Wednesday, November 5, 2008

ပန်တော်ကျဘဝ

ပန်တော်ကျဘဝ

သံယောဇဉ်ငြိ
တစ်နေ့တစ်ဆင့်
တစ်ရစ် နှစ်ရစ်
အသစ်တွယ်တာ
ကာလကြာသော်
လွမ်းအောင်ဖန်ရစ်

အချစ်ကိုတည်
ဘဝနဲ့ စား
ကြွင်းကျန်ရစ်ခဲ့
အလွမ်းနေ့များ

ရင်ကဝေဒနာ
ရက်ရှည်ကြာတော့
ကဗျာအဖြစ်
ခြေရာထင်ရစ်

စမ်းတို့ မစီး
ငှက်တေး မဆို
ပန်းလေး ငိုသော်
ကျွန်တော် အလျော်ပေးခဲ့ရပြီ .. ..

3 comments:

  1. ကဗျာလေးတွေကောင်းတယ်
    လေးလုံးစပ်ကလှတယ်
    " အချစ်ကိုတည်
    ဘဝနဲ့ စား
    ကြွင်းကျန်ရစ်ခဲ့
    အလွမ်းနေ့များ " ဒီနားလေးကအကြိုက်ဆုံးပေါ့
    အားပေးသွားတယ်နော်

    ReplyDelete
  2. သံယောဇဉ်ငြိ
    တစ်နေ့တစ်ဆင့်
    တစ်ရစ် နှစ်ရစ်
    ထပ်ဆင့်ထပ်ဆင့်
    အလွမ်းမဟုတ်
    လှပသောနေ့လေး
    အမြန်ဆုံးကျရောက်
    ကျွနိုပ်ဆုတောင်း

    ReplyDelete
  3. ပန်တော်ကျဘ၀…တဲ့…ခေါင်းစဉ်နဲ့ ကဗျာလေးက တော်တော်လိုက်တယ် ကိုဝင်းဇော်ရေ…

    အချစ်ကိုတည်
    ဘဝနဲ့ စား
    ကြွင်းကျန်ရစ်ခဲ့
    အလွမ်းနေ့များ

    အဲဒီလို အကြွင်းတွေ မလိုချင်ပါဘူးနော်။ ကိုဝင်းဇော်လဲ အကြွင်းမဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့…။

    ReplyDelete