Sunday, January 18, 2009
Chewing Gum
စနေနေ့ မနေ့ညက EPL တစ်ပြိုင်တည်း ကန်တဲ့ ဘောလုံးပွဲစဉ် ၂ ပွဲ ကြည့်ဖြစ်တယ်။ ဘော်လ်တန်-မန်ယူ (၀း၁) ပွဲနဲ့ ချယ်ဆီး-စတုစီးတီး (၂း၁) တို့ပွဲတွေ ဖြစ်တယ်။ တစ်ချိန်တည်း ကန်တာကြောင့် ချာနယ်လှည့်ပြီး ကြည့်နေရတာနဲ့ အလုပ်ပို ခဲ့ပါတယ်။ အဝေးကွင်း သွားကန်ရတဲ့ မန်ယူပွဲကိုပဲ ပိုကြည့်ဖြစ်တယ်။ ကစားသမား တော်တော်များများ ကစားနေရင်းနဲ့ ပီကေ၀ါးကြတယ်။ မကစားတဲ့ မန်ယူ နည်းပြကြီး ဖာဂူဆန်လည်း ပီကေ ကို အချိန်ပြည့်ဝါးတာ တွေ့ရတယ်။ အားကစား သမားတွေတင် ပဲလားဆိုတော့ လျှပ်တစ်ပြက် ရိုက်သွားတဲ့ ပရိတ်သတ်တွေ ထဲမှာလည်း ပီကေကို နှစ်နှစ်ခါခါ ၀ါးနေကြတာကို တွေ့ရတယ်။ ပီကေ ၀ါးတဲ့အကျင့်ဟာ ဘောလုံးနဲ့ ဆက်နွယ်နေသူတွေပဲ ၀ါးသလားဆိုတော့ မဟုတ်ပါဘူး။ လူတိုင်း ၀ါးပါတယ်။ ပါးစပ် အနံအသက် ပျောက်အောင် ၀ါးတယ်။ စိတ်လှုပ်ရှားမှု တစ်ခုခု ပြေပျောက် စေဖို့အတွက် ၀ါးတယ်။ တစ်ချို့လည်း စွဲစွဲလန်းလန်း ၀ါးတယ်။ ပီကေ ၀ါးခြင်းရဲ့ အကျိုးအပြစ်ကိုတော့ ဂဃနဏ မသိပါဘူး။ ဒါပေမယ့် ကလေးကနေ လူကြီးအထိ နှစ်သက်စွာ ၀ါးကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ရုံထဲမှာဆို သာလို့ဆိုးသေး ပါတယ်။ ဘယ်နေရာ ကြည့်ကြည့် ၀ါးပြီးသား ပီကေတွေ ပစ်ထားတာ ထုနဲ့ထည်နဲ့ပါ။
ဘီဘီစီ သတင်းတစ်ခုမှာ ဖတ်လိုက်ရတာကို ပြန်ပြီးမျှဝေ ပေးချင်ပါတယ်။ ပီကေ (ခ) ချွင်းဂန်း (chewing gum) ၀ါးခြင်းဟာ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေကို အမြန်ဆုံး နလန်ပြန်ထစေနိုင် တယ်လို့ သိရပါတယ်။ အူပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ လူနာတွေကို လေ့လာရာမှာ ပီကေ ၀ါးခြင်းဟာ အူတွေရဲ့ လှုပ်ရှားမှုကို ပုံမှန် ပြန်ဖြစ်လာစေပြီး၊ အစာချက်တဲ့ စနစ်ကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် အူပိုင်းဆိုင်ရာ ခွဲစိတ်ပြီးတဲ့ လူနာတွေကို သကြားဓာတ် ပါဝင်မှု နည်းတဲ့ ပီကေကို ၀ါးစေခြင်းဖြင့် လူနာတွေ အမြန်နလန်ထစေတဲ့ အထောက်အထားတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ ဆေးညွှန်းကောင်း တစ်ခု မဟုတ်ဘူးလို့လည်း သုံးသပ်ထားပါတယ်။
ငယ်တုန်းက ပီကေစားရင် ဦးနှောက်ပျက်တယ်။ မှတ်ဥာဏ်တွေ လျော့ကျစေတယ်လို့ သိခဲ့ပါတယ်။ ခုတော့ ပီကေအစွမ်းကို သိချင်တာနဲ့ ကျွန်တော်လည်း ပီကေ ကို တစ်နေကုန် ၀ါးကြည့်တယ်။ ပူရှိန်းရှိန်းအရသာ၊ ချိုလွင်လွင်အရသာ တွေကုန်ရင် ထွေးထုတ်လိုက်တယ်။ နောက် ပီကေအသစ် ထပ်ထည့် ၀ါးတယ်။ ညဘက်လည်း ရောက်ရော ခေါင်းတစ်ခြမ်းထဲ ကိုက်နေတာကို ခံစားရတယ်။ ခေါင်းကိုက်တဲ့ အခြမ်းက မျက်လုံးလည်း အောင့်သက်သက် ဖြစ်တာ ခံစားရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေကုန် ၀ါးကြိတ်နေရတဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ (ပိုဝါးတဲ့ အံသွားဖက် ခေါင်းက ပိုကိုက်ပါတယ်။) ဒါက ပီကေကို အတိုင်းအဆ မရှိ၊ အချိန်အဆမဲ့ ၀ါးတဲ့ အပြစ်လို့ပဲ ဆိုရမလားပဲ။ ဆင်ခြင်နိုင်ကြပါစေဗျာ။
25 comments:
  1. အမေက မှာထားတယ်
    အတုခိုးမမှားစေနဲ့တဲ့။
    ကဲ ဘယ်လိုလုပ်မလဲ မောင်ဝင်းဇော် .. ..
    ReplyDelete
  2. ကောင်းတယ်။ ၀မ်းသာတယ်။ နည်းသေးတယ်။ ယူအုံးမလား ပီကေတွေ အများကြီး ရှိသေးတယ်။
    ReplyDelete
  3. ပီကေ၀ါးရင် နားထင်ညောင်းပါသည်.....။
    ReplyDelete
  4. အတုမြင် အတတ်သင်တဲ့ မောင်လေးရေ။
    စဉ်းစဉ်းစားစားလည်း လုပ်ပါအုန်း။
    ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတာ
    အမှန်များဖြစ်နေမလားပဲ။
    အစ်မကလေးတွေကို ပီကေဆို သိပ်ပြီး ၀ယ်မကျွေးဖြစ်ဘူး။ မြိုချလွန်းလို့လေ။
    ReplyDelete
  5. ဟုတ်တယ်အကိုဝင်းဇော်ရေ
    ကျွန်တော်လည်းစဉ်းစားကြည့်တာ
    ပီကယ်ဝါးရတဲ့အရသာကို အချိုဓါတ်တွေ မကုန်ခင်ကသာ အရသာရှိတာလေ
    အဲဒါလည်းကုန်ရော ကျက်ပေါင်ကွင်းကို ၀ါးနေရတဲ့အတိုင်းပဲ အချို့ကတော့ ပြောတယ် စိတ်ကိုတည်ငြိမ်အောင်လုပ်တာတဲ့ ကျွန်တော့အထင်တော့ စိတ်ငြိမ်ဆေးတစ်မျိုးများလားနော် ဒါပေမဲ့ ပီကယ်ကိုတော့ ကျွန်တော်လည်းမကြိုက်ပါဘူး မှတ်သားစရာပို့စ်လေးပါပဲအကို
    ReplyDelete
  6. ငယ်ငယ်ကတော့ ပီကေ အ၀ါးကောင်းတာ
    မေးရိုးကားလာတယ်။ အခုတော့ ဆယ်ပြားစေ့
    မျက်နှာလေး ပိုင်ဆိုင်နေတာပေါ့ အကိုရယ်
    ReplyDelete
  7. ပါးစပ်က အနံ့တွေနံမှာ စိုးရင်သာ ပီကေက ဝါးတာပါ..
    မဟုတ်လို့ကတော့ မဝါးဖြစ်ပါဘူး...
    စိတ်လွတ်ကိုယ်လွတ်ကြီး ဖာဂူဆန်လို ဝါးနေတာမျိုးကျတော့လည်း တကယ်က မကောင်းပါဘူး..း)
    ReplyDelete
  8. တို့တော့ဝါးတယ်၊ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခုခုလှုပ်နေမှ နေသာထိုင်သာရှိလို့။
    ReplyDelete
  9. ဖတ်သွားတယ်
    တန်ဆေးလွန်ဘေးတဲ့နော်
    ဆင်ခြင်နိုင်ပါစေ
    ReplyDelete
  10. တစ်ခါခါ တော့ ၀ါးတယ် အပျင်းပြေ အနံ့သက်ပြေပေါ့ အမြဲဆိုရင်တော့ အာညောင်းတယ် ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုတော့ မကြာမကြာ ၀ါးပေးမှာပဲ ။
    ReplyDelete
  11. ၀ါးနေရမှာ ကိုပျင်းလို့.. ငယ်ငယ်တည်းက သိပ်မ၀ါးဖြစ်ဖူး.. :)
    ReplyDelete
  12. ပီကေ၀ါးတာက ပါးစပ်ကို အနံအသက်ပျောက်စေတယ် ဒါပေမယ့်မကောင်းဘူး
    အဲ့ဒီဘော့လုံးသမားတွေလိုပဲ အိပ်ချိန်တစ်ခုပဲမ၀ါးတာ
    ပီကေ၀ါးရတာက ၀ါးရတာကိုကြိုက်တာမဟုတ်ဘူး
    အဲ့ဒါကိုသဘောကျတာ
    ကြာတော့ပီကေမှုတ်ရင်းရောဂါရတယ် ခုတော့ပီကေဆိုဝါးတော့ဘူး
    တစ်ခါတစ်လေ အနံအသက်ပျေက်ယုံဝါးတယ် မမှုတ်ဆော့တော့ဘူး
    ပီကေ၀ါးရင်းနဲ့ တောက် တောက် ဆိုပြီးကစားလိုက်တာက
    နှာခေါင်းထဲမှာ ပီကေအဖတ်လေးတွေကပ်ပြီး နှာခေါင်းအသားပိုပေါက်သလိုဖြစ်သွားတယ် :)
    ဆေးတောင်တော်တော်ကုယူရတယ်
    ReplyDelete
  13. ပီကေ၀ါးရင် ခေါင်းကိုက်တာတော့ အမှန်ပဲး)
    ReplyDelete
  14. ပီကေ မ၀ါးဖြစ်တာတောင်ကြာပြီ .. မကောင်းဘူးဆိုတော့ ကျွေးတဲ့လူမရှိရင် ၀ါးဖြစ်မှာမဟုတ်တော့ဘူး :D
    ReplyDelete
  15. ပါးညောင်းကညောင်းနဲ့ဂျာ... မ၀ါးတာကြာပေါ့..
    အများကြီးလည်းမ၀ါးနိုင်ဘူး သွားတွေကျဉ်ချင်သလိုဖြစ်ပြီး ပါးတွေတဂယ်ညောင်းတား(
    အနံ့အသက်ပျောက်အောင်လေးပဲ ၀ါးခဲပါတယ်။ spray ဖြန်းတဲ့ဗူးသေးလေး ဆောင်ထားတာများတယ်။ တစ်ချက်စီ နှစ်ခါလောက်ဖြန်းလိုက်ရင် တစ်နေကုန်ခံပါတယ်။ ပူရှိန်းရှိန်းချိုမြမြနဲ့ စားလို့လည်းကောင်းတယ်။းD
    ReplyDelete
  16. ၀င်းဇော်ရေ ၀ါးချင်တယ် ၀ယ်မရဘူး ပို့လိုက်ကွာ အောက်လမ်းနဲ့
    ReplyDelete
  17. အင်း ပီကေစားရင် အနံ့အသက်ပျောက်တယ်တဲ့ ဒါပေမယ့် ကြာကြာဝါးတော့လည်း မေးရိုးကားလာမယ်ပြောတယ်။ အရင်ကတော့ စားဖူးပါတယ်။ ဝါးရတာ ပါးညောင်းလာရင်တော့ ထွေးထုတ်လိုက်တာပဲ တစ်နေကုန်တော့ မစားဖူးပါဘူး။ :P
    ReplyDelete
  18. ပီကေစာနေသူတွေကိုကြည့်လိုက်၇င် ပါးစပ်က အမြဲလှုပ်နေတာကိုဘဲ တွေ့တွေ့နေရတယ်၊ ကျနော်က အဲဒီပါးစပ်ကိုမလိုအပ်ဘဲ လှုပ်နေရတာကိုမုန်းလို့လားမသိဘူး၊ ပီကေကို မစားဖြစ်ဘူး၊ ရေးထားတာလေးတွေ ဗဟုသုတ တော်တော်ရတယ်၊ သိပ်ကောင်းတယ်။
    ReplyDelete
  19. ဒီပို့စ်လေးကိုဖတ်ပြီး စိတ်ကူးပေါက်တာလေးတစ်ခု ရှိပါတယ်...
    ဥယျာဉ်မှူးကလည်းရေးထားတယ်လေ " ပီကယ်ဝါးရတဲ့အရသာကို အချိုဓါတ်တွေ မကုန်ခင်ကသာ အရသာရှိတာလေ
    အဲဒါလည်းကုန်ရော ကျက်ပေါင်ကွင်းကို ၀ါးနေရတဲ့အတိုင်းပဲ "တဲ့။
    အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တရားသဘောနဲ့ဖြစ်ဖြစ် ဒဿနဆန်ဆန်ပဲဖြစ်ဖြစ် ပို့စ်လေးတစ်ပုဒ်လောက်ရေးစေချင်ပါတယ်။
    ReplyDelete
  20. လူတွေ့တစ်ခုမှာ အမေးခံရဖူတယ်
    ဆိုက်ကို မေးခွန်းပေါ့
    ပီကေကို စားတာ၊ နေ့တိုင်းစားလား၊ တစ်ခါတလေ စားတာလားနဲ့၊ မကြိုက်ဘူး။ ဆိုတာပါ။
    ကျွန်တော်တော့ တစ်ခါတလေစားတယ်လို့
    ဖြေလိုက်တယ်။
    ReplyDelete
  21. ကိုယ့်အတွေ့အကြုံလေးနဲ့
    အသိပညာပေးလေး ရောပြီးရေးသွားတာ
    ကောင်းတယ်၊ မပျင်းတော့ဘူးပေါ့
    စာလေးတွေ အမြဲလာလာ ဖတ်ဖြစ်တယ်။
    ReplyDelete
  22. ရန်ကုန်မှာတုန်းကတော့ ပီကေကို ရံဖန်ရံခါ ၀ါးဖြစ်တယ်၊ အဓိကက အနံအသက်ပျောက်အောင်၊ စိတ်ငြိမ်အောင်နဲ့ အပျင်းပြေအောင်ပေါ့ဗျာ ... ရလာမယ် အကျိုးတရားကတော့ မကောင်းလှဘူးဆိုတာလောက်ပဲ သိပါတယ်၊ အတိအကျတော့ မသိခဲ့ဘူး၊ အခုလည်း မသိသေးဘူးဗျ။
    ဒီမှာတော့ ပီကေ ၀ယ်မရတာနဲ့ ပီကေ မစားဖြစ်တာ သုံးနှစ်ကျော်နေပါပြီဗျာ ... ။ စားချင်စိတ်တော့ ပေါက်မိသား ... ။
    ReplyDelete
  23. ကိုဝင်းဇော်ရေ ... ပီကေစားသွားတယ်ဗျ
    ReplyDelete
  24. ငယ်ငယ်တည်းကပီကေကြိုက်တာ ကိုဝင်းဇော်
    အမေကစားလွန်းလို့ မေးရိုးကားလားမယ်ပြောတာနဲ့ လှချင်လို့ ခုနောက်ပိုင်းသိပ်မစားဖြစ်တော့ဘူး
    ခံတွင်းအနံ့ကောင်းဖို့ ပူရှိန်းသကြားလုံးပဲစားဖြစ်တော့တယ်
    ကိုဝင်းဇော်လည်း နောက်အများကြီးမစားနဲ့တော့ပေါ့
    ReplyDelete