Design နဲ့ ရှာဖွေပေးတဲ့ ပုံစံလေးကတော့ အမြင်တစ်မျိုး ဖြစ်စေပါတယ်။ တစ်ခြား Search Engine ထက် ပိုကောင်းမွန်တဲ့ စွဲမက်မှု တစ်မျိုးပါ။ အသစ်ပေမယ့် စမ်းသပ် သုံးစွဲကြည့်သင့်တဲ့ Search Engine ဖြစ်ပါတယ်။ လှပ သပ်ရပ်တဲ့ logo နဲ့မို့ Google နဲ့ Yahoo တို့လို Search Engine တစ်ခု ဖြစ်လာနိုင်မယ်၊ မဖြစ်နိုင်ဘူး ဆိုတာကတော့ အသုံးပြုတဲ့ User တွေအပေါ်နဲ့ သူကပေးတဲ့ ပြည့်စုံမှု ရလဒ်တွေနဲ့ ချိန်ထိုး ကြည့်ရမှာပါ။ လေ့လာလိုက်ကြရအောင်ပါ။ www.cuil.com
ဟင့်အင်း ကွန်ပြူတာပျက်သွားမှာ စိုးတယ်
ReplyDeleteအစ်မခင်ဦးမေ
ReplyDeleteအစ်မကလည်း software မဟုတ်ပါဘူး။ Browser ဆိုတာ Google တို့လို့ Yahoo တို့လို Website တွေကို ရှာတဲ့နေရာမှာသုံးတဲ့ အင်ဂျင်တစ်မျိုးပါ .. ..ကြောက်တတ်ရန်ကောဗျာ ..
မင်္ဂလာပါ ကိုဝင်းဇော်ရေ ၊၊ခုလို ဝေမျှတာကျေးဇူးပါ ၊၊လင့်ခ်လေးယူထားလိုက်ပါတယ် ၊၊ အားရင်တော့ ကလိကြည့်မယ်ဗျာ ၊၊
ReplyDeleteချက်ချင်းပဲ သွားကြည့်လိုက်မိတယ် မောင်လေးဝင်းဇော်ရေ။ သပ်သပ်ရပ်ရပ်နဲ့ အမြင်တမျိုးဆန်းပြီး သုံးလို့ကောင်းမယ့် ပုံလေးနော်။ I can't live without Google လို့ အမြဲတမ်းအော်နေကျပေမယ့် တခါတခါ အပြောင်းအလဲလေးအဖြစ် သုံးကြည့်ချင်စရာလေးပါ။ အမြဲတမ်း အသစ်အဆန်းလေးတွေ ဝေမျှတာကျေးဇူးတင်ပါတယ် မောင်လေး။
ReplyDeleteကျွန်တော် ဘာသွားတွေ့လည်း သိလား ကိုဝင်းဇော် ...
ReplyDeleteGoogle လို Unidcode နဲ့ ရှာတာ ပေးမရှာဘူးဗျ ...
ဥပမာ - Google မှာ အိမ်မက်ရှင် လို့ ရိုက်ပြီး ရှာလိုက်ရင် သူက xml နဲ့ လင့်တွေ၊ ပတ်သက်တာတွေကို Google က ရှာပေးတယ်။
သူက မရှာပေးဘူး။ ကျွန်တော်ပဲ လိုတာလားတော့ မသိဘူး ... ဒီဇိုင်းလေး ကတော့ ကျွန်တော် ကြိုက်တဲ့ ဒီဇိုင်းလေးပါ ... ရှင်းရှင်းလေး ကျွန်တော်က ရှင်းတာကို ကြိုက်တာကိုး ...။ ထပ်တော့ စမ်းကြည့်နေဦးမယ်ဗျာ ... ပြီးတော့ ထပ်ပြောမယ် အကိုဝင်းဇော်။ Share ပေးလို့ အထူးကျေးဇူးပါ။
ခင်မင်လေးစားစွာဖြင့်
ကောင်းမွန်တဲ့ browser ပါ၊ သုံးလို့လည်း အဆင်ပြေပါတယ်။ ရှာနိုင်တဲ့ web page ပေါင်းကတော့ google ကို မမီသေးပါဘူး။ အသိပေးတဲ့အတွက် ကျေးဇူးပါ ။
ReplyDelete