Sunday, March 22, 2009

တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။

16 comments:

  1. အဆင်ပြေသွားမှာပါ ...! စကားမစပ် တောင်ငူရောက်တုန်း
    ကျုပ်ပျိုးခဲ့တဲ့ တပင်ရွှေထီး ထန်းတောကို ၀င်ကြည့်ပေးပါဦး ..! ကြိုက်တတ်ရင် ၀င်ချခဲ့ပါ..!

    ReplyDelete
  2. တပင်ရွှေထီး ထန်းတောက ပါဆယ်ဆွဲခဲ့ပါ..:P

    ReplyDelete
  3. တောင်ငူ ရောက်နေတယ်လား..
    အဲဒီမှာလဲ Internet သုံးလို့ ရတာပဲကိုနော်
    အဆင်ပြေါစေ
    ကျန်မာရေး ဂရုစိုက်ပါ
    အပူမရှပ်စေနဲ့
    ဆရာလုပ်လိုက် အုံးမယ်.. :P

    ReplyDelete
  4. ခရီးသွားနေတာကိုး၊ ဂ၇ုစိုက်ပါ၊ အနေအထိုင် အစားအသောက် အားလုံးပေါ့ ..

    ReplyDelete
  5. သြော် သံယောဇဉ်.. မသေးရှာဘူး...

    ReplyDelete
  6. ဝေးးးတောင်ငူရောက်နေတယ်ဆိုပါလား။အတော်ပဲ။ ကန်ရိုးသွားပြီး ထမင်းသုပ်လေးတပွဲလောက် ပါဆယ်ထုပ်လာပေးပါ။ ဘယ်ဆိုင်ကဖြစ်ဖြစ်ရတယ်နော့။
    နောက် GTC ကျောင်းလေးထဲ ၀င်ပြီး အကြွေးလေး ဆပ်ပေးခဲ့ပါလား။:))
    သတိ၇တယ်လို့လဲ ပြောပေးဦးနော်။

    ReplyDelete
  7. Bro..!
    I said u , dun forget me to say goodbye !
    but
    ..............!

    := := :=

    ReplyDelete
  8. သံယောဇဉ် တယ်ကြီးသကိုးးးး
    npt နဲ့နီးနေပီ ၀င်လှည့်ပါလား

    ReplyDelete
  9. (to My Diary)
    အချိန်ရရင်တော့ ၀င်ခဲ့ပါမယ်
    အလည်ခရီးမဟုတ်တော့ အာမမခံနိုင်ဘူးလေ
    သတိသရရှိလို့ ၀မ်းပါတယ်။

    ReplyDelete
  10. ခရီးသွားနေသကိုး...

    ReplyDelete
  11. ခုတလော ကိုးနတ်ရှင် စိတ်ထားကောင်းဘူး
    (တုန်ချိ)၂ ဖြစ်နေတယ်
    စိတ်ညစ်တယ်ဘော်ဒါရေ

    ReplyDelete
  12. ဘ၀တူတွေမို့ စာနာနားလည်တယ်။ စိတ်မော ရင်မောရတဲ့ ရက်တွေ ကုန်လွန်စေဖို့ တောင်းဆု ချွေပါတယ်။ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ၊ လက်ဆောင်လည်း မမေ့နဲ့အုန်း။

    ReplyDelete
  13. မကောင်းသူပယ် ကောင်းသူကယ် ကဲ ကိုးနတ်ရှင်ကို တာဝန်မကျေမှုနဲ့ ဖမ်း အမ်း အမ်း အမ်း ...

    ReplyDelete
  14. သယ်ရင်း ပျောက်နေတယ် ခရီးထွက်နေလား
    အသစ်လာရှာတာ စိတ်မကောင်းမဖြစ်ပါနဲ့
    နာတို့လည်း အနူနူပါပဲ (ဇွဲတော့ကြီး တာပေါ့နော်) မရမချင်း နှိပ်နေရလို့ ..
    အဆင်ပြေပါစေ

    ReplyDelete
  15. ဟား.... ဆရာလဲ ခရီးထွက်နေတော့သကိုး။
    ပြန်လာရင် လက်ဆောင် ယူလာပါဗျို့။

    ReplyDelete
  16. ဘယ်တော့ ရှမ်းပြည်တက်မလဲ၊
    ညောင်ရွှေမှာ ကြုံအုန်းမှာပေါ့၊
    လမ်းခရီးသာယာပါစေ။

    ReplyDelete