Sunday, April 5, 2009

အလွမ်းသင့်ငှက်

လွမ်းတယ် ကလေးရယ်
ဒါပေမဲ့လည်း
အလွမ်းဝဲကယက်ထဲမှာပဲ
မကျရှုံးချင်ခဲ့ဘူး။
ခေတ်ရဲ့ ရေစီးကြောင်းမှာ
တစ်ထပ်ထဲ မစီးမျောနိုင်သေးတာ
ကိုယ်ကိုယ်၌က
ညံ့လို့ပါ ကလေးရယ် .. .. ..

မြင်မြင်သမျှ အပြုံးတွေက
ကလေးရဲ့ အပြုံးလေးလောက် မလှပသလို
ကမ်းလင့်လာတဲ့ လက်တွေကိုလည်း
အကြွင်းမဲ့ မဆုပ်ကိုင်ရက်ပါဘူး။
တစ်နွေပြောင်းလေတိုင်း
အိမ်ဝေးသူ တစ်ယောက်ရဲ့
အိမ်လွမ်းဝေဒနာက
ခုထိ မပြောင်းလဲနိုင်သေးတာ
နွေးထွေးတဲ့ ကလေးရင်ငွေ့က
ခွဲခွာလာကတည်းကပါ .. .. ..

ဆန္ဒ နဲ့ ဘဝ
ပြောင်းပြန် အချိုးကျသွားတဲ့ အခြေမှာ
အတိတ်နေ့စွဲတွေက
အနာဂတ်ကို မှေးမှိန်စေခဲ့တယ်။
ဒီအချိန်ရောက်ရင်
နွေကြို ဥသြရဲ့ တေးသီသံကို လွမ်းတယ်
ချက်(ပ်)ကျောင်းထဲက ခေါင်းလောင်းသံကို လွမ်းတယ်
ယူကလစ်တန်းရဲ့ မြေနီလမ်းကို လွမ်းတယ်
မီးခိုးရောင် ကောင်းကင်ပေါ် အုပ်စုဖွဲ့ပျံနေတဲ့ ဗျိုင်းတွေကိုလွမ်းတယ်
ဘောင်ပင်ခတ်နေတဲ့ ကန်နံဘေးက ဗေဒါပင်ကို လွမ်းတယ်
တူနှစ်ကိုယ် ဆင်နွှဲခွင့်မရတဲ့ အတာသင်္ကြန်ရက်တွေကို လွမ်းတယ်
နောက်ပြီး
တောင်ပံ့ကျိုးတဲ့ အလွမ်းငှက်တစ်ကောင်ရဲ့
နွေးထွေးတဲ့ ရင်ငွေ့ပိုင်ရှင် ကလေးကို
အလွမ်းဆုံးပါပဲ ကလေးရယ် .. .. .. ။

34 comments:

  1. ကလေး ရေ ကလေးရေ နဲ့ တို့တွေ လွမ်းဖို့လဲ ချန်ပါဦးနော်

    ReplyDelete
  2. ကိုဝင်းဇော်ရဲ့ ကဗျာလေးတွေ မဖတ်ရတာ ကြာသွားသလိုပဲ၊ ခုမှ အလွမ်းသစ်လား .. ကလေးရေ ဆိုတော့ ဆိုတော့ ဆိုတော့

    ReplyDelete
  3. လူကြီး
    နုမနေနဲ့အုန်း မှန်မှန်ပြောရင် သက်သာမယ်နော်

    ကေကေပါစေ

    ReplyDelete
  4. လွမ်းပေါ့ လူကြီးရယ်း)
    ခလေးက လည်း လွမ်းနေမှာပေါ့ စကားတတ်တဲ့ လူကြီးကို ။

    ReplyDelete
  5. ဟေ့ လူကြီး
    နှံပြည်စုတ်ကို
    အမြောက်နဲ့ ပစ်ရင် တိုင်ပြောမှာနော် အဟေး
    ---
    ကဗျာလေးကောင်းဒယ်အေ့ .. ..

    ReplyDelete
  6. အရင်လာဖတ်တာက အမ
    comment ပေးလို့မရအောင်လုပ်ထားတာလား
    စိတ်တိုတယ်နော်..း)
    ခုတော့ အကြိမ်ကြိမ် ပြန်လာနေရပြီ...
    ......
    မမသီရိ: ကလေးရေ.. ကလေးရယ် လို့ အော်နေတဲ့ အလွမ်းသင့်ငှက်လေး.. အလွမ်းတွေ နဲ့ ဝေးပါစေ.. ကဗျာလေး အရမ်းလှတယ်
    5 Apr 09, 14:56
    မမသီရိ: နောက်ဆုံး ကဗျာ မှာ comment စရာရှာမတွေ့ ဘူး ကိုဝင်းဇော်

    ReplyDelete
  7. မမသီရိ

    အဲဒီသဘောမဟုတ်ဘူးအစ်မရဲ့..
    နက်မကောင်းတော့ တင်ပြီး ချက်ချင်း ပြန်ပြင်လို့ မရတာပါ။ အစ်မအဦးဆုံးရောက်တယ်ဆိုလို့ ၀မ်းသာတယ်။ အမှန်တော့ ခဏခဏ ပြန်ပြန် လာရအောင်လုပ်လိုက်တာပါ အဟဲ..

    ကျေးဇူးပါအစ်မ ..

    ReplyDelete
  8. တစ်နေ့ ၅ ကြိမ်အော်တဲ့ မြို့မလမ်းထိပ်က ဗလီမြင့်မြင့် ကြီးတွေကိုလည်း လွမ်းတယ် ..
    ရေမဲလမ်းထဲ အလည်လာပါအုန်းလား

    ReplyDelete
  9. ကျွန်တော်လည်း ကလေးလေးကို ဝင်လွမ်းသွားတယ်ဗျာ..ဟီး။။

    ReplyDelete
  10. ကဗျာလေး က ရေရေလည်လည် မိုက်တယ်
    လွမ်းနေတာတွေ ကလေးလေးသိပါစေဗျာ..

    ReplyDelete
  11. ကလေးရယ် ဘာကြောင့်များမင်းနဲ့ကျမှ ကိုယ့်စိတ်တွေယိုင်ခဲ့ ကလေးရယ် .... ဟီး ရမလားလို့ ဆိုကြည့်တာပါ ။ မရတော့ မဆိုတော့ဘူးပေါ့နော် ။ ကလေး တဲ့ ငါ့အစ်ကိုတော့ ပေါ်ကုန်ပြီ ကြည့်လုပ်နော့် ။ Wedding ကဘယ်တော့လည်း ဖိတ်ဦးနော် ။ မုန့်လာချားမယ် ဟီး

    (ကိုရဲ)

    ReplyDelete
  12. ဘယ်က မွေးကင်းစ ကလေးကို သွားလွမ်းနေတာလည်း
    ဟိုတစ်ခါအကို လက်စွပ် ၀ယ် ပေးထားတယ်ဆို တဲ့ကလေး လား..။ လက်သူကြွယ်မှာစွပ်လို့ မရလို့ 
    လက်ကောက်လုပ်ပေးထား၇တယ်ဆိုတာလေ..။

    ဟိဟိ
    စတာ..။

    ReplyDelete
  13. အော်..ဒီလိုကိုး..
    ကလေးပဲဖြစ်ဖြစ်..လူကြီးပဲ ဖြစ်ဖြစ်ပါ..အလွမ်းတွေ ဝေးပါစေ ကိုဝင်းဇော်ရေ..

    ReplyDelete
  14. အလွမ်းရဲ့ လမ်းဆုံးကို
    မြန်မြန်ရောက်ပါစေဗျာ။

    ReplyDelete
  15. လွမ်းထားလိုက်တာ ..း)
    အဆင်ပြေပါစေး)

    ReplyDelete
  16. ကလေးတဲ့လား ချစ်စရာလေးနေမှာ။
    ဘယ်လိုရုပ်လေးလဲ၊ ဘိုမရုပ်ပဲလား။

    ReplyDelete
  17. နည်းနည်းများနေပြီ ....))))((((....

    ReplyDelete
  18. ကဗျာလေးက အရမ်းကောင်းပါတယ် အကိုရေ.... အလွမ်းတွေဝေ နေတဲ့ ရောင်ပြန်နဲ့ ခံစားချက်ချင်းတူလို့ လာရောက်ခံစားသွားပါတယ်။
    ဘ၀နဲ့ ဆန္ဒ တထပ်တည်းကျနိုင်ပါစေ....

    ခင်မင်လေးစားလျှက်
    ရောင်ပြန်

    ReplyDelete
  19. သင်ယူသွားပါတယ်
    ကဗျာကောင်းလေးပါ ..

    ReplyDelete
  20. ကန်တော့ပွဲနဲ့စောင့်နေမယ် အဟီ ..
    (ချိတ်ချိုးရဘူးနော် ကြောင်ကုပ်လိမ့်မယ်)

    ×××

    ReplyDelete
  21. စာသားတွေက လန်းတယ်။ အမှန်လွမ်း ဖြစ်ဖို့ ခဏတာ ဝေးတာ ဖြစ်မယ်ထင်တယ်။
    အဆင်ပြေပါစေ။

    လေးလေးစားတယ်။

    ReplyDelete
  22. အဟားးးးး
    မန့်ပေးလို့ ခုမှရတော့တယ်။

    ကလေး ကလေးတဲ့ ရုပ်ကြမ်းကြီးနဲ့ နုနေလိုက်တာ
    ကြားရတာ ကန့်လန့် ခုလုကြီး။
    ကဗျာလေးက အနစ်ပါလို့ အကာကြီးပဲသာဆို
    ကိုဝင်းဇော်ကြီး ရုပ်ကြမ်းတာ တော်2ပေါ်သွားမှာ။
    အဟိ -(ဆော်ခဲ့ပြီ)

    ReplyDelete
  23. ဘယ်ရုကို ပြောနေလဲဆို မှန်မှန်ပြောနော်..
    သိနေတယ်။ လူပြောများနေပြီ .. ဘူလေးလဲ ? ဆိုတာ ပြောပြတော့။ မဟုတ်ရင် အကုန်ဖွခဲ့မှာ။

    (ကဗျာလေး ကောင်းတယ်)

    ReplyDelete
  24. ကလေးတဲ့လားဗျာ...။ တော်ကြာဥပဒေတွေနဲ့
    မလွတ်ပဲဖြစ်နေမယ်...။ဟိ ဟိ ..။စတာနော်...။

    ReplyDelete
  25. ကိုဝင်းဇော်ကြီးရဲ့ ကလေးအတွက် ကဗျာလေးကို ဖတ်ပြီး အတွေးတွေ ပွားသွားတယ်။

    နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  26. ပြောတော့ မကြီးသိပ်မလွမ်းနဲ့ဆို ခုတော့ကလေးရေ ဆိုတာကြီးပဲ ဟွန်းးးးးးးးးး
    လူကြီးပဲလွမ်းနေတယ် လူချိုးးးးး

    ReplyDelete
  27. ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်
    အမှန်ပဲ သံယောဇဉ်ဖြစ်နေရင်တော့
    မြန်မြန်သာ ဇာတ်ပေါင်းတော့ မောင်ဝင်းဇော်ရေ့
    ခဏခဏ လွမ်းနေရင်
    ရုပ်ကျတယ်။

    ReplyDelete
  28. အစ်ကို နီးနေပြီလား စားရဖို့ ..
    နိုးဆော်ပါတယ် အမြန်ဆုံး အဆင်ပြေစေဖို့

    ReplyDelete
  29. ဆွေးစရာကဗျာလေးဖတ်သွားတယ်။
    တကယ့်အဖြစ်ရယ်လား
    စိတ်ကူးရယ်လား မဝေခွဲတတ်ပါဘူး

    ReplyDelete
  30. ကလေးသာ သိသွားရင်
    ကြွေလောက်တယ် ..

    ReplyDelete
  31. ကဗျာလေးကောင်းတယ်
    သိပ်သတိရနေရင်
    ရေအေးများများသောက်လိုက်
    အလွမ်းပြေပေါ့

    ReplyDelete
  32. လွမ်းစရာကြီး၊ ကလေးတဲ့ ..

    ReplyDelete
  33. -ဆန္ဒ နဲ့ ဘဝ
    ပြောင်းပြန် အချိုးကျသွားတဲ့ အခြေမှာ
    အတိတ်နေ့စွဲတွေက
    အနာဂတ်ကို မှေးမှိန်စေခဲ့တယ်။-
    ခဏတာ မတွေ့ဆုံချိန်မှာ ကဗျာတွေပိုကောင်းနေပါလားး)
    ခေါင်းစဉ်ကအစ နှစ်သက်မိပါတယ်
    ကျန်းမာပျော်ရွှင်စေခြင်း ဆုတောင်းများဖြင့်း)

    -မြတ်သွယ်-

    ReplyDelete