Sunday, December 6, 2009

အချိန်တွေ နှမြောတတ်ပါစေ

အချိန်တွေ နှမြောတတ်ပါစေ

ကျွန်တော်တို့ရဲ့ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ အလွန်ပဲ တိုတောင်းလွန်းတဲ့ အချိန်ကာလလေး ဖြစ်ပါတယ်။ ဒီတိုတောင်းလှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေတတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်မမြင်တတ်ဖို့ အလွန်မှ အရေးကြီးပါတယ်။ နောက်ပြီး တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်း စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။ စိတ်စေတနာကောင်း ရှိဖို့ အဓိကကျတာကို ဒီလို လေ့လာထားဖူး ပါတယ်။

(၁) စိတ်ကောင်းရှိဖို့က (ပထမ)
(၂) ၀ိနည်းလေးစားတတ်ဖို့က (ဒုတိယ)
(၃) ကျန်းမာဖို့က (တတိယ)
(၄) သန့်ရှင်းဖို့က (စတုတ္ထ)
(၅) အ၀တ်အစား ၀တ်တတ်ဖို့က (ပဉ္စမ)
(၆) အနေအထိုင်တတ်ဖို့က (ဆဋ္ဌမ)
(၇) အသွားအလာတတ်ဖို့က (သတ္တမ)
(၈) အပြောအဆိုတတ်ဖို့က (အဋ္ဌမ)
(၉) စည်းကမ်းလိုက်နာဖို့က (န၀မ)
(၁၀) စာတတ်ဖို့က (ဒသမ) ဆိုတာ ဖြစ်ပါတယ်။

လူတိုင်းကိုယ်စီ စိတ်ကောင်းရှိနေဖို့ ပဓာနကျတယ်ဆိုတာ ဘယ်အခါမှ သံသယ မဖြစ်မိပါဘူး။ လူတစ်ယောက်ဟာ စိတ်ကောင်း နှလုံးကောင်း ရှိနေမယ်ဆိုရင် ကျန်တဲ့အရာတွေမှာ အလိုက်သင့် ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိသူ တစ်ယောက်ဟာ ကိုယ်ကျင့်တရားပါ ကောင်းမွန်နေမယ်ဆိုရင် ကျန်လိုအပ်ချက် တွေကို ကြိုးစားဖြည့်ဆည်း လိုက်ရုံနဲ့ လူတော်တစ်ယောက် ဖြစ်လာမှာ ဧကန်အမှန်ဖြစ်ပါမယ်။

အမြဲပဲ မိမိစိတ်ဟာ ကောင်းတဲ့စိတ်လား၊ မကောင်းတဲ့စိတ်လား ဆိုတာကို မကြာမကြာ ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပါတယ်။ တကယ်လို့ လမ်းလွဲရောက်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊ အသိတွေဖြစ်နေခဲ့ရင် ဆင်ခြင်တုံဥာဏ်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ရင်းနဲ့ စိတ်ကောင်းသူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ယူနိုင်ရပါမယ်။ မိမိရဲ့ စိတ်နှလုံး ဖြူစင်နေမယ်၊ ငြိမ်းချမ်းနေမယ် ဆိုရင် သူတစ်ပါးကို ကြည့်တဲ့အခါ အပြစ်တွေကို မြင်မိမှာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်က ညစ်နွမ်းနေမယ်၊ မကြည်မလင်ဖြစ်နေမယ် ဆိုရင် ဘယ်အရာကို ကြည့်ကြည့် အပြစ်တွေပဲ မြင်နေမိမှာ သဘာဝပါ။ ဒါကြောင့် မိမိရဲ့စိတ်အစဉ်ကို သန့်ရှင်းကြည်လင် နေစေဖို့ အမြဲမွေးမြူပါလို့ ပြောချင်ပါတယ်။ ဒီလိုဆိုရင် လောကကြီးဟာ အကြည်းတန် မနေတော့ဘဲ သာယာလှပပြီး ပျော်ရွှင်စရာအတိနဲ့ အပြစ်ကင်းစင်နေတဲ့ မိမိပတ်ဝန်းကျင်ကို ထာဝရ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

တခဏတာ ရရှိထားတဲ့ ဘ၀သေးသေးလေး အချိန်တွေကို တစ်ယောက်အပေါ်တစ်ယောက် ရန်စောင် ငြူစူ စောင်းမြောင်း ကောက်ကျစ် ၀န်တိုမှုတွေ နဲ့အဓိပ္ပာယ်မဲ့ မကုန်ဆုံးကြပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။



32 comments:

  1. ဘာတွေစိတ်မကြည်မလင်ဖြစ်နေလို့ ဒီလိုအတွေးအရေး တွေရေးဖြစ်တာလဲနော်။ အဆင်မပြေတာ အခန့်မသင့်တာ ရှိရင် မျှအုန်းလေ။ စိတ်ထားကောင်းသူ ဖြစ်ချင်ပါတယ်၊ ကြိုးစားပြုပြင်တုန်းပါ။

    ReplyDelete
  2. စေတနာစကားတွေကို လေးလေးနက်နက် ယူသွားပါတယ်။ စိတ်ကောင်းချင်သူ အစ်ကိုဝင်းဇော်ရေ့

    ReplyDelete
  3. စိတ်ကောင်းလေး ထားနိုင်ရင်ကျန်တာတွေ နောက်က အလိုလို ဖြစ်လာတတ်တယ်လို့လဲ ယုံကြည်မိလို့
    6 Dec 09, 14:22
    မမ အတွက်ကတော့ စိတ်ကောင်းရှိဖို့ ပထမ၊ စိတ်ကောင်းရှိဖို့ ဒုတိယ၊ စိတ်ကောင်းရှိဖို့ တတိယ .. လို့ မှတ်ယူထားတယ်

    ReplyDelete
  4. ကိုဝင်းဇော်ရေ...
    ရောက်အောင်လာခဲ့တာ...။
    ဒီပို့စ်လေးဖတ်ရတာ...တစ်ကယ်ကျေးဇူးပါနော်ဗျာ...။

    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  5. စိတ်ကောင်းရှိဖို့ အရေးကြီးပါတယ် ကျန်တာတွေ က ဖြည့်လို့ရပါတယ်.

    ReplyDelete
  6. စာလေးတိုပေမယ့် ထားရှိတဲ့ စေတနာကို ယူသွားပါတယ်။

    ReplyDelete
  7. စာလေးတိုပေမယ့် ထားရှိတဲ့ စေတနာကို ယူသွားပါတယ်။

    ReplyDelete
  8. လူဆိုးလေးတစ်ယောက် သူ့ကိုယ်သူ လူဆိုးလေးပါလို့ ၀န်ခံရင် လူလိမ်မာ ဖြစ်နိုင်သလားပဲ။ ငှဲ ငှဲ ငှဲ ... သိနေတယ်နော့

    ReplyDelete
  9. ဘီယာအ၀ တိုက်ရင် လူကောင်းတစ်ယောက်လို့ ပြောပေးမယ်။ မဟုတ်လို့ကတော့ ဖွပြီးသားပဲ
    မယုံမရှိနဲ့နော် ... အာဟားးးး (ရှင်းပေတော့)

    ReplyDelete
  10. အတ္တလောကီသားတွေမို့ စိတ်ကောင်း ရာနှုံးပြည့်ရှိဘို့ ဆိုတာ မလွယ်ကူပေမယ့် ရာနှုံးများများ ရှိနိုင်အောင် အသိစိတ်လေးတွေ ကိုယ်စီ ရှိသင့်တယ် ထင်ပါတယ်

    ReplyDelete
  11. ဟုတ်ပါတယ် အကို
    စိတ်ကောင်းရှိ ဖို.က ပထမ ပါပဲ
    နောက်လည်း ဒီလိုစာလေးတွေရေးပါအုံး
    အားပေးနေ ပါတယ်ဗျာ။

    ReplyDelete
  12. မှန်ပါတယ် ကိုဝင်းဇော်ရေ ..
    အချိန်နဲ့ ဒီရေသည် လူကို မစောင့် တဲ့ ။
    လုပ်သင့်တာတွေ အချိန်ရှိခိုက် လုံ့ လစိုက်ပြီး လုပ်ကြ ရမယ် နော် ။။

    ခုတောင် အကျိုးရှိမဲ့ အနှစ် ၄၀ ကျော် ကုန်သွားတာ လေ ..
    ပြန်စ လို့ မရတော့ ဘူးတဲ့လား ။။

    ReplyDelete
  13. စိတ်ကောင်းဖို့ပဲ ကြိုးစားနေသူ တယောက်ပါ...ဒီစာလေး ဖတ်ပြီး ပိုကြိုးစားပါ့မယ်...ကျေးဇူး..း)

    ReplyDelete
  14. စိတ်ကောင်းရှိဖို့ ပထမဆိုတာကို သိရှိသဘောပေါက်ပြီး ကြိုးစားနေပါတယ်။

    ReplyDelete
  15. လူကောင်း သူကောင်းမဖြစ်သေးပေမယ့် အမှန်ပဲ ကြိုးစားနေပါတယ်

    ReplyDelete
  16. အဖေ အမေနဲ့ ပတ်သက်လာရင် ကိုယ်က ကလေးပဲလေ။ ခုထက်ထိတော့ လူဆိုး လုပ်ကောင်းတုန်းပါပဲ

    ReplyDelete
  17. တကယ့်ကို တန်ဘိုးရှိလှတဲ့ စကားတွေပါ အကိုဝင်းဇော်။ အမြဲတမ်းလိုက်နာ နိုင်အောင် ကြိုးစားမှတ်သားသွားပါတယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  18. ကောက်ကျစ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ

    တစ်ယောက်ကိုတစ်ယောက် အမျက်ဖျောက် ချီးမြှောက်ကြပါစို့ ...

    ReplyDelete
  19. ကင်းပုဇွန်၊ ကင်းမြီးကောက်၊ မြွေဟောက်နဲ့ မြွေပွေးတို့ရဲ့ အဆိပ်တွေက သူတို့ရဲ့ အမြီးဖျားမှာသာရှိသတဲ့။ ဒါပေမယ့် လူယုတ်တို့ရဲ့ အဆိပ်က ခန္ဓာတစ်ခုလုံးအနှံ့ ရှိတယ်ဆိုပဲ။ ဒါကြောင့် သူယုတ်မဖြစ်အောင် ကြိုးစားကြံဆောင် ကြတာပေါ့။ (ဆရာကြီး လေသံဖြင့် ပွားခဲ့ပါသည်။)

    ReplyDelete
  20. စာလာဖတ်သွားတယ် :)

    ReplyDelete
  21. အသိတွေပွားသွားပါတယ် ကိုဝင်းဇော်ရေ့ ..

    ReplyDelete
  22. စာတွေ လာဖတ်တယ်။

    ကွန်နက်ရှင်းက စိတ်ပိန်လောက်အောင် အခြေအနေဆိုးတာမို့ တော်တော်နဲ့ မရောက်ဖြစ်ခဲ့ဘူး။

    ReplyDelete
  23. အစ်ကိုဝင်းဇော်

    စိတ်ကောင်းရှိဖို့ ပဓာနကျတာ အမှန်ဆုံးပါပဲ။ နေနေတို့လည်း အပေါင်းအသင်းတွေကို ကြည့်ပေါင်းနေရတယ်၊ ဥပမာ ဟမ်းဖုန်းရှိတဲ့ သူငယ်ချင်းတွေဆို ဘယ်အချိန်က ရိုက်တားထဲ့ ပုံတွေ မူးဝစ်တွေလဲ မသိဘူး။ အမြဲတမ်း ကိုယ့်ကိုကို မလုံမခြုံဘူးလို့ ထင်နေရတယ်။

    ReplyDelete
  24. ခု ကွန့်မန့်က တတိယအကြိမ်မြောက်ပဲ၊ ပထမတစ်ခေါက် မန့်နေရင်း မီးပျက်လို့၊ စက်ကျသွားတယ်။ ဒုတိယတစ်ခေါက် လိုင်းကျသွားတယ် (ခုတောင် အဆင်ပြေပါ့မလားမသိ)

    (အချိန်ကို တန်ဖိုးရှိအောင် ကြိုးစားနေပါတယ်)

း-)

    ReplyDelete
  25. နေခြည်စာတွေ လာဖတ်ပါတယ်
    အစ်ကိုဝင်းဇော်လည်း ပျော်ရွှင်ပါစေ

    ReplyDelete
  26. အိမ်ရောက်ရဲ့သားနဲ့ ငါ့ကိုစောင့်မတွေ့တာ ဘာသဘောလဲ နောက်အင်္ဂါနေ့ ရှမ်းမုန့်တီ လုပ်စားမယ်။ ဆက်ဆက်လာခဲ့ပါ။

    လောဝ်ခမ်း

    ReplyDelete
  27. ဘယ်နေရာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် စိတ်ကောင်းရှိဖို့က ပထမပဲနော် စိတ်ကောင်းနှလုံးကောင်းထားနိုင်အောင် ကြိုးစားအားထုတ်ရဦးမယ် ကိုဝင်းဇော်ရေ.....

    ReplyDelete
  28. ခက်ခက်ခဲခဲနဲ့ ရောက်လာ စာဖတ်သွားတယ်နော်

    ReplyDelete
  29. ထင်ပေါ်ကျော်ကြားမှုသည် ရေခိုးရေငွေ့မျှသာဖြစ်ပြီး လူသိများမှုက မတော်တဆအဖြစ်အပျက် တစ်ခုဖြစ်တယ်။ ချမ်းသာမှုမှာလည်း အချိန်မရွေး ပျံသန်းသွားနိုင်သည့် အတောင်ပံများ ရှိသည်။ ဘ၀တွင် တည်မြဲသည့် တစ်ခုတည်းသော အရာမှာ ကိုယ်ကျင့်သိက္ခာသာ ဖြစ်သည်။

    (ကမ္ဘာကျော်တစ်ယောက်ရဲ့ အဆိုအမိန့်ပါ၊ ဘယ်သူဆိုတာ မှတ်မိတော့ဘူး)

    ReplyDelete
  30. ဟုတ်ပါတယ်...စိတ်ကောင်းလေးထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ...

    ReplyDelete
  31. တွေးတွေးပြီး ဖတ်သွားပါတယ်။
    စိတ်ကောင်းရှိဖို့က အဓိကပါ။

    အဆင်ပြေပါစေ

    ReplyDelete
  32. ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ် နောင်တစ်ချိန် ရင့်ကျက်လာရင်တော့ အမှန်ပဲ စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်စေမှာပါ။ ကျေးဇူးနော်

    ReplyDelete