ ရတယ် ။ လောလောဆယ် ခရီးပန်းနေရင် ခဏလေးနားပြီးမှ အတွေ့ အကြံတွေ ဖေါက်သည် ချ အုံးနော် ။ စာလေးတွေ စောင့်မျှော်နေပါတယ် ။
    ခင်မင်စွာဖြင့်
    ကိကီ။

    ReplyDelete
  11. အဦးဆုံး မတွေ့ရလို့ စိတ်ကောက်တယ်မှတ်ပါ ..

    ReplyDelete
  12. ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာလို့ ၀မ်းသာတယ်။ အားလုံးက မျှော်နေသူဆိုတော့ မျက်နှာပွင့်တယ်နော် နမောင်လေးက ။။။

    လမင်းလေး

    ReplyDelete
  13. စာတွေဖတ်ဖို့စောင့်နေပါတယ် ...း)

    ReplyDelete
  14. မိတ်ဆွေ သူငယ်ချင်း တွေရဲ့
    နွေးထွေးတဲ့ ခင်မင်မှုသံယောဇဉ်အားလုံးကို
    အမှန်ပဲ အလေးထားပါတယ်။
    ခဏတာပြန်လာတာဖြစ်လို့ စာရေးဖို့ အချိန်မပေးနိုင် သေးပါဘူး ..

    အားလုံးကို ကျေးဇူးတင်ရှိကြောင်းပါ .. .. ..

    ReplyDelete
  15. အားတော့မှ ရေးပါ....ရပါတယ်။

    ခင်စရာကောင်းတဲ့ ကိုဝင်းဇော်ကို ဘလော့ဂါမိတ်ဆွေ အားလုံးက စောင့်နေကြမှာပါ..။

    ReplyDelete
  16. အစိမ်းရောင်သန်းနေတယ်လို့ခံစားမိပေမဲ့ ခင်မင်ဆဲပါ။

    ReplyDelete
  17. အိမ်ရှင်မရှိလည်း ရောက်တယ်နော်
    မှတ်တမ်းတင်ထားပါ

    ReplyDelete
  18. ပြန်လာပြီလားဗျ

    တွေတွေချင်း လာနှူတ်ဆက်ပါတယ်

    အသစ်တွေ စောင့်နေပါတယ်............

    ReplyDelete
  19. မထားခဲ့ ပါနဲ့တော့ ၊ အချိန်ရသလောက်လေးတော့ လုပ်ပါ၊ သတိရနေတာ

    ReplyDelete
  20. ဒီမှာ ---
    ခေါ်ဝူးဆို ခေါ်ဝူးပဲ
    မှတ်ထား

    ReplyDelete
  21. ကိုဝင်းဇော်ကြီးကို ပြန်တွေ့ရလို့ ၀မ်းသာတယ်။
    နေကောင်းကျန်းမာပါစ။
    ချစ်ချစ်ကောတွေ့ခဲ့ရဲ့လား။
    နောက်ကောက်ကျနေမယ်နော်။

    မေ

    ReplyDelete
  22. အကိုရေ ကြိုဆိုပါတယ်ဗျာ အဟီး ပြန်လာပြီဝေးးးးးးးးးးးးး


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  23. ကိုဝင်းဇော်ကြီး
    ခရီးကပြန်လာပြီဆိုတော့ အကျိုးပြုစာတွေ ပြန်ရေးဖို့ အားပေးနေပါမယ်
    ကျန်းမာရေးဂရုစိုက်ပါ

    ခင်မင်တဲ့
    နေခြည်

    ReplyDelete
  24. အဆင်ပြေတယ်ဟုတ် အားလုံးး)

    ReplyDelete
  25. မီး .. ရောက်တယ်၊ ပြန်လာလည်ဖို့ စိတ်ကူးရှိရင် လာခဲ့ပါနော် .. အဟီး (မျက်နှာငယ်တယ်)

    ReplyDelete
  26. တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်သွားပြီ ထင်ပါ့။ စာတွေဖတ်ရဖို့ မျှော်နေပါတယ်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။ (၀က်တုတ်ကွေး ကူးမှာစိုးလို့ အဟိ))

    ReplyDelete
  27. ကို Welcome ကြီးကို
    အားလုံးက Welcome နေလေရဲ့
    ရွှင်ပျော်ပျော် နဲ့ ပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  28. သာပါစ မာပါစ လာလာချောင်းပါ၏

    ReplyDelete
  29. ပြန်ရောက်ပြီဆိုလို့ အပြေးအလွှား လာနှုတ်ဆက်တယ်.
    သတိတရ ရှိနေပါတယ်ဗျာ..။ပါလာတဲ့ စာပေ အဟာရ ကောင်းတွေကိုလည်း ပြန်ဝေမျှပါအုံး
    ...ခင်မင်သောအားဖြင့်....

    ReplyDelete
  30. ပြန်လာပြီလား မောင်ဝင်းဇော်ရေ..
    စာရေးကောင်းတဲ့ မောင်လေးကို သတိရနေပါတယ်..
    စာကောင်းလေးတွေ ဖတ်ချင်နေပါတယ်။
    အဆင်ပြေတော့ ပို့စ်လေးတွေ ရေးပါဦးနော်.

    အဆင်ပြေပါစေ။

    ReplyDelete
  31.ေ၇ာက်တယ် ပေါက်တယ် ပြန်မလာသေးဘူးလား

    ReplyDelete
  32. အစ်ကို
    စိတ်စေရာမှာ ငြိမ့်ငြိမ့်လေးသာ လိုက်ပါမျောရင်း
    ဘ၀ရဲ့ ဖြစ်တည်မှု စေညွှန်ရာမှာ ပျော်ရွှင်လန်းပါစေ ..။

    ညီလည်း မအားဘူး အစ်ကိုရေ ..
    အစ်ကိုအားလို့ ပို့စ်တွေ တင်မဲ့ အချိန်ကို စောင့်နေလျက်ပါ ..။

    ReplyDelete
  33. ဦးချစ်ဖေကြီး ပြန်လာပြီလား။ အဆင်ပြေပါစေ။

    ReplyDelete
  34. တူပြန်လာပြီ ဘေးကင်းစွာနဲ့ ပြန်လာပြီ
    ဝမ်းသာလိုက်တာကိုဝင်းဇော်ရာ
    ချောချောမောမော ပြန်ရောက်လာလို့ 
    ဘာများသွားလုပ်တာကျနေတာပဲ ပြောလိုက်တာများ
    ကဲ အတိုးချပြီး အိမ်လည်ပေတော့အကိုရေ

    ReplyDelete
  35. ပျော်ရွှင်စွာဖြင့်
    စောင့်မျှော်နေပါတယ်အကို
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  36. ကိုဝင်းဇော်ရေ..

    အားလုံးအဆင်ပြေပါစေဗျာ...

    စောင့်မျှော်နေပါကြောင်း..

်ခင်မင်စွာဖြင့်..
    သီဟသစ်

    ReplyDelete
  37. နားလည်ပြီးသားပါ အကိုရေ...အဆင်ပြေပါစေနော်.. :-)

    ReplyDelete
  38. ကိုဝင်းဇော်ပြန်ရောက်ပြီကိုး
    သတိရလျက်ပါ
    ပျော်ရွှင်ပါစေ

    ReplyDelete
  39. လုပ်ဗျို့ အလုပ်က ပိုအရေးကြီးသဗျ။ အူမတောင့်မှ ဖြစ်မှာဆိုတော့ နားလည်ပါတယ်ဗျာ။

    ReplyDelete
  40. ပြန်လာချိန်ကို မျော်နေတယ်ဗျို့.....
    သတိရလျှက်..

    ReplyDelete
  41. နေ့တိုင်းအိမ်လာ ကြည့်ပေးပါတယ် အကိုတော်ရယ်။ ကြိုဆိုပါတယ်နော်။ မနက်စောစော မနှုတ်ဆက်တော့ဘူး Lunch time မှပဲ လာတော့တယ်နော်။ :D


    ခင်မင်လေးစားလျှက်
    မေတ္တာရောင်ပြန်

    ReplyDelete
  42. သတိရလျက်ပါဗျာ။
    အဆင်ပြေပါစေနော်။

    ReplyDelete
  43. စာဖတ်ပြီး ၀မ်းတောင်နည်းလာပြီ...
    လွမ်းတယ် ဘရာရာ...။
    ညီလည်း စာမေးပွဲဖြေနေပြီ

    ReplyDelete
  44. အားတဲ့အခါ ပြန်လာပါ

    ReplyDelete
  45. နေ့အိပ်မက်လည်း အကြာကြီးပျောက်ပြီးမှ ပြန်ပေါ်လာရတယ်.. ကိုဝင်းဇော်လည်း အဆင်ပြေတဲ့အချိန် ပြန်ရေးပါနော်.. စောင့်ဖတ်နေပါ့မယ်.. :)

    ReplyDelete
  46. ဘယ်သွားလို့လဲဟင်။ ဘာမှလဲ မသိလိုက်ပါလား။ အိမ်အသစ်ဖြစ်သွားတာလားဟင်။

    ReplyDelete
  47. မတွေ့တာကြာလို့ သတိရတယ်ဗျာ။ အားလုံးကိုယ်စီကိုယ်စီ ရုန်းကန်နေရတဲ့ဘ၀တွေကို နားလည်ပါတယ်ဗျာ။ အဆင်ပြေပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။

    ReplyDelete
  48. တိုင်ရမဲ့ အကိုတစ်ယောက်ရော့သွားပီး(

    ReplyDelete
  49. သတိရလို့လာပါတယ။်

    ReplyDelete
  50. ရှမ်းလေးရေ ... ဒီပို့စ်ကနေတွက်ရင် ပျောက်နေတာ ၄ လ ကျော်လို့ ၅ လထဲဝင်နေပြီ .... သတိရလို့ လာကြည့်ပါတယ် ... နေကောင်းမယ်လို့လဲမျှော်လင့်ပါတယ် ... အမြဲမရောက်ဖြစ်ပေမယ့် သတိရပါတယ် ... သူငယ်ချင်း အစစ အရာရာ အဆင်ပြေပါစေ ....

    ReplyDelete
  51. အခြေနေ .. လာကြည့်တယ်.....

    ReplyDelete
  52. ဝေး..
    ပျောက်နေတာ အကြာကြီးပဲ
    ခုမှ ပေါ်လာ ရသလား..
    သတိရနေကြတာလေ
    ပြီးတော့.. မမရဲ့ ဖတ်စရာတွေ မှာ
    ဒီဘလော့စာရင်းလေး တိုးတတ်ခဲ့ပြီ..း)

    အကြာကြီး မပျောက်သွားနဲ့နော်..

    ReplyDelete