Tuesday, December 16, 2008

Respect

" သင့်ကို ကျွန်ုပ်လေးစားပါသည်။ ကျွန်ုပ်ကိုလည်း သင်လေးစား သင့်ပါသည် " ဆိုတဲ့ စကားလေး အတိုင်း သူတစ်ဦးကို လေးစားစွာ ပြောဆို ဆက်ဆံလိုက်ခြင်းဖြင့် မိမိကိုယ်ကိုယ်လည်း လေးစားရာရောက်ပြီး ထိုသူကလည်း ကိုယ့်ကို လေးစားလာပါမယ်။ လေးစားမှု ထားရမယ်ဆိုတာက ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေကိုမှ မဟုတ်ပါဘူး။ မည်သူ့ကိုမဆို လူတိုင်း လူတိုင်းကို ဆိုလိုချင်ပါတယ်။ မြန်မာမှုမှာ " ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို သနား" ဆိုတဲ့ စကားပုံရှိပါတယ်။ မိမိထက် အသက်အရွယ် ကြီးသူကို ရိုသေသမှုနဲ့ ပြောဆိုဆက်ဆံခြင်းဟာ လေးစားမှု ဖြစ်ပါတယ်။ သက်တူ ရွယ်တူ အချင်းချင်း လေးလေးစားစား ပြောဆိုတတ်ခြင်း ဟာလည်း လူ့ယဉ်ကျေးမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ မိမိထက် အသက်ငယ်ရွယ်တဲ့ ညီငယ် ညီမငယ် တွေကို အသက်ကြောင့်ပဲဖြစ်စေ၊ ရာထူးဂုဏ်ကြောင့်ပဲ ဖြစ်စေ၊ မေတ္တာတရား ရှေ့ထားပြီး ပြောဆို ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒါတွေဟာ အပြန်အလှန် လေးစားခြင်း ဖြစ်တယ်လို့ ရေးသားချင်ပါတယ်။

ရဟန်းနဲ့ ဒကာ၊ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်။ နောက် ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေ သူငယ်ချင်း ချင်း၊ ဇနီးမောင်နှံချင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးလေးစားစား ပြောဆို ဆက်ဆံခြင်းသည် သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ လူမှု ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင် နေခြင်းပဲဖြစ်ပါတယ်။

ကြီးသည်၊ ရွယ်တူ၊ ငယ်မူ မဆို ကိုယ်ပိုင် အစွမ်းအစနဲ့ ကိုယ်ပိုင် သိက္ခာကိုယ်စီ ရှိကြပါတယ်။ ဘယ်သူကမှ အပ်နှင်းမထားတဲ့ ကိုယ်ပိုင် ဂုဏ်ဒြပ်တွေလည်း ပိုင်ဆိုင် ထားကြပါတယ်။ ဒါကြောင့် တစ်ဦးအပေါ် တစ်ဦး ပြောဆိုဆက်ဆံတဲ့ အခါမှာ လေးလေးစားစား ဖော်ဖော်ရွေရွေ ဆက်ဆံခြင်းသည် ကောင်းခြင်း မင်္ဂလာတစ်ပါးလည်း ဖြစ်ပါတယ်။ လေးစားသမှု ပြောဆိုခြင်းဟာ ယဉ်ကျေးမှုကို ဖြစ်စေသလို မိမိတို့ရဲ့ ပင်ကိုယ် စိတ်ဓာတ်မြင့်မားမှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် လူသားအချင်းချင်း လေးလေးစားစား ပြောဆိုဆက်ဆံခြင်းဖြင့် မိမိကိုယ်မိမိ ဂုဏ်ယူတတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီး Lady and Gentle man များ ဖြစ်နိုင်ကြ ပါစေလို့ ဆန္ဒပြုပါတယ်။

15 comments:

  1. အိမ်ပြင်တုန်းမို့ အမှားအယွင်းတွေ ရှိနေပါတယ် နားလည်ပေးနိုင်ပါစေ ..

    ReplyDelete
  2. အယ်....ဘုန်းကြီးတရားဟောနေတယ် သားဓု သာဓု သာဓုပါ ခင်ဂျား)

    ReplyDelete
  3. ပိုစ့်လေး လာဖတ်တယ်
    အရမ်းကောင်းတယ်

    ReplyDelete
  4. “တစ်ဦးအပေါ် တစ်ဦး ပြောဆိုဆက်ဆံတဲ့ အခါမှာ လေးလေးစားစား ဖော်ဖော်ရွေရွေ ဆက်ဆံခြင်းသည် ကောင်းခြင်း မင်္ဂလာတစ်ပါးလည်း ဖြစ်ပါတယ်။ လေးစားသမှု ပြောဆိုခြင်းဟာ ယဉ်ကျေးမှုကို ဖြစ်စေသလို မိမိတို့ရဲ့ ပင်ကိုယ် စိတ်ဓာတ်မြင့်မားမှုရဲ့ ပြယုဂ်လည်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

    မှတ်သားစရာ စကားစုပါပဲ။

    အိမ်လေးလဲ အတော်လှနေပါပြီ ကိုဝင်းဇော်။ ပျော်ရွှင်အဆင်ပြေပါစေ။

    သုခမိန်(E-Journal)

    ReplyDelete
  5. လေးစားမှုဆိုတာ မည်သူမဆိုပါကိုယ့်ထက် ကြီးသည်ဖြစ်စေငယ်သည် ဖြစ်စေ လေးစားမှုနဲ့ ဆက်ဆံမယ်ဆိုရင် ရေရှည်ဆက်ဆံရေး long-term relationship ရရှိစေမှာ ဖြစ်ပြီး လူမှုဆက်ဆံရေးမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

    ReplyDelete
  6. မောင်ဝင်းဇော်ရေ..
    အတွေးအခေါ်လေးတွေက အရမ်းကောင်းတာပဲ.
    တကယ်မှတိသားစရာလေးတွေပါ.
    ကျေးဇူးနော်.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. မှန်တယ်ဗျ။ ရေးထားတာက အတွေးကောင်းလေးတွေရေးထားတာပဲ မှတ်သားသွားတယ်ဗျာ အကိုဝင်းဇော်။

    ReplyDelete
  10. သိနေပေမယ့်၊ သိချင်ယောင်ဆောင်နေတာ ကများတယ်၊ ထပ်ဖတ်မိတော့ ထပ်သိသွားတယ်

    ReplyDelete
  11. လေးစားပါတယ် မောင်လေးဝင်းဇော်ရေ

    ReplyDelete
  12. လာဖတ်တယ် ကိုဝင်းဇော်၊ ဖတ်လို့ ကောင်းတယ်။ အိမ်အသစ်နဲ့ဆိုတော့ အမိုက်စားပဲ။ နှစ်ကူး အိမ်ပြန်လာမှာလား။ ရောက်ရင် ကျွန်တော်ပေးထားတဲ့ ဖုန်းကို ဆက်လိုက်ပါ။

    ReplyDelete
  13. ကိုဝင်းဇော်ရေ တကယ့်ကိုတန်ဘိုးရှိတဲ့ ပို့စ်လေးပါဘဲဗျာ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမူရှိရမယ်၊ အဲဒါသိပ်အရေးကြီးတယ်၊

    ReplyDelete
  14. ရွှေမန်းသားတွေ လက်စွမ်းပြနေပါလား

    ကိုကြီးဝင်းဇော်ရေ
    လေးစားတယ်
    အားပေးနေတယ်
    စန္ဒီမိုးမြင့်
    မန္တလေး

    ReplyDelete