ပဋိသန္ဓေတားဆေးလုံးများနှင့် သားအိမ်ခေါင်းကင်ဆာ
ပဋိသန္ဓေတားဆေးလုံးများသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို များစေသည် ဆိုသော်လည်း သောက်သုံးခြင်းကို ရပ်လိုက်လျှင် ရပ်လိုက်ချင်း ၄င်းကင်ဆာဖြစ်ပွားမှုနှုန်း ကျဆင်းသွားကြောင်း
Lancet လေ့လာမှုအရ အမျိုးသမီးပေါင်း (၅၂၀၀၀)ဦးသည် ပဋိသန္ဓေတားဆေးများ သုံးစွဲသည့် အချိန်ကာလ ကြာမြင့်လေလေ ကင်ဆာဖြစ်ပွားနှုန်း မြင့်တက်လေလေ ဖြစ်သည်ဟု ဆိုကြသည်။
ဗြိတိန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် တားဆေး မသုံးစွဲသူများတွင် ကင်ဆာဖြစ်ပွားမှုနှုန်းမှာ အမျိုးသမီး(၁၀၀၀)တွင် (၃.၈)ဦးရှိပြီး၊ တားဆေး (၅)နှစ် သုံးစွဲပြီးသူများမှာ (၁၀၀၀)ဦးမှာ (၄)ဦးရှိပြီး၊ (၁၀)နှစ် သုံးစွဲပြီးသူများတွင် (၁၀၀၀)ဦးတွင် (၄.၅)ဦးရှိကြောင်း ဆိုကြသည်။
(သတိပြု ဆင်ခြင်နိုင်ရန် ထပ်ဆင့် ဖော်ပြအပ်ပါသည်)
ကိုးကားချက်။ BBC Health News, စရဏမဂ္ဂဇင်းမှ ဒေါက်တာဝင်းအောင်၊ဆေး-၂။
no puedo leer nahh!
ReplyDelete