Saturday, April 18, 2009

အတွေ့ချင်ဆုံး ၁၀ ယောက်


နှစ်သစ်ကို အွန်လိုင်းပေါ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့ ပို့သတဲ့ မေတ္တာတွေ အနန္တနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ အမှန်လဲ စိတ်နှလုံး အေးချမ်းခဲ့ပါတယ်။ သင်္ကြန်ရက်အတွင်း ပို့စ်အသစ် တင်မဖြစ်ခဲ့ပေမယ့် စီဗုံးမှာ ပျော်ပျော်ကြီး ရေလာလောင်းကြတဲ့ သူငယ်ချင်းတွေရဲ့ နှုတ်ဆက်စကား တွေကြောင့် တကယ်ပဲ ရင်ထဲ လှိုက်လှဲစွာ ကြည်နူး ခဲ့ရပါတယ်။ ဘလောဂ့်ကို စိတ်ဝင်တစားနဲ့ ရေးခဲ့တာ ၄-၄-၀၉ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်နှစ် ဆိုတဲ့ ကာလအတွင်းမှာ အွန်လိုင်းပေါ်က ခင်မင်ခွင့်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ မှတ်သားထားတဲ့ ဒိုင်ယာရီထဲ ပြန်စစ်ကြည့်တော့ ၄၈၀ ကျော် ၅၀၀ နီးပါး ရှိခဲ့ပါတယ်။ ကနဦး ခင်မင်ခဲ့တဲ့ ဘလောဂ်ဂါတွေ မထင်မရှား ကွယ်ပျောက်သွားခဲ့ ကြသလို၊ မကြာမတင် လင်းလက်လာတဲ့ ဘလောဂ်ဂါလက်သစ် တွေအဆုံး ဖြစ်ပါတယ်။ ၀န်ခံရရင် အွန်လိုင်းပေါ် မိတ်ဆွေ သူငယ်ချင်းတွေ အရေအတွက် များပေမယ့် အပြင် လက်တွေ့မှာတော့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်တဲ့ သူငယ်ချင်း ဆိုလို့ ကနေ့အထိ တစ်ယောက်မှ မရှိခဲ့သေးတာတော့ အမှန်ဖြစ်ပါတယ်။ ခရီးတွင်တွင် သွားနေရတဲ့ ကျွန်တော့်ရဲ့ အားနည်းချက်လည်း ပါမယ် ထင်ပါတယ်။

" တွေ့ဖူးချင်ဆုံး ၁၀ ယောက် " ဆိုပြီး လိပ်ပြာလေး က သင်္ကြန်ရက်အတွင်း Tag ထားခဲ့ပါတယ်။ လိပ်ပြာလေး ရေးတဲ့ မူရင်းပို့စ် ကိုတော့ အကြိမ်ကြိမ်ကြိုးစားပြီး ဖွင့်ပေမယ့် သူ့ဘလောဂ့်အိမ်ကို ဖွင့်မရခဲ့ပါဘူး။ Tag ခေါင်းစဉ်က " တွေ့ဖူးချင်ဆုံး ၁၀ ယောက် " လို့ ဆိုထားတဲ့အတွက် မျက်နှာလိုက်စရာ ဖြစ်လာပါတယ်။ ဖြစ်ချင်တဲ့ ရင်တွင်း ဆန္ဒကတော့ စာရေးဖော် စာရေးဖက်၊ စာဖတ်ဖော် စာဖတ်ဖက် အွန်လိုင်း သူငယ်ချင်း အားလုံးကို တွေ့ဖူး မြင်ဖူး ချင်ပါတယ်။ လောဘကြီးလွန်းတယ်လို့ ထင်မိမလားပဲဗျာ။ တတ်နိုင်ဘူးလေ ကန့်သတ်ချက်လေးနဲ့မှ ပျော်စရာ ကောင်းမှာပါ။

ကျွန်တော့်အတွက် တွေ့ဖူးချင်ဆုံး ၁၀ ယောက်က မိန်းကလေး ၁၀ ယောက်လုံး ဖြစ်နေရင်တော့ ပြောစမှတ် ဖြစ်မယ် ထင်ပါတယ်။ ဒီအတွက် ပြဿနာတော့ ရှိမယ် ဖြစ်မယ် မထင်ပါဘူး။ ကျားကျားချင်းတော့ လမ်းမှာမတွေ့ ဖြစ်ရင်တော့ တိရစ္ဆာန်ရုံသွားကြည့်လည်း တွေ့နိုင်သေးတာပဲ မဟုတ်လား။ (၀ိုင်းရိုက်ရင်တော့ ပြေးပြီသာမှတ်) တွေ့ဖူးချင်တဲ့ ဒီ ၁၀ ယောက် ထဲမှာလည်း ကျွန်တော့်ကို ကြည့်မရနိုင်အောင် သိပ်မုန်းနေတဲ့ မိန်းကလေးတွေလည်း ပါပါတယ်။ မုန်းနေပေမယ့် တွေ့ဖူးချင် သေးတဲ့ ဆန္ဒကို မဖုံးဖိနိုင်တာတော့ အမှန်ဖြစ်ပါတယ်။ ကျွန်တော် အတွေ့ချင်ဆုံး မိန်းကလေး ၁၀ ယောက်တော့ .. ..

လိပ်ပြာလေး ကျွန်တော့်ကို Tag ထားလို့ တွေ့ဖူးချင်တာပါ။
မီကူးမီ ဘာမှ ဟုတ်ပါဘူး၊ တွေ့ဖူးချင်တာပါ။
ပန်းခင်းလေး မအားမလပ်တဲ့ ကုမ္ပဏီအလုပ်တွေကြားက ကောင်မလေး။
ချင်းမလေး စကားပြောတာ မပီတဲ့ ကလေးမလေး။
ငှက်ငယ်လေး ပို့စ်အသစ်တင်တိုင်း အသိပေးတယ်။
မီးလေးဇာ အကြွားပိုပြီး အမြဲ ၀ိတ်လျော့နေတဲ့ အစ်မ။
ကောင်းကင်ဖြူ အမြဲ အကူအညီတောင်းပေမယ့် တစ်ခါမှ လုပ်မပေးနိုင်လို့ အမှတ်တရ ဖြစ်စေတယ်။
ကောင်းကင်ပြာ ရှမ်းပြည်တောင်ပိုင်းက ရွာငံသူ မို့လို့။
မေတ္တာရောင်ပြန် ရုံးမသွားခင်မနက်တိုင်း ၀င်နှုတ်ဆက်နေတတ်လို့။
မခင်ဦးမေ ဓာတ်ပုံတစ်ခု၊ စာတစ်ကြောင်းနဲ့ ကွန်မင့် ၁၀၀ ကျော်ရအောင် လုပ်နိုင်လို့။

တွေ့ဖူးချင်ဆုံး ၁၀ ယောက် တော့ ပြည့်သွားပြီ ဖြစ်ပါတယ်။ အမှန်တော့ အပေါ်က ပြောခဲ့သလိုပဲ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို တွေ့ဖူးချင်တာ တကယ့်ဆန္ဒအမှန်ပါ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ ဘ၀သေးသေးလေးမှာ နေပျော်သလို နေနေရပါတယ်။ ကျန်ရှိနေတဲ့ သူငယ်ချင်းတွေလဲ စိတ်မကွပ်ဖို့ အသိပေး တောင်းပန်ချင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်နိုင်ကြ ပါစေဗျာ။


43 comments:

  1. ဘာဖြစ်ဖြစ် စိတ်ဆိုးတယ်.. လာမခေါ်နဲ့ ဒါပဲ။

    ReplyDelete
  2. ကိုကိုနော် တော်တော်ကဲ
    ကောင်မလေးတွေကိုပဲ မြင်ဖူးချင်တယ်ဆိုပဲ

    လေးစားတယ်

    ReplyDelete
  3. ကွန်ဂရက်ကျူလေးရှင်းပါ။
    တစ်နှစ်ပြည့်ပြီးသွားတာတောင် မသိလိုက်ရဘူး။
    ဒါမျိုးကျတော့ ကျွေးရမှာစိုးတာနဲ့ ပြောမပြဘူး။
    ပျော်ရွှင်စွာနဲ့ စာတွေ ရေးသားနိုင်ပါစေ

    ခင်မင်လျက်

    ReplyDelete
  4. မကျေမချမ်းဖြစ်သွားတယ်
    တို့နာမည်မပါလို့ ..
    တို့ကိုမတွေ့ချင်လို့ .. ဆိုတာသိရလို့

    (စတာ ငိုမနေနဲ့အုန်း)

    ReplyDelete
  5. ၁၀ နဲ့ မြှောက်ပြီး ၁၀၀ ပြည့်အောင် ရေးလိုက်ရင်ပြီးရော...း)

    ReplyDelete
  6. တွေ့ချင်တဲ့ ၁၀ ယောက်ထဲမှာ အမ ပါတဲ့ အတွက်ပျော်စရာပါ၊ တို့မောင်နှမတွေ တနေ့နေ့ တွေ့မှာ ပါ

    ReplyDelete
  7. တွေ့ကြသေးတာပေါ့လေ....
    (တနေ့နေ့ကျရင် တွေ့ကြမယ်လို့ပြောချင်တာပါ) ဟီဟိ

    ReplyDelete
  8. အန်တီ့ကိုတော့ မတွေ့ချင်ဘူးပေါ့လေ... နေပေါ့ ...

    ReplyDelete
  9. မရဘူးအေ ... စိတ်ကွက်သွားပြီ. .....

    ဟဲ ... စတာနော် .... တစ်နှစ်ပြည့်သွားတာတောင် မသိလိုက်ဘူး ... ဘလော့လောကကနေ ခဏအနားယူနေမိလို့ ....

    ReplyDelete
  10. မမ KOM ကိုတွေ့ချင်တဲ့သူတွေ များလာပြီ...

    ReplyDelete
  11. ကိုအောင်သာငယ် ပြောတာလည်း ဟုတ်သလိုလိုပဲ... ၁၀ ချင်းမြှောက်လိုက် ပီးရော.. :D

    ReplyDelete
  12. အကို ကကြီး ကတော့ ဆိုး ပြီ..။
    ဒီလောက် နေ့ တိုင်းတွေ့ နေ တဲ့သူ ကိုတောင်တစ် နှစ် ပြည့် ဘာမှမလုပ်ပေးဘူး..။
    မကျေနပ်ဘူး...။

    ReplyDelete
  13. နေပေါ့ ရပါတယ် သားကိုကျတော့ တွေ့ချင်ဘူးပေါ့ ဟွန်းးးးး စိတ်ကောက်တယ် သားလဲ ဦးဝယ်လ်ကမ်း ကြီးကို တွေ့ချင်တော့ဘူး ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးး

    အဟား အကိုရေ စတာ စိတ်ဆိုးနဲ့ ပျော်ရွှင်ပါစေ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  14. ဟီးးးးးး စိတ်ဆိုးတယ်ပဲ ရဘူး သူများလည်းမိန်းကလေးပဲကိုတွေ့ချင်တဲ့အထဲ့ပါဘူး :P
    ဟိဟိ စတာနော်

    ReplyDelete
  15. ဟား ဟား
    တို့ အကို ကြီးတော့ လုပ်ပြီး
    ကျား ကျားချင်းတွေ့ ချင်တရ်ဆို တိရိစ္ဆာရုံမှာ ကြည့်မယ်တဲ့
    မမ တွေ နဲ့ တွေ့ ပေါ့
    ပျော်ရွှင်ပါစေ

    ReplyDelete
  16. အင်းလေ အဲ့တာတော့ ဘက်လိုက်တာပေါ့ မောင်မျိုးတို့ကိုတော့ တွေ့ချင်လားမတွေ့ချင်လားမသိ အွန်လိုင်းမှာတောင် block ပေးခံထိသွားတယ် ကောင်းကော :P

    ReplyDelete
  17.ိကိုဝင်းဇော်ကြိးနော်။ အနော့ကျတော့ပါဘူး။ ငယ်လေးတယောက်ထဲတွေ့ ဘူးချင်တယ်။
    ခုဖွင့်လို့ရပါပြီဗျာ။ သူ့ ဘလော့ကို။
    သားသားလဲပါချင်တာပေါ့။
    စတာနော်။ တနှစ်ပြည့်တာတောင်ပြောဘူးကြည့်။

    ReplyDelete
  18. စကားကို ပလ္လင်ခံထားတော့လည်း စိတ်မကွက်ပဲနေရတာပ :D

    ReplyDelete
  19. ကျွန်တော့်ကို ကြည့်မရနိုင်အောင် သိပ်မုန်းနေတဲ့ မိန်းကလေးတွေလည်း ပါပါတယ်။ <<< ဆိုတာ အဒူလဲဟင်

    ကိုဝင်းဇော်ပြောတဲ့ ဓာတ်ပုံတစ်ပုံ စာတစ်ကြောင်းနဲ့ Comment တစ်ရာကျော်ရတဲ့ မခင်ဦးမေကတော့ ပြောစမှတ်ပဲနော။

    ReplyDelete
  20. ကိုဝင်းဇော်ရေ
    သတိတရလာလည်ဖတ်ပါတယ်
    ပျော်ရွှင် အဆင်ပြေပါစေ

    ReplyDelete
  21. မတွေ့ချင်လည်းနေပါရပါတယ်။ တို့တွေက အကြီးတွေဖြစ်နေတော့ သဘောထားကြီးကြီးနဲ့ နားလည်ပေးနိုင်ပါတယ်။ စိတ်ဆိုးသွားတယ်ထင်ရင်လည်း ရန်ကုန်ပြန်လာမှ ထမင်းလိုက်ကျွေးပေါ့။ (ကိုဧရာက ရှမ်းစာ ကြိုက်ပါတယ်။)

    ReplyDelete
  22. ကိုဝင်းဇော် တွေ့ဖူးချင်တဲ့သူတွေကို ပုလဲလည်း တွေ့ဖူးချင်တယ် ဟီးးး
    မောင်နှမတွေဆိုတော့ အကုန်လုံးကိုတော့ တွေ့ချင်သားဗျ နော့်း)

    ReplyDelete
  23. ဦးဦးဝင်းဇော်တွေ့ဖူးချင်တဲ့ ၁၀ ကို ဓာတ်ပုံရိုက်ထား.. နောက်ကျရင် မက်မက်တို့ကိုလည်း ပြ... ဟိဟိ.. တချက်ခုတ်နှစ်ချက်ပြတ်... မက်မက်တို့လည်း တွေ့ဖူးလို့ရတာပေါ့.. ခစ်ခစ်...

    :P

    ReplyDelete
  24. စီနီယာကြီး လာလာလည်တယ် ..

    နှစ်သစ်မှာ ပျော်၇ွှင်ပါစေ

    ReplyDelete
  25. မျက်နှာလိုက်တယ်ပေါ့၊ တို့လဲတွေ့ဖူးချင်တယ်၊ အဲဒီထဲမှာ ကိုဝင်းဇော်မပါဘူး .. အဟဲ ဟဲ

    ReplyDelete
  26. မီးမီးကိုလည်း တွေ့ဖူးချင်တဲ့ သူထဲမပါလို့ စိတ်ကောက်တယ်။ တစ်နှစ်ပြည့်တာကိုလဲ ဘာမှ မကျွေးဘူး၊ ကိုဝင်းဇော်ကြီး များတော့ များနေပြီနော်. ကိုဝင်းဇော်တွေ့ဖူးချင်တဲ့ သူတွေထဲမှာ မီးမီးလည်း တွေ့ဖူးချင်တဲ့သူတွေ များတယ်။

    ReplyDelete
  27. ဟိုင်း ဟိုင်း
    မျက်နှာလိုက်တာတော့ မကောင်းဘူးဗျို့ ..
    တဂ်စာလေး ဖတ်သွားတယ်

    ပျော်ရွှင်ပါစေ

    ReplyDelete
  28. ဦး welcome ရဲ့ ရင်ထဲက ၁၀ ယောက်ကိုလာကြည့်သွားတယ် ..

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  29. တွေ့ဖူးချင်တယ် အားလုံးကို အဟဲ (ကျား) မပါဘူး၊
    ပျော်၇ွင်ပါစေ

    ReplyDelete
  30. ကိုဝဲကုတ်ကြီး မလွန်ဘူးလား။ မြွေ..မြွေခြင်း
    ခြေမြင်တယ်နော်...။ သွားလူဇိုး ရေလဲ မချိုးဘူး
    အဟစ်ဟစ်ဟစ်ဟစ်

    ReplyDelete
  31. ဟဟ.. ရယ်ချင်သွားတယ်.. မောင်ဝင်းဇော်ရေ..
    အကြောင်းသိတွေမို့ပါ...
    မောင်ဝင်းဇော် အတွေ့ချင်ဆုံး ညီမလေး၊ ၁၀ ယောက်နဲ့
    အပြင်မှာတွေ့ဆုံနိုင်ပါစေကွယ်... အဲ ..မမတစ်ယောက်ပါတယ်.း) မမKom

    အစ်မလည်းရေးရဦးမယ်.. မျက်နှာလိုက်စရာဖြစ်နေလို့
    ဇယားချပြီး စဉ်းစားနေရတာ.း)

    ပျော်ရွှင်ပါစေ.

    ReplyDelete
  32. ဟွန့် နာလည်းပါဘူး...
    first lady လို့ပဲ သဘောထားလိုက်ပါ့မယ်

    ReplyDelete
  33. တဖက်သတ်ကိုကိုပေါ့ ..

    ပျော်ရွှင်ပါစေ

    ReplyDelete
  34. မေလည်း မကျေနပ်ဘူးနော် သိထားဖို့က။

    ကိုဝင်းဇော်တွေ့ဖူးချင်တဲ့သူတွေကိုလည်း

    တွေ့ဖူးချင်စမ်းပါတယ်။ အလှပဂေးတွေမို့လား။

    ReplyDelete
  35. များတော့များနေပြီ၊ လူတွေလည်း သိကုန်ပြီး..

    ReplyDelete
  36. အကြောင်းသိတွေဆိုတော့ ငါ့နာမည် မပါဘူးတော့ ဟုတ်လား။ တွေ့မယ်။ ကျပ်၂သတိထားပါ။

    ReplyDelete
  37. တနှစ်ဆိုတဲ့အချိန်က ပြောတော့ ခဏလေးပေမယ့် ဖြတ်သန်းလာရတဲ့ အချိန်တွေကို လေးစားတယ်။
    ရေးသားလာတဲ့ စာတွေ ပိုခိုင်မာလာတယ်လို့ ထင်မိတယ်။ ပျော်ပျော်ကြီး ဆက်ရေးသားနိုင် ပါစေဗျာ။

    ReplyDelete
  38. နှင်းဆီတို့နာမည်မပါလို့ ဘယ်လိုမှ စိတ်မချမ်းသာ နိုင်ဘူး (စတာနော်)
    အယောက် ၁၀၀ ဆိုရင် ပါနိုင်မလားပဲ။
    မေ့မထားပါနဲ့လို့ ပြောချင်တယ် (အဟဲ)

    ReplyDelete
  39. စာကြွေ်းတွေ လာဖတ်တယ်။ မကျေမနပ်နဲ့ပါ။
    နောက်ဆို ဘီယာဘိုးမင်းပဲရှင်း တော့။

    ReplyDelete
  40. ရေးပေးမယ်နော်။ အခု မိရောင်တို့ သူများအကျိုးဆောင်နေရလို့။ ဟိဟိ


    ခင်တဲ့
    မေတ္တာရောင်ပြန်

    ReplyDelete
  41. တစ်နှစ်ပြေည့်လည်း ဘာမှ မကျွေးဘူး။ အသိလည်း မပေးဘူး။ တွေ့ချင်တဲ့ အထဲမှာလည်း မေတို့ မပါဘူး။ စက်ရက်တယ်။ ဒါပဲပြောချင်တယ်။

    ReplyDelete
  42. မုန်းတဲ့သူကိုလဲ တွေ့ဖူးချင်သေးတယ် ဆိုတော့ ချစ်ခဲ့တုန်းက မတွေ့ခဲ့ရဘူးနဲ့ ထင်တယ်။ ငါမှန်းတာ မမှားရင်ပေါ့။ အွန်လိုင်း အချစ်၊ အွန်လိုင်းအချစ် ..

    ReplyDelete
  43. ရမလား..မပါလို့



    အဟဲ

    ReplyDelete