Wednesday, January 14, 2009

When I Praise

When I Praise

I laugh
when she for other men confesses love;
but when she says
she hated one man she could kill,
My heart is all one jealous blaze,
For,
pity me,
she hates him still !

( W.RH. Davies (1871-1940)

မနာလိုမှု မီးတောက်လောင်

သူမက အခြားယောက်ျားတွေကို
ချစ်ကြောင်း ဖွင့်ဟပြောဆိုတဲ့အခါမှာ
ကိုယ် ရယ်မိတယ်။
ဒါပေမယ့် ယောက်ျားတစ်ယောက်ကို
သတ်ချင်လောက်အောင် မုန်းတယ်လို့
သူမပြောတဲ့ အခါမှာတော့
ကိုယ့်နှလုံးသားဟာ မနာလိုမှု မီးတောက်လောင်တယ်
ဘာလို့လဲဆိုတော့
ကိုယ့်ကို သနားပါ
သူမက သူ့ကို မုန်းနေဆဲမို့ပါ။

(ချိုထွန်း)

10 comments:

  1. သူမ သူ့ကို မုန်းနေတာ မသိစိတ်ရဲ့ တစ်နေရာမှာ သူရှိနေသေးတာကို ဖော်ပြနေတာပဲ ။ ကဗျာလေးကောင်းတယ် ။

    ReplyDelete
  2. ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ...
    ကြိုက်တယ်

    ReplyDelete
  3. ကြိုက်မိသွားတယ် အကို အော် သူမက သူ့ကိုမုန်းနေတာကိုက ကိုယ့်အတွက် မနာလိုမူလေးတခုပါပဲ ကောင်းတယ်ဗျာ

    ReplyDelete
  4. တကယ်ချစ်တတ်သူတွေရဲ့ ခံစားချက်ပါပဲ။

    ReplyDelete
  5. မုန်းတယ်ဆိုကတည်းက စိတ်ထဲမှာရှိနေသေးလို့ပါ ဖတ်လို့ကောင်းတဲ့ကဗျာလေးပါ.

    ReplyDelete
  6. ကောင်းလိုက်တဲ့ကဗျာလေး..မှန်တယ်..မုန်းတယ်ဆိုတာသူရဲ့စိတ်ထဲမှာရှိနေသေးလို့ပဲလေ...
    အားပေးနေတယ်..ကဗျာတွေကိုချစ်တယ်..ကဗျာကောင်းလေးတွေကိုပိုလို့တောင်ချစ်သေး..

    ReplyDelete
  7. ချိုထွန်းဘာသာပြန်တဲ့ ကဗျာလေးတွေက ကြိုက်ပြီးသားဗျ..
    သူက ပင်ကိုယ်ရေးကဗျာတွေကျတော့ ဝိုင်ချိုဖြစ်သွားပြန်ရော..
    မျှဝေပေးတာကျေးဇူးနော်..

    ဒါနဲ့ ဒီလိုမျိုးလေးတွေပဲ sharing ရော ပင်ကိုယ်ရေးမှာပါတွေ့နေရတယ်နော် ကိုဝင်းဇော်ကြီးဘလောဂ့်မှာ..:P

    ReplyDelete
  8. ကဗျာလေး ကောင်းတယ် မောင်ဝင်းဇော် ရေ.

    ReplyDelete
  9. ဘာသာပြန် ကဗျာလေး ကောင်းတယ်။
    မူရင်းကိုရော
    ဘာသာပြန်တဲ့သူရော
    ပြန်ပြီး ဖော်ပြပေးတဲ့သူရော
    အားလုံးကို ကျေးဇူး

    ReplyDelete
  10. ပြန်လည်ဖော်ပြပေးလို့ ကျေးဇူးပါ။
    နှစ်သက်စွာ ယူသွားတယ်။

    ReplyDelete