လူ့လောကကြီးမှာ ယုံကြည်မှုဟာ လွန်စွာ အရေးပါလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်ယူဖို့ ခက်ခဲတယ် မှန်ပေမယ့် ထိုယုံကြည်မှုက တစ်ခဏသာ မျက်စိတစ်မှိတ် အတွင်းမှာလည်း ရုတ်ခြည်း ပျောက်ကွက်သွားတတ် တာလည်း ရှိတတ်ပါတယ်။ ဘဝနဲ့ရင်းပြီး အချိန်ကြာမြင့်စွာနဲ့ ခိုင်မြဲခဲ့တဲ့ ယုံကြည်မှုဟာ လူတစ်ချို့ရဲ့ စိတ်လိုက် မာန်ပါ ဆုံးဖြတ်တတ်မှုကြောင့်ပဲ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့တင် အဆုံးသတ် သွားရတာ နှမြောစရာရယ်ပါ။
ယုံကြည်မှု ပျက်ပြားသွားတယ် ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုး ၀င်ရောက် လာတတ်တာ သဘာဝပါ။ ဒီသံသယစိတ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ယုံကြည်မှု ကင်းသွားတာဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဖြစ်ပေါ်လာနိုင် စွမ်းပါတယ်။ ယုံကြည်မှုကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်တော့ အန္တရာယ် အသွယ်သွယ်ကနေ ကျော်ဖြတ်နိုင်မှာ ဖြစ်သလို ပြဿနာမျိုးစုံကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်စိတ်ချစွာနဲ့ ဆက်ဆံနိုင်မှ သာလျှင် အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ရရှိနိုင်မှာ ဧကန်မလွဲပါပဲ။
စိတ်နဲ့ကိုယ် ကပ်မနေပေမယ့် အများအမြင်မှာတော့ အောင်နိုင်သူအဖြစ် ဂုဏ်ယူဝင့်ကြွားလိုစိတ်နဲ့ ယုံကြည်မှုကို ဖျက်ဆီး ရိုက်ချိုးခဲ့သူများရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် တွေရှိမှာ အသေအချာပါပဲ။ တစ်ချို့ကျတော့ စိတ်ထင်တိုင်း ဇွတ်တရွတ် ဖန်းတီးယူတတ်တာကြောင့် ဘဝတက်လမ်း နှောင်းနှေးသွားရတတ် တာလည်း ရှိပါတယ်။ ဇွဲကြီးလွန်းပေမယ့် ထိုဇွဲကို စနစ်တကျ အသုံးမချတတ်တာကြောင့် ဆိုးကျိုးကိုသာ ရရှိတတ်ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတတ်ကြ ပါတယ်။
လူရယ်လို့ ဖြစ်လာမှတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အဆင်ပြေ ချောမွေ့စွာ ပြောဆို ဆက်ဆံတတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူကို လူအများက ချစ်ခင် ယုံကြည် ကြသလို လောကကို အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်း နေကြသူတွေကိုလည်း ဖွယ်ခွာ ရှောင်ရှားနေတတ် ကြပါတယ်။ လူ့အသိုင်း အဝိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ အကောင်းမြင် သဘောထားရှိသူ၊ အရာရာကို အဆိုးဘက်ကနေ ကြည့်မြင်တတ်သူ စသဖြင့် လူပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုနေကြရပါတယ်။ ဖြူစင်တဲ့ နှလုံးသားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံ တတ်သူတွေ အတွက်တော့ ကမ္ဘာလောကကြီးဟာ နေချင့်စဖွယ် ပျော်ရွှင်ကြည်နူးစဖွယ် အတိဖြစ်နေပါမယ်။ သူတစ်ပါးအပေါ် သံသယစိတ်နဲ့ မယုံမကြည် ဆက်ဆံတတ်မှုကနေ ရှောင်ဖယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

စိတ်ဆိုတဲ့ အမျိုးကိုက အကောင်းတွေပဲ ရသင့်တာကိုး။ အရာရာတိုင်းကို သူက ဦးဆောင်နေတာလေ။
ReplyDeleteသတိပိုသည် မရှိ..
ReplyDeleteတို့တော့ပြောသမျှ ယုံပေးလိုက်တယ်။ မယုံလည်းယုံ့.ပေးတယ်။ ပြောသူစိတ်ချမ်းသာစေချင်လို့.
ReplyDeleteအမှန်ကတော့
ReplyDeleteသဒ္ဓါနဲ့ပညာမျှအောင်
သတိဆောင်သင့်တယ်ထင်တယ်။
အရာရာကိုတော့ အသိနဲ့ သတိ ထားနေရမှာပဲဗျ။ ယုံကြည်သင့်၊ ယုံကြည်ထိုက်မှပေါ့။ လူအကြောင်းပေါင်းကြည့်မှသိတော့ ကြိုတင်ယုံကြည်ထားဖို့ရာလည်း ခက်ခက်ပါပဲဗျာ။
ReplyDeleteကိုယ့်မှာတော့ (ဘယ်သူပြောပြော)ပြောသမျှ
ReplyDeleteယုံတတ်လွန်းလို့ ခက်နေပါတယ်။
ယုံလွယ် ၊ သနားလွယ်လွန်းလို့ လူအ ဖြစ်မှန်းမသိဖြစ်နေတယ်။
သံသယဆိုတာ ရန်သူထက်ပိုကြောက်စရာကောင်းတဲ့ စိတ်ပဲ။
ReplyDeleteယုံကြည်မှုဆိုတာ နှောင်ကြိုးတွေကို ပိုခိုင်မာစေတဲ့အရာပဲ။
ကျွန်မလဲ သံယယတွေကိုကြောက်တယ်
တတ်နိုင်သမျှ ယုံကြည်မှုကင်းမဲ့လာတယ်ဆိုရင်တောင်
သံသယစိတ်ကို ကြိုးစားဖြေဖျောက်တယ်။
ယုံလွယ်လွန်းတာ မကောင်းသလို သံသယစိတ် များလွန်းရင်လဲ မိတ်ကောင်းဆွေကောင်းတွေ ဆုံးရှုံးရတတ်ပါတယ်။ လူတိုင်းကို သံသယမျက်လုံးတွေနဲ့ ကြည့်တတ်တဲ့သူတွေအတွက်တော့ ဘ၀ဟာ စိတ်ကုန်စရာကြီး ဖြစ်နေမှာပါပဲ။ ကိုဝင်းဇော်ပြောသလို ဖြူစင်တဲ့ နှလုံးသားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံရင် ကိုယ့်ဆီလဲ မေတ္တာရောင်ပြန်ဟပ်မယ်လို့ ယုံကြည်ပါတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDelete...တော်တော်များများက သူများပြောတိုင်းမယုံပေမယ့်  ကိုယ်ကိုယ်တိုင်လည်း တွေးကြည့် တယ် ယုတ္တရှိတယ် ဆိုရင် ဟုတ်မယ်မှန်မယ် လို့ ယူဆကြတယ်လေ...။ ညီမလည်းတခါတလေအဲလို ပဲ သူများပြောရင်မယုံဘူး အခြေအနေအမျိုးမျိုးကနေသုံးသပ်ကြ ည့်လို့ဖြစ်နိုင်တယ်ယုတ္တိရှိတယ် ဆိုရင်ယုံလိုက်တာပဲလေ။ ....................
ReplyDelete..................
ယုံကြည်မှုကို နောက်တစ်မျိုးပြောပါဆိုရင် .... သံသယကင်းခြင်းလို့ ပြောလို့ရတယ်.....ဒါပေမဲ့.
ဗုဒ္ဓဘာသာ ကတော့..အကန်းယုံကို အားမပေးဘူးလေ.... ဒီအကြောင်းကို ဗုဒ္ဓကိုယ်တော်တိုင်...
ကာလာမ ပုဏ္ဏားတို့ကို....( မာတက္က ဟေတု)
(၅) မိမိကိုယ်တိုင်တွေးကြံနိုင်ရုံ မျှနှင့်လည်း (ဆင်ခြင်တုံတရားနှင့်ညီသည် ၊ ယုတ္တရှိသည်ဆိုပြီး ) ဟုတ်ပြီ မှန်ပြီဟု ချက်ချင်းအတည် မယူလေနဲ့ ဆို ပြီး ဟောခဲ့တယ်လေ...။
နောက် ဆုံး ဘုရားရှင် ကိုယ်တိုင် က ပြောခဲ့တာ က သူ့ ကို လည်း မယုံနဲ့ ဆိုတာပါပဲ...။
.......................
သိသလောက်လေး ပြန်လည် မျှဝေတာပါ။
အစ်ကိုဝင်းဇော်
ReplyDelete((ယုံကြည်မှု ပျက်ပြားသွားတယ် ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုး ၀င်ရောက် လာတတ်တာ သဘာဝပါ။))
မှန်ပါတယ်အစ်ကို၊ တစ်ယောက်နဲ့တစ်ယောက် မယုံရတော့ ဘူးဆိုရင် မိတ်ဆွေတစ်ယောက်ထက် ရန်သူတစ်ယောက်လို ဆက်ဆံရတော့မယ်လေ။ စိတ်ရင်းမှန် သိဖို့ ၊ လူတိုင်း ဟန်ဆောင် ဆက်ဆံတာကနေ ကင်းဝေးဖို့ ၀င်ပွားလိုက်ပါတယ်။
လောကနိယာမလေးတွေ ယူသွားတယ်၊ ဆက်ရေးနိုင်ပါစေ
ReplyDeleteဟုတ်တယ်အကိုဝင်းဇော်သံသယစိတ်တွေ ဝင်လာရင် ယုံကြည်မှုတွေပျက်ပြားလာတယ်ဆိုတာမှန်တယ်အကိုရေ။ မှတ်သားစရာလေးတွေ ဖတ်သွားတယ်အကိုဝင်းဇော်ရေ လောကနီယာမလေးတွေပါပဲဗျာ.
ReplyDelete