Friday, October 17, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

ညီမလေး Dream က Tag ထားတဲ့ ခေါင်းစဉ်လေးပါ
အချစ်နဲ့ပတ်သက်လို့
ကျွန်တော့်မှာ ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပါဘူး

ကျွန်တော်နားလည်တဲ့အချစ်က
အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
အချစ်က ယစ်မူးစေတယ်
အချစ်က အချိန်ကို စားသုံးတယ်
အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
အချစ်က အထီးကျန်စေတယ်
အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်


အချစ်နဲ့ ပတ်သက်လာရင်
စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံမရှိတာမို့
နောက်ဆုံးအနေနဲ့
အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ
ဖြစ်တယ်ဆိုတာကို ပြောရင်းနဲ့
ညီမလေး Dream တစ်ယောက်လည်းကျေနပ်နိုင်ပါစေ .. ..

5 comments:

  1. အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်။
    အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်။ အင်းဟုတ်မယ်နော်..
    ဟိဟိ... ဥိးဦးရဲ့အချစ်ကိုနားလည်တာလေးကို
    သိသွားပြီ.. ဟိဟိ.. အခုလိုရေးပေးတာ
    ကျေးဇူးပါ.. ရေးပေးတဲ့အတွက်..ဦးဦးတစ်ယောက်..
    ကိုယ်ကိုသူ့ကချစ်သူ့ကိုကိုယ်ကချစ်နဲ့ ထာဝရ
    ပျော်ရွှင်စေနိုင်သော ဖြစ်ပါစေ လို့ ဆန္ဒ ပြုခဲ့ပါတယ်...
    :)) :) :)

    ReplyDelete
  2. တန်ဖိုးအရှိဆုံး လက်ဆောင်လေး ကို ပိုင်ဆိုင်ထားပြီးပြီလားဟင်

    ReplyDelete
  3. ဘာလဲ အချစ် ဆို တာ..နား လည်ဖို့ ကြိုး စား ရင်း နှ လုံး သား လေး က စကာ ပေါက် တွေ အပြ ည့် ဖြစ် သွား ခဲ့ တယ်...နာ ကျင် မှု တွေ ထည့် မ ပြော တော့ ပါ ဘူး...ဒါ လား အ ချစ် ဆို တာ...

    ReplyDelete
  4. အချစ်ကမှော်ဆရာတစ်ဦးဖြစ်တယ်တဲ့နော် အစ်ကို
    တန်ဖုန်းအရှိဆုံးလက်ဆောင်လေး ပိုင်ဆိုင်ထားပြီလားမသိဘူးနော် အစ်ကို

    ReplyDelete
  5. အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
    အချစ်က ယစ်မူးစေတယ်
    အချစ်က အချိန်ကို စားသုံးတယ်
    အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
    အချစ်က အထီးကျန်စေတယ်
    အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
    အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
    အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
    အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
    အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
    အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်

    ဒီလောက်ဆိုရင်ကိုပဲ လုံလောက်ပါပြီ ကိုဝင်းဇော်ရေ...။ အချစ်မှတ်စုတိုလေးတစ်ခုပြုစုလိုက်သလိုပဲပေါ့ဗျာ။

    ReplyDelete