Wednesday, December 31, 2008

အမုန်းတု


အပြုံးတစ်ခုကို ကွယ်ဝှက်လို့
မင်းနှလုံးသားရဲ့ နှင်းဆီငယ်ကို
ဆွတ်ချူဖို့ မဝံ့ခဲ့တာမို့
အမုန်းတုတစ်ခုနဲ့ ထဲထဲဝင်ဝင်
ရင်းနှီးနေမိတယ်

မာယာထောင်သောင်း
ဟန်ဆောင်ကောင်းတဲ့
ချစ်ခြင်းတွေ နဲ့
အပြစ်ကင်းစင် တဲ့
မင်းနှလုံးသား နုနုမှာ
အရောင်စွန်းထင်မှာကို
လုပ်မဝံ့လေဘူး

မချွေခင်က ကြွေ
မဆွတ်ခင်က ညွတ်နေသူလေးရယ်
ဂရုဏာတွေနဲ့ လွှမ်းခြုံလို့
မင်းထွင်တဲ့ မေတ္တာလမ်းမှာ
ခရမ်းလမ်းအမှတ်နဲ့
ငါကျောပေးနေမိတယ်
ဒဏ်ရာတွေ မမျှချင်တဲ့
ရင်တွင်းစေတနာကို
မင်းလေး .. ..
နားလည်နိုင်ပါစေ..

16 comments:

  1. အကိုရေ ရင်တွင်းကထွက်ကျလာတဲ့ကဗျာလေးကိုလာဖတ်သွားတယ်ဗျာ။ အရမ်းကောင်းတဲ့ကဗျာလေးပဲနော်အကို။ မချွေခင်ကကြွေ မဆွတ်ခင်ကညွတ်နေရင်လည်းအကိုရယ် လက်နဲ့ကောက်ထားလိုက်ပေါ့နော်။ အဆင်ပြေပါစေအကိုရေ

    ReplyDelete
  2. မကောက်ချင်လို့မှ ကျောခိုင်းထားသူကို ဘာလို့အကောက်ခိုင်းနေတာလဲ မောင်တိုးတိုးရယ် ...
    ကဗျာလေးကောင်းတယ်နော် ကိုဝင်းဇော်။

    ReplyDelete
  3. ဒီကဗျာလေးကို ကြိုက်တယ်...
    ကူးသွားတယ်..
    သိမ်းထားချင်လို့ ...
    ကျေးဇူး...

    ReplyDelete
  4. This comment has been removed by a blog administrator.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. သူချစ်ပေါ့...

    ReplyDelete
  7. ကိုဝင်းဇော်ရေ..ကော်လံနှစ်ခုပဲပေါ်လို့ ..cbox ပေါ်မလာလို့ ဒီcomment မှာပဲ ရေးပေးလိုက်တယ်..မင်္ဂလာနှစ်သစ်ပါ..နှစ်သစ် မှာ ပျော် ရွှင်ပါစေ... https://mail.google.com/mail/?ui=2&ik=b9e3972c97&view=audio&msgs=11e86c8a8ccb945c&attid=0.1&zw

    ReplyDelete
  8. ကိုဝင်းဇော် ...
    ကဗျာလေးကိုတော့ ပုလဲအရမ်းကြိုက်သွားပြီ
    တကယ်
    ဒီကဗျာရဲ့ အဓိပါယ်ကိုအရမ်းကြိုက်တယ်
    -ဒဏ်ရာတွေ မမျှချင်တဲ့
    ရင်တွင်းစေတနာကို
    မင်းလေး .. ..
    နားလည်နိုင်ပါစေ..- အ၇မ်းကောင်းတယ် ကိုဝင်းဇော်

    ReplyDelete
  9. သူခင်းတဲ့ လမ်း
    မဆွင်ခင်ကကြွေ ပေမယ့် ဒဏ်ရာတွေ မမျှချင်တဲ့ ကိုဝင်းဇော် ရေ့ ဆန္ဒတွေနဲ့အတူ နားလည်နိုင်ပါစေလို့ ၀ိုင်းဆုတောင်းသွားတယ်ဗျ ။

    ReplyDelete
  10. ကဗျာရှင်ရဲ့စေတနာကိုရော ... ကဗျာထဲကသူလေးရဲ့ အချစ်ကိုရော မြင်အောင်ဖွဲ့နိုင်ပါတယ် အစ်ကိုေ၇ ...

    ReplyDelete
  11. “အပြစ်ကင်းစင် တဲ့
    မင်းနှလုံးသား နုနုမှာ
    အရောင်စွန်းထင်မှာကို
    လုပ်မဝံ့လေဘူး.. ”
    ရင်တွင်း စေတနာလေးကို စာနာ နားလည် မိပါတယ်..

    ReplyDelete
  12. စာသားနုနုရွရွလေးနဲ့ ဖန်တီးထားတဲ့ ကဗျာလေး သိပ်ကို ကောင်းမွန်ပါတယ်။
    စေတနာမှန်ရင် စေတနာအကျိုးပြန်ရမှာပါ
    ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေမောင်လေးရေ.

    ReplyDelete
  13. ပိုနေလား
    ဒီမှာ လိုနေတယ် .. ..
    နှစ်သစ်အတွက်
    ကုသိုလ်ဖြစ်လုပ်ခဲ့အုန်း .. ..

    ReplyDelete
  14. ကောင်းတယ် အကိုရေ..နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ
    အားလုံးလဲ အဆင်ပြေပါစေ

    ReplyDelete
  15. ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။
    ကဗျာလှလှလေး လာဖတ်ပါတယ်။
    တစ်ဖက်သားအပေါ် အားနာတတ်တဲ့
    အစ်ကိုတစ်ယောက် အမြန်စွံပါစေ။

    ReplyDelete
  16. ရင်ထဲကခုန်ဆင်းလာတဲ့ ကဗျာကောင်းလေးကိုခံစားသွားတယ်..

    ReplyDelete