Tuesday, April 7, 2009
သူ့ကြောင့် .. ..
ကျွန်တော်တို့ဆီမှာ ပြဿနာ တစ်ခုခုဖြစ်ရင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ပြဿနာရဲ့ ရင်းမြစ်ကို မရှာဘဲ တစ်ပါးသူကိုပဲ လက်ညိုးထိုးတတ်တဲ့ ဥာဉ်ဆိုးလေး ရှိတယ်။ သူ့လက်ညိုး ကိုယ့်ထိုး။ ကိုယ့်လက်ညိုး သူ့ထိုးနဲ့ တခါမှ တရားခံ မမိတတ်ပါဘူး။ လူတစ်ဦးချင်းဆီနဲ့ အဖွဲ့အစည်းလိုက် အားနည်းချက် တွေဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်လဲ ဂုဏ်သိက္ခာအတွက် အပုံကြီးကြီး ပုံပေးလိုက်လို့ ပြဿနာအေးအောင် ဖြေရှင်းလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ တရားသဖြင့် ဆိုတာထက် ငွေမျက်နှာက ပိုကြီး နေတတ်ပါတယ်။ အရှိန်အ၀ါကြီးသူ ဖြစ်ရင် စည်းကမ်း သတ်မှတ်ချက်တွေကို အလွယ်တကူ သွေဖယ်နိုင်စွမ်း ပါတယ်။ တလောက ဓာတုချည်ထည် ဆိုးဆေးကြောင့် နာမည်ရှိတဲ့ လက်ဖက်ထွက် ရောင်းကုန်တံဆိပ် (၄၃)မျိုးကို စားသောက်ကုန် စာရင်းကနေ ပယ်ဖျက်လိုက်တာ ကြားသိရပါတယ်။ ကုမ္ပဏီ တာဝန်ရှိသူတွေ ပြောစကားအရတော့ သူတို့မှာ တာဝန်မရှိဘဲ သူတို့ကိုယ်စား စေလွတ်ထားတဲ့ ကုန်သည်၊ ပွဲစားနဲ့ လဖက်ထွက်ရာ တောင်ပေါ်ကိုပဲ လက်ညိုးထိုးနေကြ တာကို တရားကျစွာ ဖတ်လိုက်ရတယ်။
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေမှာ ဓာတုပစ္စည်းနဲ့ ရှင်းရှင်း လွတ်ကင်းတာ ရယ်လို့ ခပ်ရှားရှားပါ။ အသီးအနှံ၊ သားငါး၊ ခေါက်ဆွဲခြောက်၊ နို့မှုန့်၊ ငါးသေတ္တာ၊ ထိုးမုန့်လမုန့်၊ ဖျော်ရည်မျိုးစုံ၊ ငါးပိငါးခြောက်၊ ပုဇွန်ခြောက်၊ လက်ဖက် တွေနဲ့ အသင့်စား အစားအသောက်တွေကို မူရင်း အရည်အသွေးထက် ရေရှည်အထား ခံအောင်နဲ့ ပိုကောင်းမွန်အောင် ဆိုပြီး ဓာတုဆေးဝါး အကူအညီနဲ့ အဆင့်မြှင့်တင်လေ့ ရှိကြပါတယ်။ ဒါကို စားသုံးသူတွေက သိနေပေမယ့် ပေါချောင်ကောင်း နောက် လိုက်နေတာရယ်၊ ၀င်ငွေနဲ့ လောက်ငအောင် ချင့်ချိန်သုံးစွဲရတာရယ် ကြောင့် မကောင်းမှန်းသိပေမဲ့ မျက်စိစုံမှိတ် ၀ယ်ယူစားသုံး နေရတာလဲ ပါပါမယ်။ စားသုံးသူရဲ့ အားနည်းချက်ကို သိတဲ့ထုတ်လုပ်သူ တွေအနေနဲ့လည်း လုပ်ရဲနေတဲ့ သဘောမှာ ရှိပါတယ်။ လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒ ပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေကို ရေရှည်စားသုံးမိရင် အစာအိမ်ကင်ဆာ၊ အူကင်ဆာ တို့လို ကင်ဆာရောဂါကို နောင်နှစ်ပေါင်း ၂၀-၃၀ ကြာလောက်မှ ရောဂါဖြစ်စေ တတ်ပါတယ်။ နောက် မျိုးရိုးဗီဇကို ထိခိုက်စေတဲ့ ဥာဏ်ရည်မမီတာ၊ ကိုယ်လက်အင်္ဂါ မပြည့်စုံတာတွေ ကြုံတွေ့ စေနိုင်ပါတယ်။ လတ်တလော အနေနဲ့ အစားအသောက် မသန့်ရှင်းတာ စားမိရင် အသည်းရောင် အသားဝါရောဂါ၊ ၀မ်းပျက် ၀မ်းလျောရောဂါ တွေ ချက်ချင်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူတွေ အနေနဲ့ ချိုတာ၊ မွေးတာ၊ လှတာကို မမက်ဘဲ သဘာဝကပေးတဲ့ အစားအသောက်ကို ပိုမိုရွေးချယ် စားသုံးသင့်ပါတယ်။ မဖြစ်မနေ စားသုံးရမယ် ဆိုရင်တောင် ဓာတုဆေးအာနိသင် ကင်းစင်နိုင်သမျှ ကင်းစင်အောင် သန့်စင်ပစ်ဖို့ လိုကြောင်း အကြံပြုချင်ပါတယ်။
ခုချိန်မှာ ခေတ်မီသူတိုင်း အငန်လျော့စား ကြတယ်။ အဆီလျော့စား ကြတယ်။ သကြား ရှောင်ကြတယ်။ ဟင်းချိုမှုန့် ရှောင်ကြတယ်။ အရောင်ပါတဲ့ အစားအစာ ရှောင်ကြတယ်။ သားကြီးငါးကြီး ရှောင်ကြတယ်။ အဲဒါတွေ အစား ဟင်းသီးဟင်းရွက် ပိုစားလာကြတယ်။ ကျန်းမာရေး လိုက်စားလာကြတယ်။ လူကြီးတွေသာ ဆားအငန် လျော့စားရတာ မဟုတ်ပါဘူး။ အိမ်သုံးဆားဟာ ကလေးတွေကိုလည်း ဆိုးကျိုး ဖြစ်ပေါ် စေပါတယ်။ ကလေးတွေကို ဆားပေါ့ပေါ့ ကျွေးမွေးခြင်းအားဖြင့် အသက်ကြီးလာတဲ့ အခါ နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို ကျဆင်းစေနိုင် ပါတယ်။ ၆နှစ် အရွယ်ကလေး တစ်ယောက်ရဲ့ ဆားလိုအပ်ချက်က တစ်နေ့ ၃ ဂရမ်ထက် မပိုသင့်ပါဘူး။ ဒါကြောင့် ကလေးတွေအတွက် ပြင်ဆင်ချက်ပြုတ် ရာမှာလည်း လိုတာထက် ပိုပြီး ဆားကို အသုံးမပြုမိစေဖို့ အရေးကြီးပါတယ်။ ကလေးတွေအတွက် အသင့်လုပ် မုန့်ထုတ်အချို့မှာ ဆားနဲ့ အချိုမှုန့် ပါဝင်နှုန်းများတာကို စားကြည့်တာနဲ့ သိနိုင်ပါတယ်။ ဒါကြောင့် အလွယ်တကူ ရနိုင်တဲ့ မုန့်ထုတ်တွေကို ချင့်ချိန်ပြီး ကလေးတွေကို ကျွေးသင့်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို ငယ်စဉ်ကလေး ဘ၀ကတည်းက အငန်လျော့စား မှ အသက်ကြီးလာတဲ့အခါ လေဖြတ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းတို့မှ ရှောင်ကျဉ်နိုင်မှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရ ပါတယ်။
( မှီငြမ်းတာက )
မော်ဒန်သတင်းဂျာနယ် (၂၀-၃-၂၀၀၉)
Reader's Digest (2008, Feb) "Salt can be bad for kids too"
41 comments:
  1. အသိပညာပေးစာလေး ဖတ်သွားတယ်။
    နောက်လည်းဖော်ပြနိုင်ပါစေ။
    ခင်မင်လျက်
    ReplyDelete
  2. ဟုတ်ရယ်၊ လက်ဖက်ထုတ်တွေ ဈေးကွက်မှာ မတွေ့တော့ဘူး။ ၀ိသမလောဘသား တွေပေါ့နော်။ လဖက်သုတ်ထက် ဂျင်းသုတ်ကို ပိုကြိုက်တယ်။
    ReplyDelete
  3. အကိုပြောမှပဲ ဘာကို ချင့်ချိန်ရမှန်း သိသွားပြီ။ လျှောင့်သင့်တာတွေ လျှော့ရတော့မယ်...း)
    ReplyDelete
  4. ကောင်းတယ်အကို..
    အသိပညာပေးပိုစ့်လေးတစ်ခုပါ
    ReplyDelete
  5. အစားမတော်တစ်လုပ်တဲ့ .....
    ReplyDelete
  6. ခေါက်ဆွဲခြောက်များများစားရင် ဘာဖြစ်မလဲ ။ အဖြေရှိရင် ကြိုပြောထားအုန်း၊ ဒီမှာတော့ ညမနက် တီးနေတာ.. လဖက်သုပ်တော့ စားချင်တယ်။ ၀ယ်မရလို့ ..။
    ReplyDelete
  7. 0က်သားစားဘူး
    အကောင်လိုက်ပဲ မောင်းသွင်းတာ။
    အမဲသားစားဘူး
    ကောင်လုံးပြုတ်ပဲ မော့သောက်တာ။
    အဲလို အဲလို
    အစားရှောင်တာ .. ။
    ReplyDelete
  8. ကိုဝင်းဇော်ရေ----
    အသိပညာပေးလေးကို ဖေါ်ပေးသည့်အတွက်--
    ကျေးဇူးတင်ပါတယ်---
    အစစအရာရာအဆင်ပြေပါစေ---
    ReplyDelete
  9. ဧေုသု တ ပို့စ်လေး ပါပဲ
    ReplyDelete
  10. အဲ.. စာလုံးပေါင်းကလဲ မှားတာ လွန်တယ်
း)
    ဗဟုသုတ ရစေတဲ့ ပို့စ်လေးပါ..
    ReplyDelete
  11. အသိပညာ ပို့စ်လေးပါ ကိုဝင်းဇော်ရေ၊ မိန်းကလေး ပီသစွာ လက်ဖက် မကြိုက်တဲ့ အတွက် တော်သေး၏၊ သေချာမှတ်သွားတယ်နော်
    ReplyDelete
  12. ဟိုက် .... မဖြစ်ဘူး သိရက်နဲ့ မိုက်နေတာ ကြာပြီ အငံလေးတော့ လျော့စားမှ ... ခေတ်မှီမှ ဖြစ်တော့မယ် .... :D ကျေးဇူး Bro ...
    ReplyDelete
  13. အခုလို အသိပေးတာကျေးဇူးတင်ပါတယ်..။
    နောက်နောင်ဆင်ခြင်နိုင်တာပေါ့.....။
    ReplyDelete
  14. ဟုတ်ပါတယ်ကိုဝင်းဇော်ရေ..ရေရှည်ဖြစ်လာမှာထက် လောလောဆယ် ဘာမှမဖြစ်လောက်သေးပါဘူးဆိုပြီးတော့ စားနေ နေနေကြတာ..။ အိမ်က ကလေးတွေတောင် ready-made snack ထုပ်လေးတွေ စားလွန်းလို့ ပြန်ထိန်းနေရတယ်..အရသာလည်း မကောင်း အာဟာရမဖြစ်တဲ့ အပြင် ကလေးတွေ စားသင့်တဲ့ အစာမျိုးတွေမှ မဟုတ်တာ..။ သူတို့ကတော့ အရုပ်လေးတွေတို့ ကလေးကြိုက်တွေ မက်လုံးပေးပြီး ဆွယ်ကြတာကိုး။
    ဟင်းသီးဟင်းရွက်တွေကလည်း ကိုဝင်းဇော်ရယ်..ဆေးနံ့တွေကို ထောင်းနေတာပဲ။ ..ဘယ်လိုလုပ်ရမယ်မှန်းတောင် မသိတော့ပါဘူး။ စိုက်ပျိုးတဲ့သူတွေကိုရော..စီးပွားရေးသမားတွေတင်မကဘူး. စားသုံးသူတွေ..အားလုံးမှာ အသိကိုယ်စီရှိနေမှပဲ..
    ReplyDelete
  15. အစားအသောက်အတွက် သတိထားပြုပြင်ရမဲ့ အချက်တွေ မှတ်သားပါတယ်။ အရင်က ၀က်သားတုတ်ထိုး ဆိုရင် တွေ့မရှောင် စားခဲ့တာ ခုမှ သူ့ ဆိုးကျိုးတွေ ခံစားနေရတယ်။ အစာအိမ် လမ်းကြောင်းမှာ အနာဖြစ်ပြီး စ၀်စံထွန်းရောက် ခဲ့ရ သေးတယ်။ ခုတော့ အစားအသောက်တွေ မသရမ်း တော့ဘူး။ ဖော်ပြပေးလို့ ၀မ်းသာတယ်။
    ReplyDelete
  16. ရှေးလူကြီးစကားတွေထဲက
    စားသတိ၊ သွားသတိ ဆိုတာ မှန်တယ်
    စာဖတ်သူအတွက် အကျိုးရှိစေတဲ့စာတွေ
    အမြဲရေးသားနိုင်ပါစေ။
    ReplyDelete
  17. ကလေးတွေအတွက် ရောင်းတဲ့မုန့်တွေ ကိုဝင်းဇော် ပြောသလိုပဲ တခါတလေ စားကြည့်မိတယ်။ ပွယောင်းယောင်း၊ အစပ်ကဲကဲ၊ ငန်ရှရှ နဲ့အရသာ ခံစားရတယ်။ ကလေးက မုန့်ကို စားချင်လို့ ပူဆာတာ မဟုတ်ပဲ မုန့်ထုတ်ထဲက အရုပ်နဲ့ ကံစမ်းမဲ ကိုမက်တာဖြစ်တယ်။ ခက်တာကလဲ ကျောင်းခန်းဝမှာရော ကျောင်းခန်းထဲ အထိရောင်း နေကြတာကြောင့် ရှောင်လွဲလို့ မရနိုင်အောင် ဖြစ်တယ်။ နောက် ကလေးမုန့်တွေကို ဆိုးဆေးများ တယ်လို့ ထင်မိတယ်။ စိတ်ညစ်စရာတွေ ပါပဲ။ ဘာဖြစ်ဖြစ် ဆင်ခြင်နိုင်အောင် ရေးထားတာမို့ အကျိုးရှိစေ ပါတယ်။
    ကျေးဇူးတင်ရှိပါတယ်
    မယု
    ReplyDelete
  18. အသိပညာမျှဝေတာ ကျေးဇူးပါ
    ရယ်ဒီမိတ်တွေ ကို ရှောင်ရတော့မယ်
    ရောဂါဖြစ်မှာကိုတော့ ကြောက်သားဗျ...
    ReplyDelete
  19. ဆရာတော် ဥုးသုမင်္ဂလာ ဟောကြားသလို နိုင်ငံခြားမှာ ဗမာတွေနဲ့ တွေ့ရမှာ ရှက်တယ်တဲ့။ အဆင့်အတန်း မရှိလို့တဲ့၊ စိတ်ဓာတ်ညံ့ဖျင်းလို့တဲ့။
    ReplyDelete
  20. သုတ ဗဟုသုတ ပညာပေး စုံလင်တဲ့ ဘလောဂ့်လေးကို ပထမဆုံး လာဖတ်ဖြစ် ပါတယ်။ တိုင်းတပါးမှာ အပျင်းပြေစေဖို့ စာဖတ်ခွင့်ရလို့ ၀မ်းသာတယ်။ ဆက်လက်ရေးသားပါ။ အားပေး ပါတယ်။
    ReplyDelete
  21. ကျန်းမာရေးပညာပေးစာလေး ဖတ်သွားတယ်နော့
    လူတိုင်းကျန်းမာစေချင်တဲ့ စေတနာကို လေးစားတယ်။
    နှင်းဆီနီနီ
    ReplyDelete
  22. ကျန်းမာရေးပညာပေးစာလေး ဖတ်သွားတယ်နော့
    လူတိုင်းကျန်းမာစေချင်တဲ့ စေတနာကို လေးစားတယ်။
    နှင်းဆီနီနီ
    ReplyDelete
  23. မျှဝေပေးတာ ကျေးဇူးတင်ပါတယ် အကို။
    ခင်မင်လေးစားလျှက်
    ရောင်ပြန်
    ReplyDelete
  24. ကိုဝင်းဇော်
    သွားသုတ်သုတ်
    လာသုတ်သုတ် နဲ့
    ဗရုပ်ဘယက်မို့
    ခေါက်ဆွဲပြုတ်ပဲ လွေးနေရတယ် ..
    ReplyDelete
  25. တကယ့်ကို တန်ဖိုးရှိတဲ့ ပို့စ်လေးပါ..
    ReplyDelete
  26. အရသာမက်တော့ နေ့ စာရောညစာပါ ခက်ရပြီပေါ့။ ဟိုဟာလေးရော ဒီဟာလေးပါရှောင်ရင်းနဲ့ ဘာစားရမှန်းတောင် မသိတော့ပါဘူး ။
    အသိတရားလေးတွေ ဝေမျှပေးတာ ကျေးဇူးပါ နော် ။
    ReplyDelete
  27. ဗဟုသုတ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ...
    ဘာတွေကို ဘယ်လိုစားရရင်ကောင်းမလဲ လို့စဉ်းစားနေမိတယ်...
    ReplyDelete
  28. ကိုဝင်းဇော် ခုခေတ်ကတော့ တော်၂ဆိုးနေပြီ အစားအသောက်ကြောင့် ဒုက္ခတွေ အများကြီးပဲ မစားလို့လည်းမရတော့ အတတ်နိုင်ဆုံးရှောင်စားမှပဲရတော့မယ် ကြောက်စရာကြီးနော်.
    ReplyDelete
  29. ယမ်းစိမ်းများများပါတဲ့ အစားအသောက်တွေ (ငါးခြောက်၊ ကြက်/၀က်အူချောင်း) ဆိုဒီယမ်များများပါတဲ့ အထားခံဗူးတွေ ရှောင်တယ်။ အားကစားလဲလုပ်တယ် ..
    အဟိ ၀တတ ဖြစ်နေလို့..
    ReplyDelete
  30. ကွန်မကောင်းလို့ ကသိုက်ကရိုက် လာဖတ်သွားတယ်နော်
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ ကိုဝင်းဇော်ရေ့ ..
    ReplyDelete
  31. ဟုတ်တယ်နော် .. ခုက ပြုပြင်ထားတာတွေသိပ်များတယ် .. အရွက်များများစားချင်ရင်တောင် ပိုးသတ်ဆေး ဟိုဆေးဒီဆေးတွေကို ကြောက်ရသေးတယ် ..း(
    ReplyDelete
  32. ပဲပုတ်ထောင်းနဲ့ပဲ စားတော့မယ်။
    ReplyDelete
  33. ကျေးဇူးတင်တယ်ကိုဝင်းဇော်...
    ကျွန်တော်တို့ဆီမှာက အကိုပြောသလိုဘဲ...လက်ညှိးထိုးမလွဲ အတတ်ပညာပြည့်စုံနေတော့ ခေါင်းရှောင်အရည်အချင်းတွေပြည့်စုံတာပေါ့ဗျာ။
    လူမှုပတ်ဝန်းကျင်နဲ့ နေထိုင်မှု၊စားသောက်မှု တွေဟာ တိုးတက်ခေတ်မီနေတဲ့ နိုင်ငံကြီးတွေကို ခြေဖျားတောင်မမီပါဘူးဗျာ၊မတတ်နိုင်ဘူးလေ...။ကိုယ့်အမျိုးကိုယ်သတ် ဒီစစ်တပ်နဲ့ကတော့ တိုင်းသူပြည်သားတွေဟာ အဘက်ဘက်က လုံးပါးပါးနေမှာအမှန်ပါဘဲ။နောက်နေ့အသက်ရှင်ဘို့ လောက်ပဲ ရပ်တည်နေရတဲ့ မြန်မာပြည်သူပြည်သားတွေဘဝက ဟိုးအနာဂတ်ကာလကို အိပ်မက်မက်ခွင့်မရှိပါဘူးလေ...။
    အခုလို အသိတွေမျှဝေတာ ကျေးဇူးတင်ပါတယ်။
    သုခီအတ္တာနံ ပရိဟရန္တု။
    ReplyDelete
  34. သတင်းကြားရတာတော့ လက်ဖက်တောင်သူ တွေလဲ အစိုမရောင်းရရင် အခြောက်ပဲ ရောင်းမယ် လုပ်နေတယ်။ သူတို့အတွက်တော့ အရှုံးမရှိပါဘူး။ အမှန်တော့ လက်သည်တရားခံကို ဖော်ထုတ်သင့် တယ်။ တရုပ် မယ်လမင်းကိစ္စတောင် တရားခံ ဖော်နိုင်သေးတာပဲ။ မလုပ်တတ်တာလား၊ မလုပ်ချင် တာလား၊ မလုပ်ဝံ့တာလား၊ မလုပ်နိုင်တာလား တွေးတောစရာပါ။
    အဆင်ပြေပါစ
    ReplyDelete
  35. သေကာမှသေရော ပဲ ဆားတော့ မလျော့နိုင်သေးဘူး
    ကျန်တာ ကတော့ လျော့လေကောင်းလေ ပေါ့...။
    best regards;
    mgnge
    ReplyDelete
  36. စေတနာလေးတွေ လေးစားသွားတယ်
    နှစ်သစ်မှာရွှင်လန်းပါစေ
    ReplyDelete
  37. အကိုရေ ကျေးဇူးအထူး သေချာကိုဖတ်သွားတယ်ဗျာ.. ပညာလေးတွေ ရလိုက်တယ် ကျေးဇူး
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  38. ဟုတ်တယ်၊ ဆိုးဆေးတွေကြောင့် တော်တော်လေး ဂယက်ရိုက်သွားကြတယ်။ များသောအားဖြင့် မန်းလေးက လဖက်တွေဖြစ်တယ်လေ။
    ReplyDelete
  39. ဖြစ်ခါမှသာဖြစ်တော့ဗျာ စားတာတော့ စားရမှာ
    ပဲ။ တတ်နိုင်ဘူးဗျ။ ဟီ..
    ReplyDelete