ကဗျာဆရာအမေးနှင့် သူတို့အဖြေ
(၁)
ထောင်ထောင် ထောင်ထောင်နဲ့ အမောင်ဘယ်သူလဲ၊
ဆောင့်ကြွ ဆောင့်ကြွပေါ့ မာန ဆိုဟန်ရုပ် ကျွန်ုပ်ပါပဲ။
(၂)
ထောင်ထောင် ထောင်ထောင်နဲ့ နောက်တစ်ကောင် ဘယ်သူလဲကွ၊
ဟုန်းဟုန်းထ ရုန်းရုန်းကြွတဲ့ ဒေါသ ဆို လူတိုင်းမုန်း လူပုန်းကြီးဗျ။
(၃)
ထောင်ထောင် ထောင်ထောင်နဲ့ လှောင်သလို ဘယ်သူလဲဖြေ၊
မရမက ခဏခဏလိုချင်တဲ့ အပျိုစင်ကျွန်မ လောဘ ပါရှင်ရေ … ။
(၄)
မင်းတို့သုံးဦး ဝေးဝေးမှာရပ် ငါ့နားမကပ်ကြနဲ့၊
ဟုတ်ကဲ့ ဟုတ်ကဲ့ နှုတ်ဆက်ခဲ့ပါရဲ့ အထူး
အနုပညာ ကမ်းနဖူးမှာ ကဗျာရူး စာရူးဘဝနဲ့
ပန်းခူးကျန်ခဲ့ . . . . တဲ့ ။ ။
(အောင်သာဆန်း)
This comment has been removed by a blog administrator.
ReplyDeleteဟုတ်သလိုလိုကြီးပဲ..
ReplyDelete