Wednesday, January 7, 2009

ကျောချင်းကပ်ချိန်


တပ်မက်သည်ဖြစ်စေ
ကျောခိုင်းသည်ဖြစ်စေ
ဖြတ်သန်းမှုတိုင်းဟာ
ရင်ခွင်တစ်ခုရဲ့ ခမ်းနားမှုနဲ့
စိတ်ဆန္ဒတွေရဲ့ နယ်ကျွံမှု တွေအပေါ်
တိမ်းညွှတ်ရမြဲပဲ ဖြစ်တယ် ။

အချစ်တွေရဲ့
အခြေခံဗီဇတွေ
အကြိမ်ကြိမ် ဖောက်ပြန်မှုဟာ
တဒင်္ဂရဲ့ ယာယီ အရွှေ့တွေသာ ဖြစ်တယ်။
သံသယအထင်နဲ့ ဆောင့်ဝင်လာတဲ့
နေ့ရက်တွေအကြောင်း မှတ်တမ်းတင်ရင်
တစ်ထောင့်တစ်ညနဲ့ လုံလောက်မယ်မထင်ဘူး ။

လှလှပပ ထုဆစ်ထားတဲ့
သံယောဇဉ်တစ်ခုရဲ့ လဲပြိုခြင်းဟာ
အပေါ်ယံ အလှဒဿနရဲ့
သရဖူလို့ ထင်ထင်မြင်မြင်ရှိရင်
အပေးအယူ တည့်မတ်ခဲ့တဲ့ အတွေးရိပ်တွေ
ခုမြင်နေရတဲ့ အနေအထားအတိုင်း
ကျေနပ်စွာနဲ့
လွမ်းတယ်
သို့ပေမယ့် .. .. .. ။


ဆက်စပ်တွေးနိုင်ဖို့
Link to : ခွင့်တောင်းတယ်
Link to : အမုန်းတု



6 comments:

  1. ဘာကိုဆိုလိုမှန်း နားမလည်ဘူး ဖြစ်နေတယ်...။

    ReplyDelete
  2. -တပ်မက်သည်ဖြစ်စေ
    ကျောခိုင်းသည်ဖြစ်စေ
    ဖြတ်သန်းမှုတိုင်းဟာ
    ရင်ခွင်တစ်ခုရဲ့ ခမ်းနားမှုနဲ့
    စိတ်ဆန္ဒတွေရဲ့ နယ်ကျွံမှု တွေအပေါ်
    တိမ်းညွှတ်ရမြဲပဲ ဖြစ်တယ်- လေးလေးနက်နက်ရှိတယ်
    ပြီးတော့ ခံစားလို့လဲကောင်းတယ်
    အရင်ဖတ်ဖူးတဲ့ ကဗျာတွေနဲ့ ရေးသားပုံချင်းသိပ်မတူသလိုပဲနော်
    တကယ် လေးနက်နေတယ်
    ဒါပေမယ့် ကဗျာကတော့ ကောင်းမြဲပဲ
    အရေးအသားကလဲ လှနေတယ်
    စာလုံးတွေသုံးထားတာကလည်း ကဗျာကိုပိုပေါ်လွင်နေစေသလိုပဲ
    အားပေးပါတယ် ကိုဝင်းဇော်
    အားလဲကျပါတယ် :)

    ReplyDelete
  3. အရေးအသား တကယ်ကောင်းတာဘဲ
    လေးနက်လွန်းလို့ တခါတလေ လိုက်မမှီဘူး
    ဒါပေမယ့် အွန်လိုင်းမှာ မတွေ့ရတာတော့ စိတ်ထဲမကောင်းဘူး

    ReplyDelete
  4. နောက်ဆုံးပိုဒ်လေး ပိုကြိုက်တယ် အကိုရေ..
    အားပေးလျက်ပါ အဆင်ပြေပါစေဗျာ

    ReplyDelete
  5. (၁)(၂)နဲ့(၃)ပေါ့ ပေါင်းစပ်ဖတ်သွားတယ်။
    ရှောင်ဖယ်ဖယ် လုပ်နေတာလား
    တကယ်ပဲ စေတနာထားတာလားတော့
    အမှန်တကယ် မသိနိုင်ဘူး။
    ဘာပဲဖြစ်ဖြစ် ဝေဒနာတွေ သက်သာစေဖို့
    လုပ်ပေးတာတော့ ကောင်းပါတယ်။

    ReplyDelete
  6. လွမ်းနာကျတာတွေလျော့စေချင်တယ်
    ခင်မင်တဲ့စိတ်နဲ့ပါ
    ဘာပဲဖြစ်ပါစေ ချစ်တာက ကောင်းပါတယ်
    မုန်းတာတော့ ဝေဒနာတိုးတာပေါ့

    ReplyDelete