Wednesday, December 24, 2008

နှင်းဆီနီ ၃၃ ပွင့်

ကောင်မလေးရယ်
ပတ်သက်လေသမျှ
ဥပက္ခောမငဲ့ ထားခဲ့ရက်တယ်။
အေးစက်စက်ဆောင်းရဲ့ နှင်းသည်းတဲ့ညမှာ

တွေးကဗျာတစ်ပုဒ် ရေးဖို့
ဈာဉ်အစဉ်မှာ ပျံ့လွှင့်နေတဲ့
မှော်ဝင်မြစ်ကျဉ်းတစ်လျှောက်မှာ
နွေးထွေးမှုကို ငါရှာနေမယ်

အော်သံခေါ်သံနဲ့
မင်းပုံရိပ်တွေ ဝေးသည်ထက်ဝေးအောင်
ပိတ်လှောင်မှုတွေနဲ့ ထပ်တူ
နှင်းတောထဲမှာ ငါကျေနပ်စွာနဲ့ နစ်နေပါရစေ

ယုံကြည်မှု တစ်ခုအတွက်
မင်းမခူးလည်း
ရည်စူး မင်းအတွက်
အရူးအမူးပဲ ဝေပြမယ်
ကြွေရက်မစောသေး သရွေ့ပေါ့ ကောင်မလေးရယ် .. ..

22 comments:

  1. အကိုရေ ညီလာလည်သွားတယ်နော်။
    ယုံကြည်မှု တစ်ခုအတွက်
    မင်းမခူးလည်း
    ရည်စူး မင်းအတွက်
    အရူးအမူးပဲ ဝေပြမယ်
    ကြွေရက်မစောသေး သရွေ့ပေါ့ ကောင်မလေးရယ်
    အင်းအဲ့စာသားလေးကိုကြိုက်တယ်အကို။ အဆင်ပြေပါစေဗျာ အကိုဝင်းဇော်။

    ReplyDelete
  2. ထိမိတဲ့ ကဗျာစာသားလေးကို ဖတ်သွားတယ်။ အဆင်ပြေချမ်းမြေ့ပါစေ

    ReplyDelete
  3. ကောင်းလိုက်လေခြင်း
    ကဗျာ ဆုံးခါနီးလေးက တော်တော်ကို မိုက်တာ ကိုဝင်း ဇော်
    အေးစက်စက်ဆောင်းရဲ့ နှင်းသည်းတဲ့ညမှာ
    ဒီစာသားလေးက အရမ်းလှတယ်
    ကိုဝင်းဇော်ရဲ့ ကဗျာကောင်းလေးကို အားပေးသွားပါတယ် :)

    ReplyDelete
  4. ဆောင်းအလွမ်းဖွဲ့ ကဗျာလေး သီကုံးမှုကို လေ့လာသွားတယ်။
    ကဗျာစာသားတွေကတော့ ထိတယ်

    ReplyDelete
  5. ဒီအိမ်ကို လာရင် ကဗျာလေးတွေက လွမ်းရိပ်သမ်းနေတယ်။
    တို့ ကိုဝင်းဇော်ကို အချစ်ကဗျာပျော်စရာလေးတွေ ရေးဖို့
    ကူညီပေးပါလား ကောင်မလေးရယ်...:P:P

    ReplyDelete
  6. ကဗျာလေး ကိုဖတ်သွားပါတယ် ၊၊နှင်းဆီနီ ၃၃ ပွင့်ဆို တာ တစ်ခုခု ကိုရည်ညွန်းတာ ထင်တယ် ၊၊ လွမ်းသလိုလို ကြီးဗျာ

    ReplyDelete
  7. ကဗျာလေး ကိုဖတ်သွားပါတယ် ၊၊နှင်းဆီနီ ၃၃ ပွင့်ဆို တာ တစ်ခုခု ကိုရည်ညွန်းတာ ထင်တယ် ၊၊ လွမ်းသလိုလို ကြီးဗျာ

    ReplyDelete
  8. မင်းမခူးလည်း
    ရည်စူး မင်းအတွက်
    အရူးအမူးပဲ ဝေပြမယ်
    ~~~~~~~~~~~~~~
    ကဗျာလေးကို ခံစားသွားပါတယ်ခင်ဗျာ..............

    ReplyDelete
  9. အကိုရေ လွမ်းရိပ်သန်းနေတဲ့
    ကဗျာလေးက ညီ့ကို ပိုလွမ်းစေတယ်ဗျိုးးး

    ReplyDelete
  10. ကဗျာကောင်းလေးကိုလာအားပေးတယ်... တော်တော်ကောင်းတယ်ဗျာ... ထိဒယ်... :)

    ReplyDelete
  11. အခုတလောတယ်လွမ်းလှပါလားကိုဝင်းဇော်ရေ...
    ကဗျာလေးက ထိတယ်ဗျာ...
    အားပေးချက်ပါ

    ReplyDelete
  12. ညီလေး...
    နူးနူးညံ့ ညံ့လေးနဲ့ အရမ်းကောင်းတဲ့ ရင်ဖွင့်မှုဘဲ...
    ကဗျာလေးကိုကြိုက်တယ်...
    သိမ်းထားလိုက်ပြီ..။

    ReplyDelete
  13. တွေးကဗျာတစ်ပုဒ် ရေးဖို့
    ဈာဉ်အစဉ်မှာ ပျံ့လွှင့်နေတဲ့
    မှော်ဝင်မြစ်ကျဉ်းတစ်လျှောက်မှာ
    နွေးထွေးမှုကို ငါရှာနေမယ်------------
    ကဗျာလှလှလေးနဲ့ အိမ်အသစ်လေးပါလား--
    လက်စသတ်တော့ တို့မောင်ငယ် ရှမ်းကလေးကိုး---
    ခရစ္စမတ်နှင့်အတူ--နှစ်သစ်မှာပျော်ရွှင်ပါစေ--

    ReplyDelete
  14. 33 နှစ်လို့များပြောချင်သလားလို့စဉ်းစားနေတယ်။ လွဲသွားဦးမယ်ထင်တယ်။ ဘာဘဲဖြစ်ဖြစ် happy birthday

    ReplyDelete
  15. အကိုရေ အလွမ်းကဗျာလေးတစ်ပုဒ်လာဖက်သွားတယ်ရှင်။
    အောက်ဆုံးအပုဒ်ကိုပိုကြိုက်တယ်။

    ReplyDelete
  16. အလွမ်းရင့်ရင့်ကဗျာလေး စိတ်ကြိုက်ဖတ်သွားတယ်။ ဆက်လက်ရေးသား ခံစားနိုင်ပါစေ (လျော့ဖို့ပြောတာပါ)

    ReplyDelete
  17. သီချင်းလေးဆိုပြသွားမယ် =)

    (သံယောဇဉ်မပြတ်ဘူး )3

    ReplyDelete
  18. 26 Dec 08, 03:04 PM
    mm: စုံထောက်ကြီးတွေစဉ်းစားလိုက်မှဖြင့်
    26 Dec 08, 03:04 PM
    mm: ကနေ့ ဘာဟင်းချက်မလဲ၊ လာစားမလို ဆိုတာကတော့ ဗိုက်ဆာနေလို့ တမင်မျိုချတာလားမသိဘူး
    26 Dec 08, 03:03 PM
    kom: ကာရန်မဲ့ကဗျာလဲဖြစ်နိုင်တယ်
    26 Dec 08, 03:02 PM
    kom: ကြည့်ရတာ သူနှာစေး နေပြီး နှပ်တွေ အောက် ဆင်းသွားတယ် ထင်တာဘဲ
    26 Dec 08, 03:02 PM
    mm: သွားမမ..ခနနေအိပ်တော့မြှ
    26 Dec 08, 03:02 PM
    mm: နားမလည်ဘူး
    26 Dec 08, 03:01 PM
    mm: လွမ်း၂နဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တာ အာခေါင်ထဲ ခါးသက်သက် ဖြစ်မိတယ်။ ကနေ့ ဘာဟင်းချက်မလဲ၊ လာစားမလို

    ReplyDelete
  19. ကဗျာလေးကောင်းတယ် မောင်ဝင်းဇော်ရေ.
    ခံစားချက်တွေ များနေတယ်နော်..
    အလွမ်းတွေ ကင်းဝေးနိုင်ပါစေ။

    ReplyDelete
  20. နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲ ။ ဂွတ် :)

    ReplyDelete
  21. ကိုဝင်းဇော်
    " အလေးအနက် ထပ်ပြောမယ် သိပ်ချစ်တယ် " တဲ့လား ...

    ReplyDelete