Thursday, April 23, 2009

ခဏတာ နှုတ်ဆက်ချင်တယ် ..

ခဏတာ နှုတ်ဆက်ချင်တယ် ..

  • အွန်လိုင်းပေါ်က ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ စာဖတ်သူများ အားလုံး အားလုံး မင်္ဂလာပါ။
  • အချိန်ပေးပြီး တကူးတက အိမ်လည် ရောက်လာတဲ့ အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
  • ကျွန်တော် ဝါသနာထုံတဲ့ ဘလော့ဂ်ရေးခြင်းကို ခေတ္တရပ်နားပါမယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေ ရွှင်လန်း ချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားလျက်နဲ့ .. ..




(စာမျက်နှာ ၁၅ ၊ လေးဖြူ)
အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိပေမဲ့ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ
(ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်)၂

အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိလဲပဲ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့ငါ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်လွယ် ငါမေ့မရဘူးကွယ်
ဘယ်ဆီကို မင်းရောက်နေမယ်
(ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
သတိရပါတယ်/တစ်ခါတလေ ငါသတိရပါတယ်)၂

အတိတ်ရယ် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
--- မင်းရောက်နေလဲ (ဘယ်ဆီကိုမင်းရောက်နေမလဲ)
--- မင်းလုပ်နေမလဲ (ဘာတွေကို မင်းလုပ်နေမလဲ)
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
တစ်ခါတလေ ငါသတိရပါတယ် ..
သတိရနေမယ် ...




65 comments:

  1. ဘီလိုဖြစ်တာလဲဗျ၊ ကားပေါ် ပြန်တက်တော့မလို့ လား။ ဒါဆိုလည်း အဆင်ပြေ ပါစေ ကိုဝင်းဇော်ရေ. ပြန်အလာကို မျှော်နေပါမယ်။

    စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါစေ
    လုပ်ငန်းကိုင်ငန်း အဆင်ပြေပါစေ

    ReplyDelete
  2. ဘာတွေ ဖြစ်တုန်း ကိုဝင်းဇော်ရေ၊ အကို အောင်သာငယ် ကနားမယ်ဆိုလို့ သူဆီ ကွန့်မန့် ရေးပီး ပြန်လာတာ ခုဒီတယောက်ကလဲ နားမယ်ဆိုပါလား ၊ အလုပ်တွေ များလို့ နားမယ်ဆိုလဲ နားပါ၊ စာပြန်ရေးမဲ့ နေ့လေးကို စောင့်နေပါ့မယ်၊ tag ထားတာလေးကိုလဲ ကိုဝင်းဇော် ပြန်လာမှ ရေးတော့မယ်၊ မြန်မြန် ပြန်လာပါ၊မျှော်နေမယ်

    ReplyDelete
  3. စိတ်ထဲတစ်မျိုးကြီးပဲ၊ ဖြေသိမ့်နိုင်တာက စာတွေ အများကြီး ရေးထားပေးလို့ အချိန်မရွေး လာဖတ် နိုင်သေးတယ်။ ဘာဖြစ်ဖြစ် အမြန်ပြန်လာဖို့ တိုက်တွန်းချင်ပါသေးတယ်။

    ပြန်လာမယ့်ရက်ကို မျှော်နေပါမယ်
    မေသူ

    ReplyDelete
  4. ကိုဝင်းဇော်ကြီး
    မျက်ချိနောက် သက်သာသွားတာပေါ့
    (ဟုတ်ဝူး စဒါ)
    မြန်မြန်သွား
    မြန်မြန်ပြန်လာ
    ကျန်းမာရေးဂရုစိုက်
    အားလုံး စိုပြေပါစေနော်

    ReplyDelete
  5. ဟင်... ဘာလို့နားမှာလဲ။ အကြာကြီး ခရီးသွားရမှာလား။ ဘယ်လောက်ကြာမှာလဲ? မိန်းမ သွားတောင်းတော့မလို့လား... အဟဲဟဲ :P ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်နော်။ ဘေးရန်ကင်းကွာပြီး ဆောင်ရွက်သမျှ အရာရာတိုင်း စိတ်ကျေနပ်လို့ အောင်မြင်နိုင်ပါစေ...

    ReplyDelete
  6. ဘယ်လိုဖစ်တယ်။ ပြန်လာမယ်ဆိုရင် မျှော်နေ ပါမယ်။ အဆင်ပြေ ချောမွေ့ပါစေ။

    ReplyDelete
  7. အစ်ကို ၀င်းဇော်ရေ.... ဘယ်လိုဖြစ်။ မနက်ရုံးမသွားခင် လာနှုတ်ဆက် တုန်းကတောင် မတွေ့ဘူး။ အခုနားမယ်ဆိုလို့ ဘယ်သွားမလို့လဲ။ Tag လို့အားရသွားပြီပေါ့လေ။ ဟုတ် တယ် ဟုတ်! စတာနော်။
    အစစ အရာရာ အဆင်ပြေ ချောမွေ့ပါစေ။

    ခင်တဲ့
    မေတ္တာရောင်ပြန်

    ReplyDelete
  8. အမ် နားပြန်ပြီ တယောက် ကိုသားငယ်က နားဦးမယ်တဲ့ ခု ကိုကြီးကလဲ နားဦးမယ် တယောက်ပြီး တယောက် ဘာတွေဖြစ်နေတာလဲ ဒါပေမဲ့ တော်ပါသေး၏ ခဏလို့ ပြောထားလို့ အကိုရေ အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။ ပြန်လာမဲ့ရက်ကို စောင့်နေပါတယ်နော့်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. စိတ်မကောင်းပါ
    အမြန်ပြန်လာပြီး စာတွေ အများကြီးရေးဖို့ စောင့်နေပါမယ်။

    လမ်းခရီးမှာ အဆင်ပြေ ချောမွေ့ပါစေ
    စိတ်မပူဖို့ အားလုံးသတိရနေပါမယ်

    ReplyDelete
  10. အခုလို ပိုစ့်တွေ အများကြီး ရေးတတ်တဲ့ အကိုတစ်ယောက် ခဏပျောက်မှာတော့
    ပျင်းနေမှာပဲဗျို့ 
    သွားမဲ့ ခရီးအဆင်ပြေချောမွေ့ ပြီး မြန်မြန်ပြန်လာနိုင်ပါစေ

    ReplyDelete
  11. ဘလော့ဂ်ရေးတယ်ဆိုတာ အားမှ အချိန်ပေးနိုင်မှ ရေးနိုင်တာကို နားလည်တယ်။ ဘာအကြောင်း ရှိရှိ ပြန်လာမယ်ဆိုရင် ကျေနပ်ပါတယ်။ မျှဝေတာတွေ ဗဟုသုတတွေ ပျော်စရာတွေ မှတ်သားစရာတွေ အများကြီး ထားခဲ့တဲ့အတွက် မေ့မရနိုင်တဲ့ အစ်ကို တစ်ယောက်လို ရင်းနှီးပြီးသား ဖြစ်ပါတယ်။

    ကိုဝင်းဇော်လည်း အစစ အရာရာ အဆင်ပြေ ရွှင်လန်း ချမ်းမြေ့ စေဖို့ ဆုတောင်းပေးပါတယ်။
    (လူကို စိတ်မကောင်းအောင်)

    ReplyDelete
  12. လမ်းခရီးဖြောင့်ဖြူးပါစေ

    ReplyDelete
  13. ပြန်လာမဲ့ရက်အထိ ပုလင်းခွံတွေနဲ့ ရေပြီး စုထားမယ် အဟတ် အဟတ်

    ReplyDelete
  14. ကိုဝင်းဇော် ဘယ်သွားမလို့လည်း နိုင်ငံခြားသွားမလို့လား ဒါမှမဟုတ် မင်္ဂလာဆောင်တော့မလို့လား ဟား၂ ဘာပဲဖြစ်၂ အမြန်ဆုံးပြန်လာခဲ့ပါ ပြီးတော့ စာတွေဒီထက်ပိုရေးနိုင်ပါစေရှင်.

    ReplyDelete
  15. ကိုဝဲလ်ကမ်းကြီး
    ချိတ်မကောင်းဘူး။ မျက်ချိနောက် သက်သာလို့
    (အဟေ ဟေး)

    ခရီးပဲသွားသွား
    မိန်းမပဲသွားရှာရှာ
    အမြန်တော့ ပြန်လာခဲ့ပါ။။။

    ReplyDelete
  16. ဖြစ်ပြန်ပြီ နောက်တစ်ယောက်
    (ခဏတာ)ဆိုတော့ တော်သေးတာပေါ့
    အကြာကြီးမဟုတ်လို့ တော်သေးတာပေါ့

    အားလုံးပဲအဆင်ပြေပါစေနော်

    ReplyDelete
  17. အမြန်ပြန်လာပါဗျို့ ..
    ခရီးထွက်မယ်ဆိုလည်း လမ်းခရီး သာယာဖြောင့်ဖြူးပါစေ
    ပျော်ရွှင်ချမ်းမြေ့ပါစေနော်

    ခင်မင်စွာဖြင့်

    ReplyDelete
  18. ၀ါမ၀င်ခင် မင်္ဂလာဆောင်ဖို့ထင်တယ် အဆင်ပြေပါစေ
    ဘလော့ကိုတော့ပြန်လာမှသိသား နားလို့ဝရင်ပြန်လာပါး) မျှော်နေမယ် ။

    ReplyDelete
  19. အရာရာအဆင်ပြေပါစေ
    ကျန်းမာပျော်ရွှင်ပါစေနော် ကိုဝင်းဇော်
    ပို့စ်တွေစောင့်မျှော်နေရင်း ကိုဝင်းဇော် ပြန်အလာကိုလည်း စောင့်မျှော်နေမယ်

    ခင်မင်စွာဖြင့် :)

    ReplyDelete
  20. အဆင်ပြေပါစေဗျာ

    ReplyDelete
  21. မင်္ဂလာဆောင်ဖို့ ဆိုရင်လဲဖိတ်စာလေးတော့ကမ်းလိုက်ပါဦးဗျို့
    မြန်မြန်သွား မြန်မြန်ပြန်လာနော်
    ဒီကြာထဲ မျက်စိညောင်းသက်သာပြီး ဟိဟိ

    ReplyDelete
  22. အကြောင်း
    အကျိုး
    အကောင်း
    အဆိုး
    အမှား
    အမှန်
    အဟဲ ဘာမှန်းတော့ မသိပါဘူး
    သွားပြီးရင်တော့ ပြန်လာခဲ့ပါ ...

    ReplyDelete
  23. လမ်းခရီး သာယာ ပါစေ ..
    ခလုပ်မထ ဆူးမညိ ပါစေနဲ့ ။

    ပြန်လာရင်တော့ မုန့်များများ ၀ယ်ခဲ့ပါ။

    ReplyDelete
  24. ဘာအတွက်ကြောင့်မှန်း မသိပေမယ့်
    စိတ်ထဲတော့ မကောင်းနေဘူး
    ဘယ်သူ့ကိုမဆို နှုတ်ဆက်တယ်ဆိုရင်
    အလိုလို ၀မ်းနည်းမိတယ်။

    အစစအဆင်ပြေပါစေ

    ReplyDelete
  25. တစ်ယောက်ထဲ မထားခဲ့နဲ့ မီးမီ ကြောက်ကြောက်

    ရှောင်ပုန်းချင်တာလားမှ မသိတာ မပြောမဆိုနဲ့ စိတ်တိုတယ် တကယ်။။။

    ReplyDelete
  26. ဦးဝင်းဇော်ကြီး..မကြာရဘူးနော်..:D

    ReplyDelete
  27. အကိုကြီးရေ ရောက်ရာ အရပ်မှာပျော်ရွှင် ချမ်းမြေ့ပါ ဗျာ...။ ဟဲဟဲ ပျော်စရာ ရှိရင် ညီ့ကို သတိရ..။ စိတ်ညစ်
    စရာရှိရင်တော့ အရက်ဆိုင်သွား...။

    စတာပါ..။
    သုံးလတဲ့... သုံးလဆိုတာရက်ကိုးဆယ်နော်..။
    အဲ့ရက်တွေအတွင်း ကျွန်တော့အကို တစ်ယောက် လုပ် ကိုင်သမျှ အလုပ်အကိုင်အား လုံး အဆင်ပြေ ချောမွေ့ ပါစေဗျာ...။ ကျန်းမာရေးလည်း ဂရု စိုက်ပါ..။
    အတွေ့ အကြုံလေးတွေ လည်းမှတ်ထားပါ...။ ပြီးရင် အခွင့်သင့်သလို ပြန်ပြောပြ..။သင်ခန်းစာပေးပေါ့..။
    ကြားရက်တွေ အနားယူ ဦးနော်... အလုပ်ပဲဖိ လုပ် မနေနဲ့ ..။ အင်တာနက်မရှိတဲ့နေရာ ရောက် နေလည်း ကမ္ဘာကြီးနဲ့ အဆက်မပျက်စေနဲ့ဦး..။

    အဓိကကတော့ ကျန်းမာရေး ပဲ..ကျန်းမာရေး ကောင်းမှ ဘာမဆိုလုပ်နိုင်မှာ..။

    အဆင်ပြေချောမွေ့ ပါစေ..။

    သင့်ရဲ့ ညီ ...

    မောင်ငရ်

    ReplyDelete
  28. :( ဦးချစ်ဖေ ဘယ်လိုဖြစ်တာလဲ။ မအားတော့ဘူးလား။ အဲဒီလုပ်ပါနဲ့ဗျာ။ ဆက်ရေးပါဦး။

    ReplyDelete
  29. အဆင်ပြေပါစေ။

    ReplyDelete
  30. မင်္ဂလာပါ :-)
    အဆင်ပြေပါစေဗျာ ..

    ReplyDelete
  31. ဆုံလိုက်တိုင်း

    ပြန်ဆုံမယ့်ညနေ

    တစ်ယောက်ထဲထားခဲ့

    ဝေးဝေးကလွမ်း

    ခွင့်ပြုတယ် ခွင့်လွှတ်တယ်

    (သီချင်းခေါင်းစဉ်လေးတွေ ရှာရေးထားတာ)
    အဆင်ပြေပျော်ရွှင်ပါစေ
    (ပျင်းပျင်းနဲ့ထပ်ရောက်လာတာ)

    ReplyDelete
  32. အသွားရှိရင် အပြန်ဆိုတာရှိမယ်၊ သွားပြီးပြန်လာပေါ့၊ မျှော်နေမယ့်သူတွေက အများသား၊ အားကျတယ်၊ နောက်ပြီး အမြင်ကတ်တယ်။ တစ်ယောက်မှ မိတ်မဆက်ပေးလို့။ ဖွမှာကြောက်လို့ မဟုတ်လား။ ဘာဖြစ်ဖြစ် ပြန်လာစေချင်တယ်။

    ReplyDelete
  33. အစစ အဆင်ပြေစေချင်တယ်း-) (-း

    ReplyDelete
  34. ဆရာ ၀င်းဇော် ခင်ဗျာ..... တစ်ခုခုကို ကျုပ်ကြိုသိနေသလိုပဲ.... ပြီးတော့လည်း ပြီးသွားတာပါပဲလေ.... ကိစ္စတွေ ပြီးရင်သာ မြန်မြန် ပြန်လာခဲ့ပါ ဟုတ်ပြီလား...... ဘီအီး+ဘီယာ,ရမ်=ဆော်ဒါ,
    နှစ်ပက်တစ်ခွက် ဆိတ်ပေါက်ချက်နဲ့ စောင့်နေပါ့မယ်

    အဆင်ပြေပါစေ ငါ့ကောင်ကြီး.....

    ReplyDelete
  35. အဆင်ပြေပြေနဲ့ အရောက်ပြန်လာဖို့ စောင့်မျှော် နေပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။.

    ReplyDelete
  36. သွားသတိ ၊ စားသတိ ၊ နေသတိ ရှိပစေ။
    ဘာအကြောင်းလေးကြောင့် ဆိုတာတောင် မသိရတဲ့ အတွက် တအုံနွေးနွေးပါပဲ
    လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  37. အကြောင်းပြချက်မခိုင်လုံပါသဖြင့်
    ထပ်မံ လာရောက် ဖြေရှင်းပါ။
    မျှော်နေသည်။
    တပတ်အတွင်း မလာနိုင်ပါက ရဲစခန်းတွင် လူပျောက် အမှုဖွင့်ရွေ့ လက်ခံထားသူအား တရားဥပဒေအရ တရားစွဲမည်ဖြစ်သည်။
    အမြန်ပြန်လာပါသားလေး အမေမျှော်နေတယ်။

    ReplyDelete
  38. အပေါ်က လူပျောက်ရှာဖို့ မိုးညိုရဲစခန်းက လာရှာ နေပြီ ကိုဝင်းဇော်ရေ .. အမေ ဖြစ်မယ် ထင်ပါတယ်။ ကဲ သားရေ အမြန်ပြန်လာပါ၊ မပြန်လာ နိုင်သေးရင်လဲ အကျိုးအကြောင်း သွားပြောချေဦး။ အဟေ ဟေး

    ReplyDelete
  39. ခရီးထွက်ဖြစ်ရင်လည်း လမ်းခရီးသာယာ ဖြောင့်ဖြူး စေချင်ပါတယ်။ ကွာဝိုင်းဝိုင်း မားဝိုင်းဝိုင်း ပေါ့ .. ကျန်းမာရေးဂရုစိုက်ပါ။

    ReplyDelete
  40. ကောင်းသောသွားခြင်းဖြစ်ပါစေ ---

    ReplyDelete
  41. ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေ မောင်ဝင်းဇော်ရေ..
    စာရေးကောင်းတဲ့ မောင်ဝင်းဇော်ကို ချစ်ခင်တဲ့သူတွေ
    အများကြီးပါပဲ...

    အဆင်ပြေပါစေ.

    ReplyDelete
  42. လှပတဲ့ နေ့လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေး ပါတယ်။ လမ်းခရီးသာပါစေနော်။

    ReplyDelete
  43. လှပတဲ့ နေ့လေးတွေ ပိုင်ဆိုင်နိုင်စေဖို့ ဆုတောင်းပေး ပါတယ်။ လမ်းခရီးသာပါစေနော်။

    ReplyDelete
  44. စာတွေပြန်ဖတ်ရဖို့မျှော်လင့်ပါတယ်

    ReplyDelete
  45. လွမ်းနေမှာနော်.. ၀ဲ..အဲ..အဲ့... တွားမယ်ချိုဒေါ့ နိုချင်ရာဘီ... ညန်ညန်ပန်ရာခဲ့နော် ဦးဦးဝင်းချော်..

    ReplyDelete
  46. ကိုဝင်းဇော်ရေ ကျနော်လည်း ပေါ်လိုက်ပျောက်လိုက်နဲ့ဘဲမို့ နားလည်ပေးပါတယ်၊ ပြန်လာမယ့်နေ့ကိုမျှော်နေမယ်၊ နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေဗျာ၊

    ReplyDelete
  47. အကိုရေ.... ပြန်လာမယ့်ရက်ကို..မျှော်နေပါတယ်..

    ReplyDelete
  48. နှုတ်ဆက်တယ်ဆိုလို့ ရောက်လာပါတယ်။
    မဖတ်ရသေးတဲ့ အကြွေးတွေကို များနေတယ်။
    အေးဆေးဖတ်ရအုံးမယ်။
    နောက်ထပ် ပိုစ့်အသစ်တွေကို မျှော်နေမယ်နော်။
    အားလုံးအဆင်ပြေရင် အမြန်ပြန်လာပါ ကိုဝင်းဇော်။

    သုခမိန်(E-Journal)

    ReplyDelete
  49. သွားချင်ရာသွား။
    ၃လ မကလို့ ဘယ်လောက်ကြာကြာ။
    ပြန်လာရင်တော့ လက်ဆောင်ဝယ်ခဲ့နော် :)

    ReplyDelete
  50. ဘဇာအကြောင်းကြောင့် ရယ်မသိ
    လာကြောင်းကို ပြောချင်သလို
    သာကြောင်းမာကြောင်း....မေးမလို့ပါအကို...
    ခုတော့ဒီလိုမဟုတ်ပါပဲ
    ရွာထဲမှာ အကိုပျောက်
    အကို တယောက်မရှိသေးတာ
    ခဏပါ...ဆိုပေတယ်လို့
    အကိုရေ...
    တကယ်လို့များ ပြန်လာမယ်ဆိုရင်
    အကြောင်းသာ သံတော်ဆင့်ပါလို့
    အမြန်..သတင်းလွှင့်....။

    ReplyDelete
  51. ပြန်လာမှာ မလား ကိုဝင်းဇော် .. စောင့်နေမှာနော် .. မလာပဲတော့ နေနဲ့ ... မဖတ်ရသေးတာတွေ ဒီနေ့ အကုန် ဖတ်ပြီးသွားပြီ .. အဆင်ပြေပါစေ

    ReplyDelete
  52. ဟင်... ဂယ်လား...မျက်စေ့ရှုပ်တာ တယောက်တော့ သက်သာသွားပြီပေါ့နော်..
    ပြန်မလာလေကောင်းလေပဲ.......... အဲဒီလို
    ပြောမယ်များ..ထင်နေလား ... မထင်နဲ့နော်
    တကယ်ပြောလိုက်ချင်တာကဗဒင် သီချင်းထဲကလိုမြန်မြန်ပြန်
    လာပါတော့..ကိုဝဲကုတ်ရေ... ကိုဝဲကုတ်ရေ....
    ဘာပဲစားစား... စားလို့မရဘူး(ဗိုက်ပြည့်နေလို့)
    အဟစ်ဟစ်ဟစ်ဟစ်

    ReplyDelete
  53. ပာာဗျာ။ ရုတ်တရက်ကြီးဆိုတော့ ရင်ထဲမှာ တမျိုးကြီးပဲ။
    မြန်မြန်ပြန်လာနော်။ ကျွန်တော်နဲ့ ငယ်လေး မျှော်နေမယ်။
    လာမှ ဘီယာအဝတိုက်မယ်။ပာုတ်ပြီလား။

    ReplyDelete
  54. goodbye လို့ ပြောမဖြစ်အောင် စောလွန်လွန်း ပါသေးတယ်။ ပြန်ရောက်ရင်ဖြင့် သံချောင်းခေါက်ဖို့ မမေ့ပါနဲ့ .. သီချင်းလေး ကြိုက်တယ်။ တစ်ယောက်ယောက် ကိုရည်ညွှန်းနေ သလားပဲ။ အားလုံး အဆင်ပြေပါစေ။

    ReplyDelete
  55. ခုမှ ဘလော့တကာလည်ဖတ်နေတာ ... ကိုယ်သိတဲ့သူတွေ တော်တော်များများ နှုတ်ဆက်နေကြသလားလို့ထင်ရတယ် ... ဘာတွေဖြစ်နေကြပါလိမ့် .... ရှမ်းလေးရေ အစစ အရာရာ အဆင်ပြေပါစေ ...

    ReplyDelete
  56. ခုမှ ပထမဦးဆုံး အကြိမ် ရောက်ဖူးတယ်။ ရောက်ရောက်ခြင်းပဲ နှုတ်ဆက်ထားတယ် ဆိုတော့ အင်း .......... ကောင်းရော။

    မင်္ဂလာပါ လာလည်သွားပါတယ်။

    ReplyDelete
  57. ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  58. ကိုဝင်းဇော်ရေ.. အများကြီးမပြောတော့ပါဘူးဗျာ။ ခဏဆိုတဲ့အတိုင်း ခဏပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။ အမြန်ဆုံး ပြန်လာဖို့ မျှော်လင့်ပါတယ်။ သတိရနေမှာကတော့ အသေအချာပါပဲဗျာ။
    အဆင်ပြေပျော်ရွှင်နိုင်ပါစေ..။

    ReplyDelete
  59. ကိုယ်က (လ)
    သူက (နေ) ရယ်ပဲလား
    ကိုယ်က ၀င်တယ် သူက ထွက်သွားတယ်
    ကိုယ်က ရောက်တယ် သူက မရှိပြန်ဘူး

    ရောက်ပြီးဝေ့ ........................

    ReplyDelete
  60. ကိုဝင်းဇော်ကြီး
    ဘလောဂ့်ထဲမှာ တွေ့တွေ့နေတယ်၊ သွားရသေးဘူးလား၊ မသွားဖြစ်တော့တာလား။
    မျက်စိနောက်တာ မဟုတ်ဘူး။ မျက်စိရှုပ်တာ
    ဟား ၃ ......။

    ReplyDelete
  61. ပြန်မလာသေးဘူးလားဗျို့ မလာမချင်း လာအော်နေမှာ :D

    ReplyDelete
  62. အဆင်ပြေတဲ့တစ်နေ့ပေါ့ ကိုဝင်းဇော်... အမြန် အဆင်ပြေပါစေဗျာ.. ဒီလိုပဲ ဖြစ်တတ်ကြပါတယ်.. စောင့်နေကြပါတယ်

    ReplyDelete
  63. မတွေ့တာ အတော်ကြာပေါ့ ပြန်လာသေးဘူးလား အဆင်ပြေပါစေ ပျော်ရွှင်ပါစေ

    ReplyDelete