Friday, March 13, 2009
လက်ဆောင်လေးတစ်ခု
လက်ဆောင်ဆိုရင် မနှစ်သက်တဲ့သူ ဘယ်ရှိမလဲနော်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ တခုတ်တရ လက်ဆောင် ပေးတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတာမျိုး ဖြစ်တယ်။ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှ လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ တစ်ခါတလေ မထင်မှတ်တဲ့ လက်ဆောင်လေးတွေ တကူးတက ပေးဖြစ်တာလည်း တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတယ်ဆိုတာကို နှုတ်က ဖွင့်မပြောဘဲ ထုတ်ဖော်ပြသရာ ရောက်တတ်ပါတယ်။
စာဖတ်ဝါသနာပါတဲ့ သူအတွက် စာအုပ်လေးတွေ လက်ဆောင်ပေးတာမျိုး၊ သီချင်းကြိုက်တတ်တဲ့ သူအတွက် သူနှစ်သက်တဲ့ အဆိုတော်ရဲ့ အခွေထွက်တိုင်း ဦးဦးဖျားဖျား လက်ဆောင်ပေးတာမျိုး အမှတ်မထင် ပေးဖြစ်ရင် တစ်ဖက်သားက ကိုယ့်ကိုပိုပြီး အမှတ်ရစေမယ့် အခွင့်အလမ်းလေးတွေ ဖြစ်စေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်လည်း မမျှော်လင့်တဲ့ အမှတ်တရ လက်ဆောင် တစ်ခုရထားလိုက်တယ်။ ပန်းရောင်လွှမ်းတဲ့ အမှတ်တရ ပစ္စည်းလေးပါ။ သူငယ်ချင်းတွေကို ပြလို့ မဖြစ်သလို၊ ပြောပြလို့လည်း မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သိထားပေးပါ။ (မေတ္တာများများ ပို့နိုင်ပါတယ်၊ နေမကောင်းသေးလို့)
32 comments:
  1. ကြွားချက်လေး လှတယ်ဟေ့..
    ပြတော့ ရော ဘာဖြစ်မှာမို့ လဲ...း)..
    မေတ္တာ ပို့ ပါတယ်
    မြန်မြန် ကျန်းမာပါစေ
    အရာရာ အစစ အဆင်ပြေပါစေ...း)
    ReplyDelete
  2. ပန်းရောင်ဆိုတာ ချစ်ခြင်းရဲ့ သင်္ကေတအမှတ်အသားပေါ့ ၊ လူဆိုတာကလည်း မပြတာကိုကြည့်ချင်တယ်၊ မသိစေချင်တာကို ပိုပြီးသိချင်ကြတယ်၊ အဲဒီတော့ နည်းနည်းလောက်ဖြစ်ဖြစ် ပြပါလား...။ ဟဲ...ဟဲ
    မြန်မ်ြနေကောင်းပါစေဗျာ။
    ReplyDelete
  3. သူငယ်ချင်း
    အရူးတစ်ယောက်ပျော်နေတာ မြင်ရင်
    ငါလည်းပျော်တယ်ကွာ (အဟတ်)
    ငါကလည်း သူများရဲ့
    အမှတ်တရလက်ဆောင်ကို သိချင်တာ မဟုတ်ဘူး
    (နောက်မှ တိုးတိုး ပြောကွာ)
    ကျန်းမာရေး ဂရုစိုက်ပါ
    ReplyDelete
  4. သွားရည်တမြားမြားနဲ့
    မြင်ယောင်နေပါသေးတယ်..
    တစ်ယောက်တစ်ဝက်လုပ်လေ။။။
    ReplyDelete
  5. သွား..လူဆိုး နောက်မှ လာမတိုင်ပင်နဲ့..:P
    ReplyDelete
  6. အောင်မြတ်လေးနော်.... ပြောလည်းပြောဘူး ပြလည်း ပြဘူးဆိုသေးရဲ့... လက်ဆောင်ရတာကို ကြွားပြီးတော့ မပြဘူးဆိုမှ ဒီက ပိုသိချင်တယ်... အဟဲ... :P
    မေတ္တာတော့ ပို့ပေးပါ့မယ်... ညတိုင်း... မောင်မင်းကြီးသား ကျန်းမာပါစေ ချမ်းသာပါစေလို့...
    ReplyDelete
  7. မပြဘဲနဲ့များ ပြောနေသေး..း(
    ReplyDelete
  8. သိပ်အရေးကြီးပြီး
    သိပ်တန်ဖိုးထားတဲ့ လက်ဆောင်ဆိုတော့
    ညီမလေးပေးထားတာလား
    မှန်းကြည့်တာနော်
    စိတ်လည်းမဆိုးနဲ့
    ပြောပြ ဘာလက်ဆောင်လဲဆိုတာ
    အဟီး
    အူယားအောင်လုပ်တယ် ..
    ReplyDelete
  9. ပန်းရောင်ဆိုတော့..ပေါင်းရန် ပေါ့..
    အဟေးး..
    ReplyDelete
  10. အယ်...ဘာတွေများ သွားလုပ်လို့နေမကောင်းပါလိမ့် ရုတ်တရက်ကြီးဆိုတော့ ထူးဆန်းလို့း)
    ကဲကဲ.....မေတ္တာများများ ပို့နိုင်ပါတယ်ဆိုတော့ ပို့အုံးမယ် “ ကျန်းမာချမ်းသာ အနာမဲ့ခြင်း အဆင်းလှခြင်း ........ပါစေ ”
    နေမြန်၂ကောင်းပါစေ ကိုဝင်းဇော်။
    ReplyDelete
  11. ပန်းရောင်လက်ဆောင်
    ပန်းရောင်လက်ဆောင်
    ပန်းရောင်လက်ဆောင်
    ပန်းရောင်လက်ဆောင်
    ... အတွေးတွေ ခြာ၂ လည်တယ်
    ReplyDelete
  12. နေကောင်းအောင်နေ၊ကျန်းမာရေး ဂရုစိုက်၊ ဆေးမှန်မှန်သောက် ၊ ဆရာလာလုပ်သည်၊ လက်ဆောင်ကို တိုးတိုးတိတ်တိတ် လာပြနော်:)
    ReplyDelete
  13. လက်ဆောင်ဆိုတော့ ရုတ်တရက်ကြည့်လိုက်တာ ပို့စ်အောက်ဆုံးက ဆွဲကြိုးလိုဟာလေးကို မြင်လိုက်တော့ လူတောင် ကြောင်တောင်တောင် ဖြစ်သွားသေး ... ဟီး ... ပို့စ်ဖတ်လိုက်တော့မှ ပန်းရောင်လေးတဲ့ .... သိချင်တဲ့သူတွေများလို့ ကြိတ်ပျော်နေတယ်မလား .... နေကောင်းပါစေ ..... ဆုတောင်းပေးတယ်နော် ....
    ReplyDelete
  14. ပန်းရောင်လဲပါတယ်။ အသဲပုံလည်ဆွဲလေးလဲ ပြထားတော့ ရှက်သွေးဖြန်းသွားတဲ့ လက်ဆောင်ဘဲ ဖြစ်ရမယ်။ မှန်းပြောတာနော်။ အတွေ့အကြုံအရ ပြောတာ မဟုတ်ဘူး။ ဟဲ ဟဲ။
    ReplyDelete
  15. ကိုဝင်းဇော်လည်း မြန်မြန်နေကောင်းပါစေ..
    လက်ဆောင်လေးအတွက် ကြည်နူးနေတယ်ထင်..ဟဲဟဲ
    ပန်းနုရောင်လေးတဲ့...
    မပြပါနဲ့..မကြည့်ချင်ပါဘူး..for your eyes only..မဟုတ်လား..။ :)
    ReplyDelete
  16. လက်ဆောင်ရထားတယ်လဲ ပြောသေးတယ် မပြလည်းမပြဘူး
    သူများကို ကြည့်ချင်စိတ်ဖြစ်အောင်လုပ်ပြီးမပြဘူး ငရဲကြီးမယ်နော်
    နေကောင်းပါစေနော်
    ReplyDelete
  17. ကိုဝင်းဇော် ပြောမထားလည်းသိတယ်သိတယ် ဟီး၂...ကြွားလည်းကြွားတယ် ပြလည်းမပြဘူး ဟီး၂
    ReplyDelete
  18. ပြလိုက်ပြီးရော မပြချင်ရင် မကြွားနဲ့ပေါ့ ဟွန်း ကြွားတော့တွေ့ချင်တာပေါ့ အိမ်ကိုခဲနဲ့လာထုမှာကြည့်နေ ဟွန့်
    ReplyDelete
  19. ကြွားပြီး ပြလဲမပြဘူး။။ ၇ဘူးဗျို့.။
    မပြမချင်း လာ၇စ်နေမယ်။
    တစ်ဗူးနဲ့ ၈လိပ်နော်။ ငါ့အကြောင်းသိတယ်နော်
    ဟင်းဟင်းဟင်း။
    ReplyDelete
  20. ဟဟ နာ့ အီကိုကြီး ချွန်နေရယ်..အဲဟုတ်ပါဘူး စွံနေရယ် ပေါ့ေ၇း :P (ချူးတိုးတိုး မျက်ချိချွန်တာကို ပြောရာ တူအတိဘူး :P)
    စတာနော် လည်လည်ေ၇ာက်ပါရယ်ချင့်
    ReplyDelete
  21. စာလာဖတ်တဲ့သူတွေရဲ့ စိတ်ကို ကသိကအောင့် လုပ်တဲ့အတွက် အသက်ကြီးကြီးနဲ့ ရပါစေတော်
    အဟိ စတာနော်။ အူယားလို့။ ဒိထက်တောင် အော်ချင်သေးတယ်
    ReplyDelete
  22. တို့လဲ သိချင်တာပဲ
    ဘယ်နေ့ ပြောပြမလဲ ဒီလိုနဲ့တော့ မရဘူးနော်
    ပြောမပြရင် လာအော်အုန်းမှာ
    မကြောက်ရင် မပြောပြနဲ့ ဒါပဲ
    ReplyDelete
  23. ဘာရဲအသိဘူး
    ဒိချင်တယ် တအားပဲ
    ReplyDelete
  24. ဘာတွေလဲ ညီလေးဝင်းဇော်
    ကိုယ်တော့ မသိချင်ပါဘူး
    ဒါပေမယ့် တိုးတိုးတိတ်တိတ်လေး လာပြအုန်း
    စပ်စုတယ်လို့တော့ မထင်ပါနဲ့
    သိချင်တာလေးပါ ..
    ReplyDelete
  25. ပန်းရောင်လွှမ်းတဲ့လက်ဆောင်ဆိုတော့....။ တို့လဲသိချင်တယ်။ ပြောပြလေ။ လူစုံတုန်းလေး။ :D နေကောင်းပါစေ။
    ReplyDelete
  26. စိန်ကြွားလေး...
    ပြမလား မပြဖူးလား... ဒါပဲပြော...
    ReplyDelete
  27. ပျော်ရွှင်နေတဲ့ပုံလေးကို မြင်ယောင်မိပါတယ် ..
    အားလုံးက တောင်းဆိုနေမှတော့
    ပုံနဲ့တကွ တင်ထားသင့်ပါတယ်နော် .. ..
    စိတ်မကောင်းအောင် မလုပ်ပါနဲ့
    (မကျေနပ်ဘူး-ခိုင်ထူး)
    ReplyDelete
  28. တစ်ရက် မရောက်ဖြစ်ရင်
    တစ်ရက် အပြောင်းအလဲမြန်တယ်။
    လူ့ရဲ့စိတ်ဆိုတာ ဒါမျိုးလေးနေမှာ (အဟဲ)
    ကဲပြောတော့နော်
    ဘာလေးလဲ ..
    ReplyDelete
  29. လိုချင်တောင့်တလို့ရတဲ့ လက်ဆောင်ထက်
    မမျှော်လင့်ပဲရတတ်တဲ့ လက်ဆောင်က
    ပိုအဖိုးတန်တယ်ဆိုတာ ယုံပါတယ် ..
    ပျော်ရွင်ပါစေ
    ReplyDelete
  30. ပန်းရောင်လွှမ်းတဲ့ အမှတ်တရပစ္စည်း.....
    ဟုတ်စ...
    ကြွားချက်ကတော့နော်...
    ဟင်းဟင်းဟင်း... (ထမင်းမပါ) :P
    ReplyDelete
  31. လုပ်ပြီဗျာ ပြောပြတုန်းက ပြောပြီးတော့ မပြဘူးဆိုတော့ ဘာလဲဗျ ဆံ့တငံ့ငံ့ ဖြစ်အောင်
    လုပ်တယ်ဗျာ။
    ReplyDelete