Monday, January 12, 2009

သက်ပြင်း

ပန်းတစ်ပွင့်
ပင်မြင့်မှာတင့်စေချင်
ပွင့်ကြွေမှာ မမြင်ရက်ဘူး
တမင်သက်သက် စိမ်းတယ်လို့
မထင်ရက်နဲ့ ပန်းလေးရယ်
ဆွတ်ချူမယ်ဆိုတော့လည်း
မှီတွယ်စရာ ဗလာအတိမို့
ကြည့်ကြည့်ရင်းပဲ ကျေနပ်မိတယ် .. ..
ဖြေမဆယ်တဲ့ ဝေဒနာတွေ
သူစေရာ နေလိုက်ချင်ရဲ့
လေတိုက်ရင်
လွှင့်ကြွေလေမလားရယ်လို့
စိုးစိတ်ထိတ်တယ် .. ..
မြင်သူတကာ ခြွေကာဆွတ်ခူး
ယစ်မူးအောင် လှလွန်းသူ
ပန်းရနံ့ ကြူကြူသင်းသမို့
ညွှတ်ကွင်းပေး ခြေတော်နင်းမလား
သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း
မင်းအတွက် ရင်လေးတယ်။

6 comments:

  1. မင်းအတွက် ရင်လေးသတဲ့လား ...။
    ပန်းကလေးမှာ မှီတွယ်စရာ မရှိလို့ မဆွတ်ချူတာပဲ ဖြစ်မှာပါနော်။

    ReplyDelete
  2. အလဲ့..ပန်းကို တင်စားထားတယ်ပေါ့.. အဟဲ..မိုက်တယ်.. ဒါနဲ့ ဘာပန်းလဲဟင်.. အဟိ
    ဂေါ်ဖီပန်းတော့မဟုတ်လောက်ဘူးနော်.. :P

    ReplyDelete
  3. ဆွတ်ချူမယ်ဆိုတော့လည်း
    မှီတွယ်စရာ ဗလာအတိမို့
    ကြည့်ကြည့်ရင်းပဲ ကျေနပ်မိတယ် ..

    ဟုတ်တယ် ..မောင်လေး
    တခါတခါကျတော့
    ပေးဆပ်နေရတာကို ပျော်နေတာ ..
    သူပျော်မယ်ဆိုရင်ပေါ့ ..

    ReplyDelete
  4. မဖတ်ဖြစ်သေးတဲ့ ကဗျာလေး ဖတ်သွားတယ်။ ခံစားချက်ကောင်းတယ် မောင်လေးရေ။

    ReplyDelete
  5. ဆုတ်လည်းဆူး၊ စားလည်းရူးမို့
    နောက်ဆုတ်မနေပါနဲ့
    ပွင့်နေတဲ့ ပန်းတစ်ပွင့်ကို
    ချူယူလိုက်ပါ

    ReplyDelete