Friday, April 3, 2009

စိတ်ဖိစီးမှု ဖြေဖျောက်ဖို့

ခုတလော စိတ်ဖိစီးမှုတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ အလုပ်ကြောင့်တော့ မဟုတ်ပါဘူး။ နယ်ကို ရောက်နေတာ ဖြစ်လို့ ကိုးနတ်ရှင်ကိုပဲ ပါးပါးလေး အပြစ်မြင်မိတယ်။ ပိုက်ပိုက်ပေးပေမယ့် ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ သိရတော့ ပိုလို့ စိတ်ညစ်ရတယ်။ ကျွန်တော်နည်းတူ အကြောင်းကြောင်း ကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ် ဆိုရင် စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှု ၊ စိတ်အလိုမကျမှု တွေကို သက်သာအောင် နဲ့ ဘယ်လို ဖြေဖျောက်ရမယ် ဆိုတာလေး မျှဝေ ပေးချင်ပါတယ် .. ..

ခဏတဖြုတ်နားပါ
  • စိတ်မပါတဲ့ အလုပ်ကို ဆက်တိုက် လုပ်နေရသည် ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဘဲ လုပ်နေရသည် ဖြစ်စေ စိတ်ပန်းလူပန်း ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် လုပ်လက်စ အလုပ်ကို ၅ မိနစ် ဖြစ်စေ၊ ၁၀ မိနစ်ဖြစ်စေ နားလိုက်ပါ။ လမ်းထလျှောက်ပါ၊ ရေထသောက်ပါ။ ဒါတွေက စိတ်ဖိစီးမှုတွေကို ရှင်းလင်းစေပြီး ဖိအားတွေကို လျော့စေပါတယ်။

အားကစားလုပ်ပါ
  • အလုပ်တွေပြီးရင် ချက်ချင်း အိပ်ယာထဲ ထိုးမအိပ် သင့်ပါဘူး။ အားကစား စင်တာ တစ်ခုခုကိုသွားပြီး စိတ်ပါလက်ပါ ကစားလိုက်ပါ။ (ကာရာအိုကေ ကို စိတ်လွတ်ကိုယ်လွတ် ဆိုလိုက် ရင်လည်း အားကစား လုပ်သလိုပါပဲ ) ဒီလိုလုပ်ခြင်းဖြ့င် စိတ်ဖိစီးမှုကို အထိုက်အလျှောက် မေ့လျော့ စေပါတယ်။

အလုပ်ချိန်ကို ခွဲခြားပါ
  • မနက်စောစော လန်းဆန်း တက်ကြွနေချိန်မှာ ခက်ခဲပြီး ဥာဏ်သုံးရတဲ့ အလုပ်တွေ လုပ်ပါ။ ပင်ပန်းနေတဲ့ ညနေပိုင်း အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အလုပ်တွေကို ရွေးချယ်လုပ်ပါ။

သီချင်းနားထောင်ပါ
  • အလုပ်နားချိန်မှာ မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်မျိုးမျိုးကို နားထောင်ပြီး အပန်းဖြေပါ။

အလုပ်ချိန်ကို ပြောင်းကြည့်ပါ
  • ကိုယ်ပိုင်အလုပ်ဖြစ်ရင် တစ်ခါတလေ မနက်အစောကြီး အလုပ်ထသွားကြည့်ပါ။ တစ်ခါတလေ မိုးချုပ်သည်အထိ အချိန်ပို လုပ်ကြည့်ပါ။ အလုပ်ချိန် အပြောင်းအလဲ လေးတွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို လန်းဆန်းစေပါတယ်။

( အမှားပါရင် ကျယ်ကျယ်သာ အော်သွားပါ။)
( Reader's Digest, 2008, March. " Five ways to Manage Workplace Stress " )

23 comments:

  1. အလုပ်ကြောင့် စိတ်ဖိစီးတာတွေ ၊ မိသားစုကြောင့် စိတ်အလိုမကျတာတွေ များမှများ ပါပဲ။ အစ်မတော့ ဘုရားကို နာနာ ရှိခိုးလိုက်တယ်။ ကိုဝင်းဇော်ပြောတဲ့ နည်းလမ်းလေးတွေလည်း သဘာဝ ကျပါတယ်။

    အကျိုးပြုစာတွေ စဉ်ဆက်မပျက်ေ၇းသားနိုင်ပါစေ။

    ReplyDelete
  2. စိုးရိမ်ကြောင့်ကျတာတွေ များရင် ရုပ်ကျတယ်။ ဘာမှ မတွေးနဲ့ သူဖာသာသူ ဖြစ်သွားလိမ့်မယ်။ အိုကေနော်။--

    ReplyDelete
  3. အမှားမပါလို့ တိုးတိုးသာ အော်သွားပါမယ်။ စိတ်ရွှင်လန်းလို့ ပျော်ရွှင်နိုင်ပါစေ...

    ReplyDelete
  4. ကျေးဇူး စမ်းကြည့်အုံးမယ်း) ကိုဝင်းဇော်လည်း စိတ်ပင်ပန်းတာတွေ ပြေပါစေ ။

    ReplyDelete
  5. အစ်ကိုရေ စိတ်ဖိစီးမှုများနေလို့ လာဖတ်သွားပါတရ် ။ မှတ်သားစရာလေးပါ ။ လိုက်လံလုပ်ဆောင်ကြည့်ပါ့မယ် ။ ကျေးဇူးတင်ပါတရ်အစ်ကိုရေ ။

    (ကိုရဲ)

    ReplyDelete
  6. စိတ်ဖိစီးဖျောက်တဲ့နည်းလမ်းတွေ မှတ်သားသွားပါတရ်
    ဘီယာသောက်ရင်လည်း ခဏတော့ ပျောက်ပါ့ (မကောင်းတဲ့ နည်းလမ်း ရေးသွားပါတရ် ) စိတ်မဆိုးနဲ့ နော်

    ReplyDelete
  7. မှတ်သားသင့်တာလေးတွေ
    ခုတေလော အမလဲ ဖိစီးမှုတွေ များပေါ့
    ဒီပို့စ်လေး ဖတ်တော့မှ..
    သီချင်းလေးဘာလေး နားထောင်အုံးမှ လို့ သတိရမိတယ်
    ကျေးဇူးပါ..
    သဘောမတူစရာ.. ဘာရှိလို့လဲ
    အနှိပ်ခန်းသွားခိုင်းတာမှ မပါတာ.. :P

    ReplyDelete
  8. စမ်းကြည့်မယ်ဗျိုး

    ReplyDelete
  9. ကျေးဇူးပဲကိုဝင်းဇော် ခုတလော ဖိစီးမှုတွေများနေတယ်...

    ReplyDelete
  10. မှတ်သားသွားပါတယ်ဗျာ..အဆင်ပြေပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  11. နေ့အိပ်မက်လည်း နေတွေပူလို့ ခေါင်းတွေကိုက်ပြီး.... စိတ်ဖိစီးချင်သလိုလိုဖြစ်နေတယ်... :(

    ReplyDelete
  12. ကိုဝင်းဇော် ခုတလော ဖိစီးမှု တွေများနေတာတော့ အမှန်ပဲ။ ဘာလုပ်ရမှန်မသိလို့ ညစ်နေတာ။ ဘယ်အိမ်ကိုမှ သွားမလည်းဖြစ်ဘူး အခုမှရောက်တော့တယ်။ကျေးဇူးပဲ အစ်ကို ပြောတဲ့ နည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုတွေ ပျောက်အောင် လုပ်ကြည့်ဦးမယ်နော်။

    ReplyDelete
  13. စိတ်ဖိဆီးမှု.များလာရင် ခရီးထွက်တာလည်းကောင်းတယ်။

    ReplyDelete
  14. ဖတ်မှတ်သွားပါတယ်--
    ပျော်ရွှင်ပါစေ--

    ReplyDelete
  15. ပိုကာဒေါင်းရင်လည်း စိတ်ကျေနပ်စရာ ဖြစ်တယ်တဲ့ တစ်အိမ်လိုနေတယ် လာခဲ့အုန်း ။။။။

    ReplyDelete
  16. marsuch သွားရင် ပိုကောင်းမလား ဟေ ဟေး

    ဘော်ဒါကြီးလည်း စိတ်ဝင်စားရင် လိုက်လို့ရတယ်

    စိတ်ချမ်းသာပါစေ

    ReplyDelete
  17. စိတ်ညစ်စရာကြုံရင် စာပဲမဲဖတ်နေတတ်တယ်။ ရှယ်ပေးလို့ ကိုဝင်းဇော်ရေ ကျေးဇူး။

    ReplyDelete
  18. စာကြွေးလာဆပ်တယ် ..

    သောကကင်းဝေးနိုင်ပါစေ ..

    ReplyDelete
  19. အင်နာဗွန်စီ ကိုဆောင်ထားပါ
    စိတ်ဖိစီးမှုကို သက်သာစေသည်
    (ကြော်ငြာဝင်တာ)

    ReplyDelete
  20. အကြံပေးလိုပါသည်
    အာနာပါန ရှုပါရန် ..

    ReplyDelete
  21. သီချင်းကိုမပြတ်နားထောင်နေတာမို့ စိတ်ဖိစီးမှုတော့ ရှိမယ်မထင်ဘူး။ ဆုံစရာ အကြောင်းလဲ မရှိသေးလို့လဲ ဖြစ်နိုင်ပါတယ်။ မှတ်သားသွားတယ်။

    ReplyDelete
  22. ခုတစ်လော စီးပွားပျက်ကပ်နဲ့ သတင်းတွေက မကောင်းတော့ နဲနဲ depression ၀င်ချင်သလိုလိုဖြစ်တယ်။ ကျေးဇူး။

    ReplyDelete