မိန်းမတို့သဘာဝ ကြင်နာခြင်းတွေနဲ့ လှပနေသူများ ဖြစ်ကြသည်။ ရုပ်ရည်ကသန့်ရှင်း၊ စိတ်စေတနာက ဖြူစင်၊ အကြင်နာ မေတ္တာတို့က ထုံသင်းလို့ ကိုယ်တွေ့ ခံစားရသူတွေ မပြောပါနဲ့ မြင်ရုံ၊ ကြားရုံနဲ့တင် အရသာပီတိ ဂွမ်းဆီထိ သလို ဖြစ်ရတတ်ပါတယ်။
မိန်းကလေးတို့ဟာ ကလေးအရွယ် ကတည်းက ကစားပြီဆိုတာနဲ့ ကလေးမွေးမယ်၊ ကလေးထိန်းတယ်၊ ကလေးချီတယ်၊ ကလေးကုန်းပိုးတယ်၊ ကလေးကို

ကိုယ်မစားရရင် နေပါစေ၊ အငတ်ခံပြီး သူ့ကိုသာ ကျွေးမှာသည် မိန်းမဖြစ်သည်။ မိန်းမဆိုသည်မှာ အမေလည်း ဖြစ်သည်၊ ဇနီးကောင်းလည်း ဖြစ်သည်။ အစ်မလည်း ဖြစ်သည်၊ ညီမလေးလည်း ဖြစ်သည်။ သူဆိုသည်မှာ ချစ်သူလည်း ဖြစ်နိုင်သည်။ အခြားလူ တစ်စုံတစ်ယောက်လည်း ဖြစ်နိုင်သည်။ မွေးချင်း တစ်ဦးဦးလည်း ဖြစ်နိုင်သည်။
မေတ္တာအား၊ အကြင်နာတရား ကြီးမားသူများမှာ မိန်းမများ ဖြစ်သည်။ ဒါကြောင့် ကြင်နာခြင်းဖြင့် လှပသူများကို မိန်းမဟု ခေါ်ထွင်သည်။
မှန်ပါတယ် အကိုရေ “မေတ္တာအား၊ အကြင်နာတရား ကြီးမားသူ“ မှာ မိဘသာဖြစ်သင့်ပါတယ်။ မိဘဆိုတာ ဘယ်အရာမှ သားသမီးတွေဆီက ပြန်လိုချင်ရိုး မရှိပါဘူး။ အဲ ချစ်သူ၊မောင်နှမတွေတောင် တခါတလေ လိုချင်တပ်မက်စိတ်တော့ ရှိမှာပါ။ ဒါကြောင့် အမေသည် မြတ်၏ပေါ့နော့်။ :P
ReplyDeleteလေးစားလျက် တောင်ပေါ်သား
ဟာဗျာ .... ရှုပ်ကုန်ပြီ ... မေတ္တာတရားကြီးမားသူက မြတ်စွာဘုရားပါဗျ ... မှန်ကန်သော အချစ် စစ်မှန်သော မေတ္တာ .... လုပ်ပြီ ... ကျွန်တော်ကတော့ အဲလို အစ်ကိုရေ့  ... :D
ReplyDeleteဘာပြောရမှန်းတောင်မသိတော့ဘူး ..... ပုံနှိပ်တိုက်ကနေ ပို့စ်ရေးနေတယ်ထင်ပါ့။
ReplyDeleteဟုတ်တယ်၊ဟုတ်တယ်၊ဟုတ်တယ်၊
ReplyDeleteကိုဝင်းဇော်ကို ထောက်ခံပါ၏။
ဖတ်လို့တော့ကောင်းပါတယ်အကိုရေ။ ညီလာပြီးတော့မှတ်သားသွားတယ်နော်အကိုဝင်းဇော် ပျော်ရွှင်အဆင်ပြေပါစေဗျာ။ နောက်မှာပဲထပ်လာအုံးမယ်အကို ဘလော့ကိုကလိနေတာမပြီးသေးလို့အကိုရေ။
ReplyDeleteကလေးချော့သိပ်တဲ့ မိခင်တွေရဲ့ တေးဆိုသံက ကမ္ဘာပေါ်မှာ အသာယာဆုံးပါပဲ မိခင်ဆိုတာလည်း မိန်းမပေါ့ ပို့စ်လေးကောင်းတယ် ။
ReplyDeleteမိခင်နဲ့တူသောမိန်းမတွေကို ပိုသဘောကျတယ် အကိုရေ..:P
ReplyDeleteအဆင်ပြေတယ်ဟုတ်
စိတ်ကူးယဉ်များဆန်သွားမလား
ReplyDeleteပုလဲသားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ကိုဝင်းဇော်ရဲ့ပို့စ်လေးပေးဖတ်မှပဲ.. :P
ဟိ ပြောကြည့်တာပါ
ဟုတ်တယ် မိခင်ရဲ့ကလေးချော့တေးသံက နားထောင်လို့အကောင်းဆုံးပဲ
ကျေးဇူးပါ ကိုဝင်းဇော် :)
ခေါင်းစဉ်ကလေးကအရမ်းလှတယ် ပို့စ်လေးကိုဖတ်ပြီးတော့ ကြည်နှုးမိတယ်
ReplyDeleteပို့စ်လေးကိုဖတ်ပြီး တကယ်ကိုကြည်နူးမိပါတယ်...
ReplyDeleteအသူ့ကို ဖားနေတာလဲ အစ်ကိုရ
ReplyDeleteကောင်မလေးက အသက်ငယ်နေတာမို့လို့လား
ဖတ်သွားပါတယ်။
ReplyDeleteမိန်းမဆိုတာ ဒီလိုမျိုးပေါ့။
မိုက်တယ်။