Thursday, April 9, 2009

လေမဖြတ်အောင် အခါးရည်ကို ဆောင်

ခုနှစ်ရန်ကုန်နွေက မတ်လဆန်း ကတည်းက ပြင်းပြစွာနဲ့ လူတိုင်းကို ပူလောင်စွာ ခံစားစေခဲ့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ အပူဒဏ်ကို လူးလူးလှိမ်းလှိမ့် ထိတွေ့နေရတယ်။ အပူဒဏ်ကာကွယ်ဖို့ လူလုပ် ဇိမ်ခံ ပစ္စည်းတွေဖြစ်တဲ့ အဲကွန်းနဲ့ ပန်ကာကလည်း ချစ်ဖေကြီး မီးကမလာတော့ ဆွေးရတယ်။ မီးမလာတော့ ချစ်သမီး ရေက မလာပြန်ဘူး ဒါနဲ့ လွမ်းစရာလေး ထပ်ပြန်ရော။ ဆွေးတာတွေ လွမ်းတာတွေ ကင်းဝေးဖို့ ရေသန့်ဘူးကို အဖော်လုပ်ပြီး ဆိုက်ဘာဆိုင် ဆီကိုပဲ ခြေဦးလှည့် နေမိတယ်။ တစ်ရက် နှစ်ရက်ဆို ဆိုင်ရှင်က ကြည်ဖြူစွာနဲ့ ကြိုဆိုပါရဲ့။ သုံးရက် လေးရက်ကြာရင် ဆိုင်က သိပ်မကြည်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က လှေကား ရှည်ရှည်နဲ့ မသွားရဘူးဆိုပြီး ကာဖြူးထုတ်ထားတဲ့ ဘလောဂ့်ရွာတွေကို အကုန်လျှောက်သွား နေလို့လေ။ ဒါကြောင့် သူ့စီးပွားရေးကို တုတ်နဲ့ အထိုးခံရမှာကြောက်တာနဲ့ ဆိုင်ရှင်က ကျွန်တော့်ကိုတွေ့ရင် လှန့်နေတာ။ မကောင်းကြံတာ မဟုတ်ပေမယ့် ကိုယ်မှာ သွားလည်စရာ ဒီဘလောဂ့် အိမ်လေးတွေပဲ ရှိတာကြောင့် နားလည်ပေး စေချင်ပါတယ်။ ဥတုပူလို့ ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်။ ဆေးအလျင်မီလို့ ခုလို ပြန်တွေ့နိုင်တာပါ။ ဆေးခန်းဒေါက်ဒေါက်က မှာလိုက်တယ် ဒီလို ရာသီမှာ ရေသန့်ဗူး သောက်တာထက် ရေကျက်အေး ဖြစ်ဖြစ် ရေနွေးကြမ်း (အခါးရည်) ဖြစ်ဖြစ် သောက်တာ ပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်။

လဖက်ရည်ကြမ်း တစ်နေ့ သုံးခွက် သောက်သုံးဖြစ်မယ် ဆိုရင် လေဖြတ်ခြင်း အန္တရာယ်ကနေ သိသာထင်ရှားစွာ လျော့နည်းစေတယ်လို့ သိရပါတယ်။ လူကြီးပိုင်းမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့ လက်ဖက်ရည်ကြမ်း ထဲမှာ ကမဲလီးယားအပင်ကနေ ပြုပြင်ထားတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်တယ်လို့ သိရပါတယ်။ လူတွေက လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့အထ ကနေ လေဖြတ်တဲ့ ရောဂါဆိုးကို ကာကွယ်နိုင်ကြောင်းကို သိသူ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ များသောအားဖြင့် လေဖြတ်ဝေဒနာ ခံစားလာကြတဲ့ အခါမှသာ ဆေးဝါးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းသည် အလွန်လျင်မြန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပြီး လေဖြတ်ဝေဒနာရှင်တွေ အနေနဲ့ ဆေးဝါးကုသမှု ခံယူရာမှာ အလွန် နောက်ကျတတ်ကြ ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက် သောက်သုံးခြင်းဖြင့် လေဖြတ်ခြင်း ဝေဒနာကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် လေဖြတ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တင်ကြို ကာကွယ်မှု ပြုရာရောက်တယ်လို့ သိရှိပါတယ်။

ရှမ်းပြည် တောဘက်မှာတော့ အိမ်လည်က မီးဖိုဘေးမှာ မြေအိုးလေးထဲ လက်ဖက်ခြောက်ခပ်ပြီး တနေကုန် သောက်နေတတ်တဲ့ တောင်သူတွေကို တွေ့ဖူးတယ်။ ပင်လောင်းဘက်က အရွက် သေးမျှင်မျှင်နဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်တွေဆို နာမည်ကြီးတယ်။ တာရှည် သိုလှောင်ထားလဲ မှိုမတက်ဘူး။ နောက် ဟဲဟိုးဘက်က ပလောင် လက်ဖက်ခြောက်လဲပဲ ရေနွေးထဲမှာ စိမ်းဖန့်ဖန့်နဲ့ မို့ သောက်ရတာ ခံတွင်းတွေ့စေတယ်။ အင်းသားတွေကျတော့ လက်ဖက်ခြောက်ကို လှော်ပြီးမှ သောက်ကြတယ်။ ထူးခြားတဲ့ လက်ဖက်ရည်ကြမ်း အရသာကို ဖြစ်စေတယ်။ နောက် နှမ်းလှော်ပြီး လက်ဖက်ခြောက်နဲ့အတူ ထည့်သောက် ကြသေးတယ်။ ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။ မြောက်ပိုင်းက ရွှေဖီမိုးလွတ် လက်ဖက်ခြောက်တွေလဲ နာမည်ကြီးတယ်။ ဒီဘက်ခေတ်မှာတော့ လက်ဖက်ခြောက် အနံ့ကို စပယ်ပန်းအနံ့နဲ့ ပြုပြင်ပြီး လှပသေသပ်တဲ့ သံဗူးတွေနဲ့ ပြည်ပပို့ကုန်အနေနဲ့ တရုတ်ဘက်က ၀င်လာတာ များတယ်။ စပယ်ပန်းအနံ့နဲ့မို့ လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့ကို ပိုစွဲမက်စေပါတယ်။ အ၀ါရောင် Auramine O ဆိုးဆေးကြောင့် လက်ဖက်အစိုတွေ ဈေးကွက်ပျက်ချိန်မှာ လက်ဖက်ခြောက်ပွဲရုံ ပိုင်ရှင် သူငယ်ချင်း စိုင်းနောင့် အတွက် အခမဲ့လက်ဖက်ခြောက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ .. ဆန္ဒပြုလိုက်ပါတယ်။


လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြစဉ်



( ပုံတွေကို google image ကနေ ယူထားတယ်နော် )

39 comments:

  1. လဘက်ရည်ဆိုင်က ခပ်ပေါပေါ အခါးရည်တော့ အမြဲ သောက်ဖြစ်တယ်။

    နှစ်သစ်မှာ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့ပါစေ

    ReplyDelete
  2. သင်္ကြန်မတိုင်ခင် သင်္ကြန်မိုးများများရွာလျှင် အပူသက်သာနိုင်သည်ဟု ခိုင်လုံသော မိုးလေ၀သ သတင်းက ကျေညာသွားပါတယ်။

    ပုံ / မိုးဇလ ..

    ReplyDelete
  3. တားမြစ် ကန့်သတ်နယ်မြေထဲ အလည်လွန်နေသော ကိုဝဲလ်ကမ်း စခန်းကို အမြန် သတင်းပို့ .. ..
    (စတာ)
    (အဟိ ခြိတ်ချိုးနဲ့၊ အနော်လဲ ပါတယ်နော်)

    ReplyDelete
  4. အဟား အကိုရေ ကျနော်တို့ကတော့ လက်ဖက်ရည်မခေါ်ဘူးဗျ အခါးရည်ပဲ ခေါ်တာပဲ။ လက်ဖက်ရည်ဆိုတာ ဆိုင်တွေမှာ ရောင်းတဲ့ နို့ဆီတွေ ထဲ့သောက်တာကို ခေါ်တာကိုးးး အဲ့ဒီဆိုင်တွေက ချပေးတဲ့ အလကားသောက်ရတာကို အခါးရည်လို့ ခေါ်တယ် ပြောရင် သောက်ချင်လာပြီ...

    အခါးရည် တအိုးပေးပါဗျို့.... စကားမစပ် အဆင်မပြေရင် ဘလော့ အရမ်းမလည်နဲ့ဦးနော့် ချစ်ဖေကြီးတို့၊ ချစ်သမီးတို့ အဆင်ပြေရင်တော့ ကောင်းမယ်ဗျာ..

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. ရေနွေးကြမ်း
    အခါးရည်
    အဖန်ရည်
    လက်ဖက်ရည်ကြမ်း
    ကိုယ်လဲ အလကားသာတီးနေတာ
    မခွဲခြားတတ်ဘူး
    waiter ကို
    (အေ့ ဆိုပြီး ကုန်နေတဲ့ ဓာတ်ဘူးကိုလက်ညိုးပဲ ထိုးပြတတ်တယ်)

    နှစ်သစ်မှာ ဂွတ်တစွာ ပျော်ရွှင်ပါစေ

    ReplyDelete
  6. ဟုတ်တယ်နော်..နေပူပူမှာ ရေအေးအေးသာ သောက်ချင်ပေမယ့် အသောက်များသွားပြီးရင် လည်ပင်းနာပြီး အဆင်မပြေလှပါဘူး..ရေနွေးကြမ်းကို အအေးခံပြီး သောက်ဖြစ်ပါတယ်..လက်ဖက်ခြောက်ကတော့ မျိုးစုံပဲ..ကောက်ညှင်းမွှေး နဲ့ စပယ်တော့ အသုံးများတယ်..။

    လှေကားရှည်နဲ့ တက်ရတဲ့ နယ်မြေတွေသွားဖို့ လှေကားထောင်နေရတာ အခုတလော အဆင်မပြေလှဘူးနော်..:)

    ကိုဝင်းဇော်..သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..တောင်ကြီးမှာ အိုင်စီလာမှာဆိုတော့တော်တော်စည်မှာပဲ..ပုံလေးတွေတင်ပေးပါဦးနော်..။

    ReplyDelete
  7. ကိုဝင်းဇော် လက်ဖက်ရည်ကြမ်းသောက်ရင် လေဖြတ်တာကို ကာကွယ်တယ် ဆိုတော့ကောင်းပါတယ်... နည်းလေး၁ခုရသွားပါတယ်.

    ReplyDelete
  8. ကိုဝင်းဇော် လက်ဖက်ရည်ကြမ်းသောက်ရင် လေဖြတ်တာကို ကာကွယ်တယ် ဆိုတော့ကောင်းပါတယ်... နည်းလေး၁ခုရသွားပါတယ်.

    ReplyDelete
  9. သူပူတာနဲ့ပဲ အကုန်လျှောက်လုပ်မနေနဲ့။
    လူကြီးတွေကပြောတယ် အခါးရည်သောက်ရင်
    အမွှေးအမျှင် များတယ်ဆိုလားမသိ ဟိဟိ
    ရီစရာပြောတာနော် ..

    happy new year !!!!! ဖြစ်ပါစေ

    ReplyDelete
  10. အခါးရေ ။ ရေနွေးကြမ်း။ အဖန်ရေ ဘယ်လိုခေါ် ခေါ် ရေငတ်ပြေစေတာတော့ အမှန်ပါဘဲ ။ ပြီးတော့ green tea ဆိုတာကလည်း ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိတယ်ပြောကြတယ် ။ အလှကြိုက်သူများအတွက် အဆီဓါတ်ကိုလည်းလျှော့ချပေးတယ် ဆိုပြီး အရောင်းသွက်နေကြတာဘဲ ။ ဟုတ် မဟုတ်တော့ မပြောတတ်ဘူး ။ စီးပွားရေးသမားတွေကတော့ကြော်ငြာနေကြတယ်လေ ။
    အကျော် အခွတော်တဲ့ကိုဝင်းဇော်ကတော့  လေမဖြတ်နိုင်ပါဘူးနော် ။။။ လေ့ကျင့်ခဏ်းတွေ နေ့ တိုင်းလုပ်နေတာဘဲဟာ။ ဟဲဟဲ။

    ReplyDelete
  11. ဟိုနေ့က တိုက်အောက်မှာ လှေကားထမ်းပြီး လျှောက်သွားနေတာ တို့ကိုဝင်းဇော်ကြီးမှန်း မသိဘူး။ ဟီ ဟီ ဟီ ။ ဒီလိုမှန်းသိ အခါးရည် သောက်ဖို့ ခေါ်ပါတယ်။ ကပ်စီးမနဲတတ်ပါဘူး။

    သင်္ကြန်တွင်း ဘယ်တွေဒိုးအုန်းမလဲ။
    နှစ်သစ်မှာ ပျော်ရွှင်စွာနဲ့ အပန်းဖြေနိုင်ပါစေ။

    ReplyDelete
  12. ဒီမှာတော့ အမြဲ ရေနွေးသောက်တယ် ကိုဝင်းဇော်ရေ၊

    ReplyDelete
  13. အစ်ကိုရေ
    ကြော်ငြာဝင်ပေးလို့ ကျေးဇူး
    အရောင်းအ၀ယ်က ပြောသလောက်လဲ မဟုတ်ပါဘူး
    ပုံမှန်ပါပဲ ..
    သင်္ကြန်မှာတွေ့မယ် ..

    လေးစားတယ်

    ReplyDelete
  14. ကိုဝင်းဇော်
    ခေတ်မီသူတိုင်း အခါးရည်ပဲ သောက်ကြတယ်။
    မီးတို့အိမ်မှာ ရေစိမ်းမသောက်ကြဘူး။
    လေမဖြတ်ဘူးဆိုတာတော့ ဟုတ်လောက်ပါမယ်။
    နောက်ပြီး (***)ရွှင်တယ်လေ ...။

    နှစ်သစ်ချိန်ခါမှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ

    ReplyDelete
  15. စာတွေဖတ်သွားပါတယ် ကိုဝင်းဇော်

    ReplyDelete
  16. စာတွေဖတ်သွားပါတယ် ကိုဝင်းဇော်

    ReplyDelete
  17. ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။

    ရေးတတ်လိုက်တာနော်--
    ရှမ်းပြည်ကရှမ်းလေးရေ---
    ကျမက ကချင်ပြည်နယ်က ရှမ်းနီ--
    ဓလေ့ကတော့အတူတူပါရှင်--
    ရိုးရာအစားအစာကလည်းအတူတူပါ--
    ဟိုတုံးကလို ကိုဝင်းဇော်နဲ့ စီပုံးမှာ ရေးပြတဲ့
    ရိုးရာအစားအစာ တွေကို သတိရရင်း
    ဖြေသိမ့်နေရတာပါရှင်---

    ReplyDelete
  18. ဝေးး..ဦးချစ်ဖေကြီး တော်တယ်ဗျို့ ။ ကျေးဇူးဗျို့ ကြော်ငြာပေးလို့။ တကယ်ပြောတာပါ။ ပင်လောင်းမှာဆို ရေအေးမှ မသောက်ကြတာ။ အခါးရည်ပဲ သောက်တာ။ အခုလဲ လက်ဘက်ခြောက်တွေ ယူလာပြီး သောက်တုန်း။ ဆားလေးခပ်ပြီးသောက်ပါက အစာကြေ၏။။

    ReplyDelete
  19. လက်ဖက်ဆို အစိုအခြောက် အရည် အသုတ်
    အကုန်ကြိုက်တယ်

    ReplyDelete
  20. လက်ဖက်ခြောက်တွေရော စိတ်ချရပါ့မလားလို့ ပူနေတာ မောင်လေးရေ... အမတော့ အခါးရည်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တယ်။ နှစ်သစ်မှာ ပျော်ပျော်ပါးပါး လည်ချင်ရာ လည်နိုင်ပါစေနော်။

    ReplyDelete
  21. မန်းသားကြီးးးးးးးးးးးးး
    Hi..Tea...
    Hi.. Tea... ဗျာ... ဟား..ဟား။

    လောလောဆယ် ပေါ့ဆိမ့်လေးတခွက်လောက် ဆွဲချင်တယ်ဗျာ။ ပြီးမှ လျှာထဲပိုစိမ့်သွားအောင် အဖန်ရည်လေး(အခါးရည်)လျာပေါ်ပြစ်ချလိုက်ချင်တာ။

    ReplyDelete
  22. ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။

    အဲ့အရွက်ကို ညီတကယ် မသိဘူးအကိုကြီး..။ ဘယ်လို မျိုးလည်း..။

    တုန်းတယ်ပြောပြော ..အ တယ်ပြောပြော..။
    တကယ်မသိဘူး..။
    ရှင်းပြ

    ReplyDelete
  23. စိုင်းနောင့် လဖက်တော့ ကြော်ငြာပေးတယ်
    ငါ့လဖက်တော့ စကားထဲ ထည့်မပြောပါလားကွ
    မျက်နှာလိုက်တယ်...

    ReplyDelete
  24. အစ်ကိုရေ အခါးရည် လာသောက်ပါတယ်။

    နှစ်သစ်မှာ အပြတ်ကဲနိုင်ပါစေ

    မိုးသား ..

    ReplyDelete
  25. မိရိုးဖလာသောက်တဲ့ ဓလေ့လိုဖြစ်နေပြီ ကိုဝင်းဇော် ရေ့၊ မနက်လင်းတာနဲ့ ရေနွေးကြိုရတာ လုပ်ရိုးလုပ်စဉ်ပါပဲ။ လူကို ဥပါဒ်မဖြစ်ရင်ပဲ ကျေနပ်ပါပီ၊ ။

    ReplyDelete
  26. ချစ်ဖေကြီးတွေ၊ ချစ်သမီးတွေလည်းပြောတယ်။ မတွားရတဲ့ နေရာတွေလည်းတွားတယ်။ တတင်းပို့ရမယ်။ ( :P)

    ReplyDelete
  27. ချစ်ဖေကြီးတွေ၊ ချစ်သမီးတွေလည်းပြောတယ်။ မတွားရတဲ့ နေရာတွေလည်းတွားတယ်။ တတင်းပို့ရမယ်။ ( :P)

    ReplyDelete
  28. နေပူပူမှာ အခါးရေနဲ့ ထမင်းခြောက်ကြော်နဲ့ အလိုက်ပဲ ..

    ReplyDelete
  29. ရေမလာရင်
    နမ့်လပ်ချောင်းမှာ ရေသွားကူးမယ် လိုက်မလား ။
    သင်္ကြန်ရက် ဟိုပုန်းရေတံခွန်သွားမယ် ။ လိုက်မယ်ဆို ဖုန်းဆက်လိုက် ..

    ReplyDelete
  30. စာကြွေးတွေ အများကြီး အများကြီး ဖတ်သွားတယ် ကိုဝင်းဇော်ရေ ..
    ခု နယ်မှာပဲလား၊ သင်္ကြန်ဘယ်မှာရှိနေမလဲ။

    ReplyDelete
  31. တကယ့် လူမှုရသ အခင်းအကျင်းစုံလင်စွာ ကျန်းမာရေးပညာကိုပါ မျှဝေသွားတာ အားကျအတုယူစရာပါပဲ ခင်မျာ။ စာနယ်ဇင်းသမားကောင်းတစ်ယောက်အဖြစ် သတ်မှတ်ဂုဏ်ယူမိပါတယ်။ တော်တော်များများကို တည့်ပြောသွားပြီး ”ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်“.. ဆိုပြီး မထိတရိ ကလိသွားပုံလေးကလည်း ပညာသားပါပါပေတယ်။ နှစ်သစ်မှာ ဆက်လက်ပြီး ယားပါစေကြောင်း၊ အားပါစေကြောင်း…..

    ReplyDelete
  32. (မာရေးသျှင်) ပြောခဲ့သလိုပဲ စာရေးတာ စုံနေအောင် ပြောသွားတယ်။ နက်မကောင်းတာရော၊ ရာသီဥတုပူတာရော၊ ရေသန့်ဆိုးကြိုးရော၊ နောက်တော့ အခါးရည်ပါတယ်။ နောက် အခါးခြောက်ပါတယ်။
    ကြော်ငြာတွေရောပဲ။

    စာတွေ အများကြီးဆက်ရေးနိုင်ပါစေ

    ReplyDelete
  33. နွေပူပူမှာ အခါးရည် ဝင်သောက်သွားတယ်ငါ့အကို နှစ်သစ်မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  34. လာလည်သွားပါတယ်ဗျာ
    ခင်မင်မှုဖြင့်
    စိုင်းလောင်မိန်းသက်

    ReplyDelete
  35. မြန်မာပြည်က လက်ဖက်ရည်ဆိုင်မှာ အလကားရတော့ အဖန်ရည်(ခ) အခါးရည် တစ်အိုးပြီးတစ်အိုး မှာသောက်ခဲ့တာ အခုမှ အကျိုးရှိမှန်းသိတော့တယ်။
    အခုတော့ ပိုက်ပိုက်ပေးမှ ရတဲ့ အတွက် ဒီမှာ သုံးယောက် တစ်အိုး သောက်နေရတယ်...ဟွတ်.
    သင်္ကြန်မတိုင်ခင် လှေကားရှည်ရှည် နှင့် လျှောက်သွားနေတဲ့ ကိုဝင်းဇော်ကို သိကြားမင်း ပေပုရပိုက် တွင် မှတ်တမ်းဝင်သွားကြောင်း မဟုတ်ကဟုတ်က ဂျာနယ်တွင် ဖော်ပြသွားပါတရ်....

    စတာနော် ....စိတ်မဆိုးကြေး.....

    ReplyDelete
  36. ကောင်းကျိုးရှိရင် ဆက်ဆွဲတာပေါ့၊ အဟဲ ..
    ကောင်းကျိုးမရှိတဲ့ အရက်နဲ့ ဘီယာတောင် ဆက်သောက်နေသေးတာပဲ ဒီလောက်လေးတော့ အေးဆေးပဲ ..

    သင်္ကြန်မှာပျော်ရွှင်ပါစေ ..

    ReplyDelete
  37. အခါးရည် ၀င်သောက်သွားတယ်။
    နွေပူပူမှာ ဆားလေးခပ်သောက်ရင်
    အရသာပိုရှိတယ်။ ရင်ချောင်စေတယ်၊ အစာကျေစေတယ်။

    ဝေမျှပေးလို့ ကျေးဇူးကဋေ .......

    ReplyDelete
  38. မှတ်သားရပါတယ်
    ခုထိတော့ ရေသန်ပဲ သောက်တုန်း
    ကြီးမှ ပြုပြင်မယ် အဟဲ ရတယ်ဟုတ်

    ReplyDelete
  39. ဟင်.. ကျနော့်ဘကြီးကျတော့ တနေ့ ၃ခွက် မကဘူး တနေ့ကို ရေနွေးကြမ်းအိုး ၄၊၅ အိုးကုန်အောင် သောက်နိုင်တဲ့သူကျတော့
    လေဖြတ်သွားတာမှ တကိုယ်လုံးပဲ ဘီလိုဖြစ်တာလဲဗျ။

    ReplyDelete