Monday, March 30, 2009

နေ့သစ်ရဲ့ မနက်များစွာ ..

waiting for .......... .com လို့တစ်မျိုး၊ connection to .......... .com လို့တစ်နည်း transferring data from .......... .com လို့ အမျိုးမျိုး လူကိုဝမ်းချနေပြီး နောက်ဆုံးမှာတော့ The requested URL could not be retrieved ဆိုတာနဲ့ တစ်နေသာ ကုန်သွားတယ် ကိုယ့်ရဲ့ ဘလော့စာမျက်နှာပေါ် မရောက်ခဲ့ရပါဘူး။ Connection မကောင်းတော့ ဆိုင်ရှင် တရုတ်ကြီးကို လှမ်းလှမ်းရှိုးရတယ်။ သူကလည်း သဘောပေါက်စွာနဲ့ ငွေသွားရှင်းရင် အများကြီး သက်ညာခွင့် ပေးခဲ့လို့သာ နက်ပေါ်တက်ဖို့ သက်ဆိုးပိုရှည် စေခဲ့ပါတယ်။ ဒါလိုနဲ့ စိတ်အစဉ်ကို ဆွဲဆောင်စေတဲ့ ဘလောဂ့်ကို ရောက်နိုင်နိုးနိုး စောင့်ပေမယ့် ထူးခြားမလာ ခဲ့တာကြောင့် အိပ်ယာထဲ စောစောဝင်ဖြစ်တယ်။ ခရီးထွက်နေတာဖြစ်လို့ အိမ်မှာလို ကိုယ့်အိပ်ခန်းထဲမှာ ခုတင်ပေါ် သက်တောင့်သက်သာ အိပ်ရတာ မဟုတ်ပါဘူး။ ယာဉ်မောင်းရဲ့ နောက်ခန်း ဆိုဖာခုံလေးက ကျွန်တော့်ရဲ့ လတ်တလော နိဗာန်ဘုံ ဖြစ်ပါတယ်။ ခုံတန်းဆိုပေမယ့် လူတစ်ယောက် ကျယ်ကျယ်လွင့်လွင့် အိပ်လို့ရနိုင်တယ်။ ကောင်းကောင်း ခြေဆန့်ထုတ်လို့ ဖြစ်ပါတယ်။ အညောင်းမမိပါဘူး။ ဇိမ်ကျမယ့် inn တွေ guest house တွေမှာ တကူးတက သွားမအိပ်ဖြစ်ပါဘူး။ ကိုယ်က သိက္ခာဘယ်လောက်ပဲ ရှိတယ်ပြောပြောပါ။ ကားသမားဆိုတာနဲ့ လူတိုင်းက နှာခေါင်းရှုံ့ကြတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေက အစ လူကိုကြည့်တဲ့ မျက်လုံး၊ ပြောထွက်လာတဲ့ စကားတွေက လူတစ်ယောက်အတွက် မခံချိ မခံသာ ဖြစ်စေလောက် ပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ ခင်မိရင် တစ်ဖက်သားအမြင်မှာ အဲဒီ မိန်းကလေးကို ကိုယ်ကပဲ သွေးဖောက်သောက် လေမလားဆိုပြီး မိန်းကလေးအတွက် စိုးရိမ်ပေးနေတတ်တဲ့ စေတနာ စကားတွေ အတွက် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ဘာဖြစ်ဖြစ် ကားစောင့်ပြီးသားလည်း ဖြစ်အောင် ကားပေါ်ပဲ အမြဲ လွတ်လွတ်လပ်လပ် အိပ်ဖြစ်တယ်။

မခမ်းနားတဲ့ ငြီးငွေ့ဖွယ် အိပ်ယာအကြောင်းကို ယောင်နေတာနဲ့ ဆိုလိုရင်း အကြောင်းအရာကို မရောက်နိုင်ဘူး ဖြစ်တယ်။ ရေးချင်တာက တစ်ညတာ အိပ်စက်ပြီး နောက်တစ်ရက် နေ့သစ်မနက်မှာ ဘယ်လိုအိပ်ယာထတယ် ဆိုတာကို ပြောပြချင်တာပါ။ ဘ၀သမား တစ်ယောက်အတွက်တော့ နေဖင်ထိုးအောင် မအိပ်ဖြစ်တာတော့ အမှန်ပါ။ ညဖက် ဘယ်လောက်ပဲ အလုပ်များပြီး ညည့်နက်အောင် အိပ်ဖြစ်ပါစေ။ မနက် အာရုံမတက်ခင် လေးနာရီခွဲ နဲ့ ငါးနာရီ လောက်ပုံမှန် အိပ်ယာထဖြစ် ပါတယ်။ ဆင်းရဲတဲ့ ကံဇာတာ ပါလာတာလည်း ဖြစ်နိုင်ပါတယ်။ နာရီနိုးစက် အကူအညီလည်း မလိုခဲ့ပါဘူး။ တစ်ယောက်ယောက်ကို ဘယ်အချိန်မှာ လာနိုးပါ ဆိုတဲ့ စကားကြုံလည်း မကမ်းလှမ်းခဲ့ ဖူးပါဘူး။ နိုးကြားနေတတ်တဲ့ အာရုံအသိက အိပ်ယာကနိုးလို့ လက်ပတ်နာရီကို ကြည့်လိုက်ရင် ထနေကျ အိပ်ယာထချိန် ဖြစ်နေတတ်ပါတယ်။ ဒါက ကျွန်တော်ရဲ့ နေ့စဉ် ရိုးရှင်းတဲ့ မနက်အိပ်ယာထချိန်ပဲ ဖြစ်ပါတယ်။

'' မနက်မှာဘယ်လိုအိပ်ယာကထလဲ '' လို့ Tag ခံထားတာ ပြီးခဲ့တဲ့အပတ် ကတည်းကပါ။ အဆင်မပြေတဲ့ အမျိုးမျိုးသော အကြောင်းကြောင့် ချက်ချင်း မရေးနိုင်ခဲ့ပါဘူး။ ရေးပြီးပြန်တော့လည်း ကောင်းမွန်ခြင်း မရှိတဲ့ ကွန်နက်ရှင်ကြောင့် ပို့စ်အဖြစ် မတင်ဖြစ် နိုင်ခဲ့ပြန်ပါဘူး။ Tag ထားတဲ့ လမင်းငယ် တို့ ကိုလည်း အားနာပါတယ်။ လမင်းငယ် တို့ရဲ့ မနက်ခင်းတိုင်းမှာ နွေးထွေးပြီး ကြင်နာမှုအပြည့်ပါတဲ့ အိပ်ယာထ ဆည်းလည်းသံလေးကို အားကျမိတာတော့ အမှန်ပါ။ ကျွန်တော်လဲပဲ ဘယ်တော့မှများ လမင်းငယ်တို့လို စိတ်လက်ပေါ့ပါးပြီး မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို ပိုင်ဆိုင်နိုင်မလဲ လေလို့ အတွေးတွေ ပွားရပါတယ်။ အားလုံးကိုပဲ ပျော်ရွှင်စေချင်ပါတယ်။


33 comments:

  1. အကိုရေ... အတွေးပွားရုံနဲ့ ပြီးသွားတာ ဟုတ်ဖူးလေ။ ကိုယ်က ရွေးချယ်ခွင့်များနေလို့လား? သူများရဲ့ ရွေးချယ်ခွင့်ကို စောင့်နေတာလား? ကိုဝင်းဇော်တို့ကတော့ ဇွဲကောင်းတယ်တော့... မေဒီတောင် အမြဲတမ်း ဒီလောက် စောစောမထဖူးဘူး။ အဟိ... အိပ်ပုတ်ကြီးတာ ပေါ်ကုန်ပြီ...

    ReplyDelete
  2. အကိုမျှော်လင့်သလို အမြန်ပြည့်ပါစေ .. ပျော်ရွှင်ပါစေ ..း) ဒါနဲ့ အကိုက နှိုးစက်မှမလိုပဲကို .. မရှာရင်လည်းမရှာပါနဲ့တော့ :D .. နောက်တာ ပျော်ရွှင်ပါစေ .. ညီမတော့ မထနိုင်ဘူး .. မဖြစ်မနေ နောက်ဆုံးချိန်ထိ နှိုးစက်ပိတ်အိပ်တာ .. :D

    ReplyDelete
  3. နိုးကြားတာ ကောင်းတယ်ဝေ့
    ငါတို့တော့ အမေလာနိုးမှ ထမှာ .. အဟေး

    ReplyDelete
  4. အစ်ကိုရေ စာတွေ ဖတ်သွားပါတယ် ။။။

    ReplyDelete
  5. အမ လဲနှိုးစက် အကူအညီနဲ့ ထနေရတုန်းဝေ့

    ReplyDelete
  6. နက်လိုင်းမကောင်းတာတော့ ငါတို့နယ်မှာဆို သာဆိုးပေါ့ သယ်ရင်းရာ။ ပုံမှန်ကြေးကတော့ သွင်းနေရပေမယ့် ကောင်းလာတာ၊ တိုးတက်လာတာ ဘာမှ မရှိတာ စိတ်ညစ်တယ်။ IT ခေတ်ကို ဘယ်လိုနည်းနဲ့ ချီတက်မယ်မသိဘူး။ ပြောတော့ မိုးတလုံးလေတလုံး ဖြစ်နေတာက သာဆိုးအဖေကျနေတာပဲ။

    ReplyDelete
  7. ကျနော်က နှိုးစက်ကအော်မှထတယ်း) ၅ မိနစ်လောက်လည်းပြန်မှေးလိုက်သေး ။ အဲ့တာ ကွာတာနေမယ် လူတော်နဲ့ လူပျင်း

    လူတော်= ကိုဝင်းဇော်
    လူပျင်း= မောင်မျိုး

    :)

    ReplyDelete
  8. ကြယ်ပြာMarch 30, 2009 at 2:59 PM

    ဒီလောက်နက်မကောင်းတဲ့ကြားက ကျိုးစား ပမ်းစား လာရေးတာချီးကျူးတယ် ...

    ReplyDelete
  9. မင်းနိုးရင်
    ငါ့ကိုလည်း လာနိုးအုန်း
    ဓာတ်ဆီသွားတန်းစီမလို့

    ReplyDelete
  10. ကျနော်တော့ စမ်းတဝါးဝါးနဲ့  ၇နာရီလောက်မှ နိုးတာ
    အဲဒါ အလုပ်ရှိလို့ ထရတာ (အိပ်ရတာတော့ မက်တယ်)
    မနက်တိုင်းတော့ (မထမနေရ အလုပ်ဟ) နတ်ဆိုးလာ
    နိုးနေတာ ဒီစလုံးကို ရောက်ကတည်းက.......အစ်ကို
    လည်း ပျော်ရွှင်တဲ့ မနက်ခင်းတွေ ပိုင်ဆိုင်ပါစေဗျာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ပျော်ရွှင်ခြင်း၊ လှပခြင်း၊ သာယာခြင်း၊ ကျေနပ်ခြင်း
    အဓိပ္ပာယ်တွေနဲ့ ပြည့်စုံတဲ့ နံနက်ခင်းလေးတွေ ပိုင်ဆိုင် နိုင်ပါစေလို့

    ReplyDelete
  13. ပထမဆုံး စာတွေ လာဖတ်ဖြစ်တယ်။

    ReplyDelete
  14. အိမ်မှာလည်း အဖေက ကားထောင်ထားပါတယ်..
    ရန်ကုန်- မော်လမြိုင်ပေါ့..
    အဖေ့ကားနဲ့ အတွေ့ အကြုံရအောင် ဆယ်တန်းအောင်တုန်းကလိုက်ဖူးပါတယ်..
    နေ့ သစ်တွေတိုင်းမှာ ကောင်းသောနံနက်ခင်းလှပသော
    နံနက်ခင်းများကို ပိုင်ဆိုင်နိုင်ပါစေလို့ .
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  15. tag စာလေး ဖတ်သွားတယ်။
    မနက်စောစော ထတတ်တဲ့ အကျင့်ကောင်းလေးက လူကို ရွှင်လန်းစေတယ်။ ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ် ဘူးပေါ့။ ကိုဝင်းဇော်ကို စောစောအိပ်ယာနိုးမယ့်သူ အမြန် ရပါစေလို့ (အဟဲ) စိတ်ဆိုးနဲ့ (စတာပါနော်)

    ReplyDelete
  16. သနားအောင် သိပ်ရေးတာပဲ...။:P

    ReplyDelete
  17. လူဆိုးကြီး....။
    စာဖတ်နေရင်းနဲ့ သူ့ ပဲ သနားရတော့မလို လို ..။ စောစော နှိုး မဲ့သူ ရဖို့ အဒေါ်အပျုကြီးနဲ့ ပဲ အောင်သွယ်ပေးရ တော့ မလိုလို နဲ့ ...။


    ခင်မင်လျက်
    ညီငယ်

    ReplyDelete
  18. မနက်အစောကြီး ထရတော့ အိပ်ရေးပျက်မှာပေါ့ ၊ ကွန်နက်ရှင်မကောင်းတဲ့ကြားထဲက ပို့စ်လေးတွေ ပုံမှန်တင်နိုင်လို့ ချီးကျုးလေးစားမိပါတယ် ကိုဝင်းဇော်ရေ။ မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို လည်း အမြန်ရပါစေလို့ ဆုတောင်းရင်း လူပျိုကြီး ဘ၀ကလည်း ၀ဠ်ကျွတ်ပါစေလို့ ....။

    ReplyDelete
  19. မီးမီးကတော့ အိပ်ယာထရတာတော်တော်နောက်ကျတယ် နေဖင်ထိုးမှတော့မထပါဘူး (နေကအခန်းထဲမ၀င်လို့) အဟီးးးးးးးးး

    ReplyDelete
  20. ၀င်းဇော်ရေ....! ကားသမားတိုင်း လူဆိုးမဟုတ်ပါဘူးလို့ လက်တွေ့ပြလိုက်ကွာ...!

    ReplyDelete
  21. စိတ်လက်ပေါ့ပါးပြီး မင်္ဂလာတွေနဲ့ ပြည့်စုံနေတဲ့ နံနက်ခင်းလေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပါတယ်...
    အမတို့တော့ နေ့သစ်မနက်မှာ ဘယ်လို အိပ်ယာထသလဲ လို့မေးလာရင် ဖြေစရာက စကား နှစ်လုံးပဲ ရှိပါတယ်...
    နှိုးစက်...

    ReplyDelete
  22. မင်္ဂလာနံနက်ခင်းလေး ဖြစ်ပါစေ မောင်ဝင်းဇော်ရေ့ စာတွေ မကြာမကြာ ဖတ်ဖတ်သွားတယ်။ ပြီးပြည့်စုံတဲ့ နံနက်ခင်းလေး ဖြစ်စေဖို့ အမလည်း ဆုတောင်းပေးတယ်နော်။ အမလည်း မနက် ဘုရားဝေယျာဝစ္စအတွက် စောစော ထဖြစ်တယ်။ တစ်ရက်တလေ နောက်ကျရင် timing တွေပျက်ကုန် ရော။

    ReplyDelete
  23. စာလာဖတ်သွားပါတယ် အကိုရေ...

    အဆင်ပြေပျော်ရွှင်ပါစေ...

    ခင်မင်လျှက်

    ReplyDelete
  24. မနက်တိုင်း အချိန်မှန် အိပ်ယာနှိုးပေးမယ့် စက်ရုပ်မမ ၀ယ်လို့ရရင် ကောင်းသား၊ သွားလေရာ ခေါ်သွားချင်တယ်။ ကျွန်တော်တော့ အဖွားအသံ သံပတ်နဲ့ နှိုးတာ။ အဟိ ......။

    ReplyDelete
  25. ရေးချင်တာက မနက်အိပ်ယာထတဲ့ အကြောင်း
    စာဖတ်သူရခဲ့တာက ..ကားသမား ဆိုရင်..
    ဆိုတဲ့အကြောင်း
    ကားသမားတိုင်း အတူတူ ပဲ လို့
    ဘယ်သူပြောလို့လဲ မောင်လေးရေ
    ....
    အမြဲမင်္ဂလာရှိတဲ့ မနက်ခင်းလေးတွေ နဲ့ ဖြတ်သန်းရတဲ့ ဘ၀ ကို ပိုင်ဆိုင်ပါစေ

    ReplyDelete
  26. ကွန့်မတ်လာပေးတာနောက်ကျသွားလို့ဆော်ရီးနော် အစ်ကို၊ ညဘက်အိပ်တာဘယ်လောက်နောက်ကျကျ မနက်လည်း နိုးစရာမလိုပဲကိုယ့်ဘာသာနိုးတယ်ဆိုတော့ ဘယ်လောက်ကောင်းလဲ နော်၊

    ရေးပေးတာကျေးဇူးတင်တယ်နော်။
    ခင်မင်လျှက်
    ငယ်

    ReplyDelete
  27. မောင်ဝင်းဇော်ရေးထားတာလေး ဖတ်လို့ကောင်းလိုက်တာ.

    လိုရာဆန္ဒတွေ အမြန်ဆုံးပြည့်စုံနိုင်ပါစေ မောင်ဝင်းဇော်
    ရေ.. အစ်မလည်း ဒီတက်ဂ်ပို့စ်လေး အကြွေးတင်နေတယ်.

    ReplyDelete
  28. နိုးကြားတက်ကြွတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ပိုင်ဟန်ကို နှစ်သက်တယ်။

    ReplyDelete
  29. tag စာလေး ဖတ်သွားတယ်နော်။ ကားသမားဆိုပြီး ၀ါးလုံးရှည်နဲ့ ရမ်းတာတော့ ကောင်းဘူးပေါ့နော်။ အညောင်းမမိအောင် လေ့ကျင့်ခန်းလဲ လုပ်အုန်း။ လမ်းခရီးမှာ အဆင်ပြေ ချောမွေ့ပါစေးးးး

    ReplyDelete
  30. အိပ်နေရင်းနဲ့ ဂီယာလည်း မှားထိုးနေအုန်းမယ် ဘော်ဘော်ရေ .. ကြည့်လုပ်

    ReplyDelete
  31. လာယောင်သွားတယ်။

    ReplyDelete