I laugh
when she for other men confesses love;
but when she says
she hated one man she could kill,
My heart is all one jealous blaze,
For,
pity me,
she hates him still !
( W.RH. Davies (1871-1940)
မနာလိုမှု မီးတောက်လောင်
သူမက အခြားယောက်ျားတွေကို
ချစ်ကြောင်း ဖွင့်ဟပြောဆိုတဲ့အခါမှာ
ကိုယ် ရယ်မိတယ်။
ဒါပေမယ့် ယောက်ျားတစ်ယောက်ကို
သတ်ချင်လောက်အောင် မုန်းတယ်လို့
သူမပြောတဲ့ အခါမှာတော့
ကိုယ့်နှလုံးသားဟာ မနာလိုမှု မီးတောက်လောင်တယ်
ဘာလို့လဲဆိုတော့
ကိုယ့်ကို သနားပါ
သူမက သူ့ကို မုန်းနေဆဲမို့ပါ။
(ချိုထွန်း)
သူမ သူ့ကို မုန်းနေတာ မသိစိတ်ရဲ့ တစ်နေရာမှာ သူရှိနေသေးတာကို ဖော်ပြနေတာပဲ ။ ကဗျာလေးကောင်းတယ် ။
ReplyDeleteကဗျာကောင်းလေး တစ်ပုဒ်ပါပဲ...
ReplyDeleteကြိုက်တယ်
ကြိုက်မိသွားတယ် အကို အော် သူမက သူ့ကိုမုန်းနေတာကိုက ကိုယ့်အတွက် မနာလိုမူလေးတခုပါပဲ ကောင်းတယ်ဗျာ
ReplyDeleteတကယ်ချစ်တတ်သူတွေရဲ့ ခံစားချက်ပါပဲ။
ReplyDeleteမုန်းတယ်ဆိုကတည်းက စိတ်ထဲမှာရှိနေသေးလို့ပါ ဖတ်လို့ကောင်းတဲ့ကဗျာလေးပါ.
ReplyDeleteကောင်းလိုက်တဲ့ကဗျာလေး..မှန်တယ်..မုန်းတယ်ဆိုတာသူရဲ့စိတ်ထဲမှာရှိနေသေးလို့ပဲလေ...
ReplyDeleteအားပေးနေတယ်..ကဗျာတွေကိုချစ်တယ်..ကဗျာကောင်းလေးတွေကိုပိုလို့တောင်ချစ်သေး..
ချိုထွန်းဘာသာပြန်တဲ့ ကဗျာလေးတွေက ကြိုက်ပြီးသားဗျ..
ReplyDeleteသူက ပင်ကိုယ်ရေးကဗျာတွေကျတော့ ဝိုင်ချိုဖြစ်သွားပြန်ရော..
မျှဝေပေးတာကျေးဇူးနော်..
ဒါနဲ့ ဒီလိုမျိုးလေးတွေပဲ sharing ရော ပင်ကိုယ်ရေးမှာပါတွေ့နေရတယ်နော် ကိုဝင်းဇော်ကြီးဘလောဂ့်မှာ..:P
ကဗျာလေး ကောင်းတယ် မောင်ဝင်းဇော် ရေ.
ReplyDeleteဘာသာပြန် ကဗျာလေး ကောင်းတယ်။
ReplyDeleteမူရင်းကိုရော
ဘာသာပြန်တဲ့သူရော
ပြန်ပြီး ဖော်ပြပေးတဲ့သူရော
အားလုံးကို ကျေးဇူး
ပြန်လည်ဖော်ပြပေးလို့ ကျေးဇူးပါ။
ReplyDeleteနှစ်သက်စွာ ယူသွားတယ်။