Thursday, March 19, 2009
အချစ်သင့်သူ
တွေ့ ဆုံခြင်းဟာ
ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
ကြိုသိခဲ့ရင်
မတွေ့ ဖြစ်အောင်နေမိမှာပဲ...
အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...
ခင်တယ်ဆိုတဲ့ စကားကနေ
ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...
မချစ်သင့်မှန်းသိရက်နဲ့ 
ချစ်ခဲ့မိတဲ့ ကျွန်မ
နောက်ဆုံးတော့
ရင်ဘတ်တစ်ခုဟာ
ဒဏ်ရာတွေဗရပွနဲ့ 
စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။
( ချင်းမလေး )
မူရင်းကဗျာ ရဲ့ လင့်ခ်
24 comments:
  1. တစ်စုံတစ်ယောက်ကို ရည်ညွှန်းထားသလို ခံစားမိတယ်။ တိုက်ဆိုင်တဲ့ ခံစားချက်ရှိပါမှ စာကောင်းတစ်ပုဒ် ကဗျာကောင်းတစ်ပိုဒ် ဖြစ်လာမှာကြောင့် ကောင်မလေးရဲ့ ခံစားချက် အမှန်ကို စာနာနားလည်တယ်။ ကဗျာကောင်းလေး ပါပဲ။
    ReplyDelete
  2. ကဗျာလေးကောင်းတယ် ကိုဝင်းဇော် မူရင်းရေးတဲ့သူကို လည်း အထူးလေးစားမိပါတယ်... .
    ReplyDelete
  3. သီချင်းလေးနားထောင်တယ်
    ကဗျာလေးဖတ်ကြည့်တယ်
    ဆက်စပ်ကြည့်လိုက်တော့ ..
    ဒီလူ မရိုးသားဘူးဆိုတာ သိလိုက်ရတယ်
    ReplyDelete
  4. တွေ့ ဆုံခြင်းဟာ
    ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
    ကြိုသိခဲ့ရင်
    မတွေ့ ဖြစ်အောင်နေမိမှာပဲ...
    အဖြူရောင်လေးတွေ
    အရောင်စွန်းထင်းလာမယ်မှန်း
    ကြိုသိခဲ့ရင်
    မပတ်သတ်မိအောင်နေမိမှာပဲ...
    ခင်တယ်ဆိုတဲ့ စကားကနေ
    ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
    ကြိုသိခဲ့ရင်
    ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...
    မချစ်သင့်မှန်းသိရက်နဲ့ 
    ချစ်ခဲ့မိတဲ့ ကျွန်မ
    နောက်ဆုံးတော့
    ရင်ဘတ်တစ်ခုဟာ
    ဒဏ်ရာတွေဗရပွနဲ့ 
    စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။
    ReplyDelete
  5. စုတ်ပြတ်သတ်တဲ့ထိ မဟုတ်ပေမဲ့
    တိုက်ဆိုင်တာလေးတွေ ရှိလို့..
    ReplyDelete
  6. ပိုင်ရှင် ချင်းမလေး ဆီ ရောက်ခဲ့တယ်
    ကဗျာအရေးကောင်းသူတစ်ယောက်လို့ မြင်တယ်
    မင်းကဘာလဲ ဘယ်လဲ (အဟဲ)
    သွားချွန်လိုက်မယ်နော်။
    ReplyDelete
  7. ခံစားလိုက်ရတယ်ဗျာ။ ကဗျာကောင်းလေး တပုဒ်
    ပါပဲ။
    ReplyDelete
  8. ဘယ်လိုပြောရမယ်မသိ.. နောင်တရသွားလားလို့ ..
    ကဗျာလေးက..ကောင်းတယ်
    ReplyDelete
  9. ဝေးရမယ်ဆိုတာ
    ကြိုသိခဲ့ရင်
    Hany ရေ ...
    အချိန်တွေကို မောင်
    နောက်ပြန်လှည့်ခိုင်းမိမှာပဲ ။
    Blog ပိုင်ရှင် ခင်ဗျာ ....
    အဲဒီကဗျာလေးကို ဒီကောင် ဘုန်းမြင့်သူ
    ရင်ဘတ်ကြီးနဲ့ ထပ်တူထပ်မျှ ခံစားသွားပါတယ်။
    ReplyDelete
  10. ကောင်မလေးဆီမနေ့က ရောက်ခဲ့တယ်
    ဒီဘက်ပြန်ကူးတော့ နက်မရတော့ဘူး
    သိအောင်လာပြောတာပါ
    အေးမြတဲ့လလေး အမြဲသာနိုင်ပါစေလို့
    အားပေးနေပါတယ်။
    ReplyDelete
  11. အစ်ကို့ကဗျာလားလို့
    (ကျွန်မ)ဆိုတော့မှ သဘောပေါက်သွားတယ်။
    ပြန်နွေးကြည့်တော့
    ကောင်းမလေးကို စာနာမိတယ်
    ကိုယ့်လိုလူလည်း ရှိသေးတာပဲဆိုပြီး
    သနားမိတယ်။
    ဒါနဲ့ ဘယ်လို ပတ်သက်နေလဲ
    သိချင်ယုံလေးပါနော်
    ReplyDelete
  12. အဟေဟေး...........
    ReplyDelete
  13. “မချစ်သင့်မှန်းသိရက်နဲ့ 
    ချစ်ခဲ့မိတဲ့ ကျွန်မ
    နောက်ဆုံးတော့
    ရင်ဘတ်တစ်ခုဟာ
    ဒဏ်ရာတွေဗရပွနဲ့ ”
    ကဗျာလေးကိုဖတ်ပြီး ချင်းမလေးဆီ ရောက်ဖြစ်တယ်..။
    စာရေးကောင်းတယ် ... ???
    ReplyDelete
  14. ကဗျာအတွေးလေးတွေကောင်းတယ်....
    ReplyDelete
  15. လူတိုင်းကို ပျော်ရွှင်စေချင်တယ်
    နာကျင်မှုကို မျှဝေခံစားရင်း
    သက်သာစေဖို့ မျှော်လင့်ပါတယ်
    ReplyDelete
  16. This comment has been removed by the author.
    ReplyDelete
  17. ၂ ယောက်ထဲဆိုင်တဲ့ ကိစ္စ(နှလုံးသားရေး)မှာ
    ၁ ယောက်သောသူက နာကျင်နေရင်
    ပတ်ဝန်းကျင်က စုပ်သတ်မိမှာပဲလေ..
    ဒါကြောင့်
    တစ်ဦးအပေါ်တစ်ဦး စိတ်ကြေအေးစေမယ့်
    ပြေရာပြေကြောင်းလေးနဲ့ ကြည်နူးနိုင်ပါစေ...
    ReplyDelete
  18. ရင်တွင်းဖြစ်က လန်းတယ်၊ ဖတ်သွားတယ်။။
    ReplyDelete
  19. - မတွေ့ဖြစ်အောင် နေမိမှာပဲ ...
    - မပတ်သက်မိအောင် နေမိမှာပဲ ...
    - ခင်တယ်လို့ မပြောမိအောင် နေမိမှာပဲ ...
    ကောင်မလေးက တော်တော်လေး နာကျည်းသွားတဲ့ ပုံလေးပဲ။ ဒါမှမဟုတ် နောင်တ ရသွားပလားပဲနော် .. ကဗျာလေးက ကောင်းတယ်။
    ReplyDelete
  20. အင်း....
    အပေါ်ကသီချင်းက“ အချစ်ကမှားလား”...တဲ့
    အောက်က ကဗျာက...အချစ်က ...မှားသွားပြီ....ထင်တယ်...ချင်းမလေးရေ....(ကိုဝင်းဇော်အပါအဝင်)
    အချစ်မရှိရင်
    ပျော်ရွှင်စရာဘဝ
    ဘယ်ရပါ့မလဲ...လေ....။
    ချစ်ခဲ့မိတော့လဲ
    ရင်ကွဲကာဒဏ်ရာရ
    မျက်ရည်တွေခါခါကျခဲ့ရမှ
    မှားလေစွ...မှားလေစွလို့
    ကြေမွတဲ့ အသဲတစ်စုံနဲ့
    လွမ်းယုံပဲတတ်နိုင်တော့မှာပေါ့ကွယ်......။
    ReplyDelete
  21. ထပ်တူခံစားသွားတယ်။ တိုက်ဆိုင်မှု့တွေ ရှိတယ်ဗျာ။ ကဗျာပိုင်ရှင်ဆီ သွားလည်မယ်။
    ReplyDelete
  22. မနေ့က ချင်းမလေး ဆီရောက်ခဲ့တယ်။
    ကဗျာလေး ပြန်လာဖတ်တယ်။
    ReplyDelete
  23. ရင်ကိုထိစေသော ကဗျာလေးပါ
    ReplyDelete
  24. ကဗျာလေး နှစ်သက်လို့ ပြန်လာဖတ်ပါတယ်
    အရင်ရက်က နက်မကောင်းလို့
    ကွန်မင့်ပေးဖို့ ခက်ခဲတယ်။ ချင်းမလေးဆီတော့ ရောက်ခဲ့တယ်။
    ReplyDelete