Thursday, February 26, 2009

မေးလို့ .. .. ဖြေကြည့်ချင်တယ်



နွေရဲ့သရုပ်က ပိုပြီး ပီပြင်လာတယ်။ တိုက်ခတ်လာတဲ့ လေကိုက ပူနွေးနွေးရယ်ပါ။ ကြည့်လိုက်တဲ့ မြင်ကွင်းတွေက ရင်ကို အေးမြမှုစေဖို့ မဆောင်ကျဉ်းနိုင်ပါဘူး။ ပူလောင်နေတဲ့ နွေကို ခေါက်ရိုးကျိုးနေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေ အတွက်တော့ စက်ရုပ်လိုပဲ လှုပ်ရှားမှုက သွတ်သွတ်လက်လက် နဲ့ပါ။ အနှီကဲ့သို့ ပူပြင်းတဲ့ မြို့ရန်ကုန်ထဲ သွားရင်း လာရင်းနဲ့ အိုအေစစ်လေး တစ်ခုကို တွေ့လိုက်မိတယ်။ ဒီ အိုအေစစ်လေးကို မြင်တွေ့ ခံစား လိုက်ရသူတိုင်းရဲ့ ရင်ထဲကို အေးမြ လန်းဆန်းသွားစေမှာ အမှန်ပါ။ အဲဒီ အိုအေစစ်လေးရဲ့ နာမ်စားလေးကတော့ အချစ် ဆိုတာ ပါပဲ။

ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးလေးက တိုတိုလေးပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာ၊ ၀ိညာဉ်၊ စိတ်အစဉ်ကို ဖမ်းယူ ညို့ထားနိုင်စွမ်းတာ အချစ်ပဲ ဖြစ်ပါတယ်။ အချစ်ကို လက်နဲ့ မတို့ မထိနိုင်ပေမယ့် အရာရာတိုင်းမှာ စိမ့်ဝင်နေတတ်တဲ့ အချစ်ရဲ့ ချိုမြိန်မှုတွေကိုတော့ လူတိုင်း ခံစားနိုင်မှာပါ။ ချစ်ခြင်းကို ခံစားမိတဲ့ ခဏတာ အချိန်လေးမှာ ကမ္ဘာမြေကြီးဟာ အသွင် ပြောင်းလဲ သွားနိုင်တယ်။ ဆောင်းရာသီဆိုတာ မရှိဘူး၊ ညဆိုတာ မရှိဘူး၊ ၀မ်းနည်းပူဆွေးမှု၊ အလိုမကျမှုနဲ့ တာဝန်ဝတ္တရားတွေကို အကုန် ၀ါးမြို ပစ်နိုင်တဲ့ စွမ်းအင် ရှိတယ်။ အချစ်နဲ့ပတ်သက်လာရင် ကျွန်တော့်အတွက် ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပေမယ့် ကျွန်တော် နားလည်မိတဲ့ အချစ်ဆိုတာကတော့ .. ..

  • အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
  • အချစ်က ယစ်မူးစေတယ်
  • အချစ်က အချိန်ကို စားသုံးတယ်
  • အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
  • အချစ်က အထီးကျန်စေတယ်
  • အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
  • အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
  • အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
  • အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
  • အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
  • အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်

အလုံးစုံကိုသိခြင်း၊ အဆုံးစွန်ကို ခွင့်လွှတ်ခြင်း တွေကို ဖြစ်စေတဲ့ နှလုံးသားရဲ့ ဘယ်သောအခါမှ မသေဆုံးနိုင်တဲ့ ဆာလောင် မွတ်သိပ်မှုကို ပေးနိုင်စွမ်းတာ အချစ်ရယ်ပါ။ အချစ်ကြောင့် နောင်တရတယ် ဆိုတဲ့ စကားကို ဘယ်သောအခါမှ ပြောထွက်ခဲ့မှာ မဟုတ်ပါဘူး။ အချစ်နဲ့ ပတ်သက်လာရင် စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံ မမျှနိုင်သေးတာကြောင့် နောက်ဆုံးအနေနဲ့ အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ အချစ်အကြောင်း ကို နားလည်သလို ပြောပေးပါဆိုပြီး TAG ထားတဲ့ ညီလေး ကိုရဲ တစ်ယောက် ကျေနပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီ tag ပို့စ် အချစ်အကြောင်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပဲ မကြီး မကဗျာ နဲ့ ညီမငယ် ပန်းခင်းလေး နှစ်ယောက်ကိုပဲ ထပ် tag ချင်ပါတယ်။ အချိန်ရရင် ရေးပေးပါလို့ တောင်းဆိုပါတယ်။ အားလုံးပဲ ကျေနပ်နိုင်ပါစေ။

heart Pictures, Images and Photos

Tag လေးကို ပြန်ဖြေထားတာ ဖတ်ကြည့်ပါအုန်း

မကြီး မကဗျာ က အချစ် ...... တဲ့

ညီမငယ် ပန်းခင်လေး က အချစ်ဆိုပါလား.


ပုံကို photobucket ကနေ ယူသုံးထားတယ်နော် .. ..

34 comments:

  1. အချစ် လား. သူစိတ်ချမ်းသာမှူကိုဘဲ ရှေ့ရူပါတယ။်

    ReplyDelete
  2. ကိုယ့်ရဲ့ အချစ်ခံစာမှူကိုပြောတပါ။

    ReplyDelete
  3. အချစ်လား? ၀င်ခဲ့လေ ဆိုတာတော့ ကြားဖူးတယ် ... ဟိ
    အချိန်ယူပြီး ရေးမယ်နော် လောလောဆယ် အချစ်ကြောင့် လွမ်းနေရလို့ ... အချစ်အကြောင်း မဟုတ်ဘဲ အလွမ်းအကြောင်းဖြစ်နေမှာစိုးတယ်။

    ReplyDelete
  4. အချစ်လား...သူဈေးသွားနေတယ်။ :P

    ReplyDelete
  5. အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်

    *************

    တစ်ကယ်လားဗျာ။ ကျွန်တော်က အချစ်နည်းနည်းပဲ ပြန်ရတဲ့သူ။ အချစ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။

    သုခမိန်(E-Journal)

    ReplyDelete
  6. ချစ်ချစ်..မင်းတို့ပဲ ချစ်ကြ၊
    အချစ်ဒသနတွေ ဖတ်သွားတယ်နော်

    ReplyDelete
  7. ဒါဖြင့် အချစ်ကိုများများယုံရင် များများပြန်ရမယ်လို့ ဆိုလိုတာလား.. သိပ်တော့ မထင်ဘူးနော ..

    ReplyDelete
  8. ကိုဝင်းဇော်ရဲ့ အချစ်ဒဿနကို လာဖတ်ပါတယ်။

    ReplyDelete
  9. tag ပို့ဒ်လေးပဲ၊
    ရှာရှာကြံကြံ ရေးသားနိုင်တာကိုတော့ ချီးကျူးပါရဲ့
    ကိုယ့်ကောင်မလေးကိုရော
    ဒီလို အချစ်မျိုးပေးနိုင်ပါရဲ့လားနော်

    ReplyDelete
  10. လင့်ခ်လေးတွေ့လို့ လိုက်လာတာ
    အဆင်မပြေတာများ ဖြစ်ပြန်ပြီလားလို့ပေါ့
    ဒီရောက်တော့ အချစ်ဂုရုရဲ့
    အချစ်စကားလုံးလှလှတွေ လာတွေ့တယ်။
    ကောင်းတယ်။

    ReplyDelete
  11. အချစ်လား .. သူဖျားနေတယ် သုမောင် ရဲ့ သီချင်းလား (သို့) စာအုပ်နံမယ်လားမသိဘူး ဟီး၂

    ReplyDelete
  12. အချစ်က နာကျင်စေတယ်..ကိုယ်ချစ်သလောက်ပြန်မရတာလဲ အချစ်ဘဲ..ဒါပေမယ့် လူတွေတော်တော်များများဟာ အချစ်ရှိမှာ ပြည့်စုံနေသလိုဘဲ ထင်ကြတယ်..
    ကျနော် ခံစားမိတာလေးတွေ ထပ်ဖြည့်ရေးလိုက်တာနော်
    ဘာရယ်ဟုတ်ဘူး
    ရေးထားတာတွေ ကောင်းတယ်..အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  13. အချစ်ဆိုသည်မှာ...အံ့သြမှုများနဲ့ဆန်းကြယ်သောအရာ
    ဟီးသီချင်းဆိုသွားတာ

    ReplyDelete
  14. အကိုရေ ရောက်ပါတယ်
    တစ်နေ့ ၂ခေါက်လိုဖြစ်နေတယ်။
    အချစ်အကြောင်း လာဖတ်တာ။

    ReplyDelete
  15. ကောင်မလေးကို ရည်းစားစာရေးရင်
    ကွန့်လို့ရအောင်
    လိုချင်တာတွေ
    ကူးသွားတယ် ပရိုရေ့ ....

    ReplyDelete
  16. နူးညံ့စွာခံစားထားတဲ့ အချစ်ကို
    လာခံစားသွားပါတယ် ...
    အချစ်ဖွဲနွဲ့ ချက်တွေက ထိပါတယ်...

    ReplyDelete
  17. အချစ်က မရောက်သေးတဲ့ နေရာတွေကိုလည်း ရောက်နေသလို လှည့်စားတတ်တယ်ဗျာ။။

    ReplyDelete
  18. အချစ်ဒသာနလေးတွေကို လာခံစားသွားတယ်အကိုရေ အကိုရေးထားတဲ့အောက်က ၁၁ ကြောင်းကို ကူးသွားပြီနော် အဆင်ပြေပါစေ အကိုရေ။

    ReplyDelete
  19. အချစ်လား... ယောကျာင်္းယူ သွားတာကြာပေါ့...
    နောက်တာ..။
    ကောင်းကောင်းမသိလို့ ပဲ နော်... ပြော သွားလိုက်တာ စုံ လို့ ...

    ReplyDelete
  20. ၀ဲလ်ကမ်းရေ.... အချစ်ဆိုတာ ကိုယ်ကိုတိုင်တောင် ဖော်ထုတ်ပြနိုင်စွမ်း မရှိတဲ့ အနက်နဲဆုံးသော လျှို့ဝှက်ချက်ပါ။

    ReplyDelete
  21. အချစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ အမှန်တွေချည်းပဲဗျို့...။

    ReplyDelete
  22. အချစ်လား.
    မချစ်တတ်ခင်က မလိုအပ်ဘူး။ အပိုအလုပ်လို့ထင်မိတယ်။
    ချစ်တတ်လာတော့ နင့်နေအောင်ခံစားရတယ်။ ပျော်ရွှင်မှု့ ၀မ်းနည်းမှု့တွေ အပြည့်ပဲ။
    သူပျော်နေရင် ကျေနပ်တယ်။
    ဒါပေမဲ့...ကိုယ့်ကိုဂရုမစိုက်တဲ့အချိန်ဆို ငိုမိတော့တာပါပဲ။
    အဲဒါ..အချစ်ကြောင့်ခံစားရတာတွေပေါ့:(

    ReplyDelete
  23. အစ်ကိုရေ ။ မနေ့ညက တက်ထားပြီး ကျောင်းသွားနေလို့ ခုမှလာဖတ်ရတရ် ။ တော်တော်တောင်မန့်သွားပီ ။ ကျေးဇူးတင်တရ် အကိုရေ ။ အချစ်အကြောင်းတွေ သိလိုက်ရလို့ပါ ။ ညီလိုချင်တာကိုလည်း ကူးလိုက်တရ် ။ အတွေးအရေးက မိုက်တရ်ဗျာ ။ အားကျတရ် ။

    ရယူခြင်းမဟုတ်ရင် အချစ်က ဘာလည်း ငါ့ကိုလည်း ပြောပြထားဦးဟေ့ ဆိုတာနဲ့
    အချစ်ဆိုတာဟာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ....

    ဘာကပိုမှန်မလည်းအစ်ကိုရေ ။ ခေါင်းစားသွားပလား ဟဲဟဲ ။ စတာပါ ။ ကျေးဇူးတင်ပါတရ် အစ်ကိုရေ မသိတာလေးတွေကို သိလိုက်ရလို့ပါ ။

    (ကိုရဲ)

    ReplyDelete
  24. အယ်...ဘာမှတောင်မပြောတတ်တော့ပါလားနော် ဟိဟိ

    ReplyDelete
  25. အချစ်လား သူဖျားနေတယ်..။ :D

    ReplyDelete
  26. ရွာက ဘုတ်ဆုံမကို လွမ်းတယ်ကွာ
    အချစ်အကြောင်းပြောရင် သူကနေစရမှာ ..
    အချစ်ဦးမို့ ပါ။
    ခုတော့ .. ကလေးတွဲလောင်းနဲ့ အဆင်မှ ပြေပါ့မလား အသိဘူး ငါ့ညီရေ ..
    ကိုယ့်မှာတော့ တန်းလန်းကြီးပါပဲ။

    ReplyDelete
  27. စာသားမိုက်မိုက်လေးတွေ ခံစားသွားတယ်
    ငါသာငယ်ငယ်ကဆို
    နင့်ကို ရည်းစားစာ ရေးခိုင်ပါတယ်ဟယ်
    ခုတော့ နောက်ကျကုန်ပြီ
    နင်လည်း အဆင်ပြေပါစေ

    ReplyDelete
  28. ရှမ်းလေးရေ ..

    အချစ်ဆိုတာ ပေးတိုင်းပြန်မရတတ်သလို၊ ပေးသလောက်လဲ ဆတူပြန်ရချင်မှရတတ်တာ ... လောကကြီးက လိုက်ဖက်ညီတဲ့ အချစ်တွေကို တွဲစပ်မပေးတတ်ဘူးလေ ...
    ဒါပေမယ့် ရေးထားတာလေး အရမ်းဖတ်လို့ကောင်းတယ် ...

    ReplyDelete
  29. လန်ထွက်နေတဲ့ စာသားတွေက
    လူကို မရိုးမရွဖြစ်စေတယ်။
    ဒါနဲ့တောင် ဂေါ်မစွံ့ဖြစ်နေတာ သနားစရာပါ။
    ဖတ်ဖတ်သွားတယ်။

    ReplyDelete
  30. ကိုဝင်းဇော်က မိန်းမသာမရှိတာ အချစ်အကြော်ငးရေးတာ ချောနေတာပဲ ရည်းစားဘယ်နှယောက်ထားဘူးလည်း
    မှန်2ဖြေနော်။
    တို့အချစ်လား အွန်လိုင်းမှာ မျက်စိလည်နေတယ်

    ReplyDelete
  31. လောကကြီးကိုက အချစ်နဲ့စြ့ပီး အချစ်တွေနဲ့ဘဲ သံသရာလည်နေကြတာလေ။လူတိုင်းမှာ မွေးကတည်းက အချစ်ရှိကြတယ်။အဲဒီအချစ်က ကောင်းကျိုးတွေပေးသလို ဆိုးကျိုးတွေလည်းပေးတတ်သကိုး ဒါကြောင့် အချစ်ဆိုတာကို အချစ်နေရာလေးမှာဘဲထား မပိုက်ဆိုင်ချင်မိစေနဲ့ ပိုင်ဆိုင်ချင်လို့က ပူလောင်ပြီသာမှတ် ဒကာလေး မောင်ဝင်းဇော်၊ ဟဲ..ဟဲ

    ReplyDelete
  32. အစ်ကိုရေ...လူတစ်ယောက်ကိုမချစ်ပဲနဲ့၁နှစ်ကျော်
    ချစ်ခြင်ယောင်ဆောင်လို့ရပါသလား။စုစုကတော့ ရင်နဲ့အမျှပေးဆပ်လိုက်ရပါတယ်။

    ReplyDelete
  33. အချစ်အောကာင်းရေးထားတာလေးတွေဖတ်သွားတယ် မောင်ဝင်းဇော်ရေ။ အစ်မလဲ ရေးရဦးမယ်။
    ဘယ်လိုရေးရဦးမယ် မသိ။

    ReplyDelete
  34. အဟား.. မိုက်တယ်ကွာ..(မလိမ္မာဘူး... :P)

    ဦးဥိးဝင်းဇော်က လန်ထွက်နေတာပဲ.. အချစ်..အချစ်...
    ဟူး... တွေးရင်တော်တော်မောတယ်....

    အချစ်အတွက် လာရောက်လေ့လာသွားပါတယ်... အဟား.. အခုထိ ကိုရဲရဲ့ တက်ဂ်ကျွေး ကို မက်မက် မဆပ်ရသေးဘူး.. ဟင့်.....

    ထရေးချိတ်ညစ်... :P

    ReplyDelete