Sunday, January 25, 2009

မရေရာမှု

နှစ်ကိုယ်တူ
လျှောက်ခဲ့ဖူးတဲ့
လမ်းကျဉ်းထဲရောက်ရင်
မင်း .. ရှိလေမလားလို့
စောင်းငဲ့ကြည့်မိတယ် .. ။

နှစ်ကိုယ်တူ
ထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးကိုတွေ့ရင်
မင်း .. ရောက်နေမလားလို့
မျက်စိရှာကြည့်မိတယ် .. ။

ချစ်သူရယ် ..
ငါ့ရဲ့ လွမ်းဆွတ်မှုတွေအတွက်
ကြယ်ကြွေချိန် ခဏလေးမှာ
တောင်းဆု ပြုလို့ရခဲ့ရင်လေ
မင်းလေး .. .. ငါ့ရင်ခွင်ကို
မနှေး အမြန် အရောက်ပြန်လာဖို့
တောင်းဆု ချွေမိမှာပါ .. .. ။

22 comments:

  1. မိုက်သကွ၊
    တောင်းဆုပြည့်ပါစေကွယ်

    ReplyDelete
  2. မရေရာမှုတွေ အမြန်ဆုံး အဆုံးသတ်ပြီး ကြယ်ကြွေချိန်မှာ တောင်းတဲ့ ဆုလည်း အမှန်တစ်ကယ် ပြည့်ဝနိုင်ပါစေ ကိုဝင်းဇော်ရေ.။

    ReplyDelete
  3. ကဗျာအရေးကောင်းတဲ့ မောင်လေးရေ
    ဖတ်သွားတယ်။
    တောင်းတဲ့ဆုတိုင်းပြည့်ဝပါစေ။

    ReplyDelete
  4. ကြယ်ကြွယ် ဖြစ်နေသလားလို့နော် ကိုဝင်းဇော်
    အဲဒါဘာလည်းဟင်

    ReplyDelete
  5. ကဗျာကောင်းလေးတစ်ပိုဒ်ပဲအကိုဝင်းဇော်ရေ။ ကြယ်ကြွယ်ချိန်ခဏလေးမှာ တောင်းဆုပြုခဲ့တယ်ဆိုတော့လေ ပေးတဲ့ဆုနဲ့ ချစ်ရက အကို့ရင်ခွင်ထဲကို အရောက်ပြန်လာမှာပါဗျာ။ ဆုတောင်းပေးလိုက်ပါတယ်ဗျာအကိုဝင်းဇော်။

    ReplyDelete
  6. တောင်းတဲ့ဆုနဲ့ ပြည့်ဝပါစေဗျာ..အဆင်ပြေပါစေ အကိုရေ

    ReplyDelete
  7. မရေရာမှုတွေနဲ့ သေချာမှုပြုတဲ့
    လောကအထဲ အချစ်မြစ်ပြင်
    ရေယာဉ်ကျောမှာ ဗျာပါမများလို့
    ထာဝရနားပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ..။

    ချစ်သော သူနှင့် ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်ပါစေ ..။

    ReplyDelete
  8. မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး ရပ်တန့် လို့ မရဘူး ။:D
    လေးဖြူသီချင်း ၀င်ဟစ်သွားတယ် ။ :P
    ကဗျာကောင်းလေးပဲဗျ ။

    ReplyDelete
  9. ထားသွားတာတောင် င့ါအစ်ကိုက
    အမှတ်ရနေတုန်းပါပဲလား။
    ကောင်းပါတယ်။ ချစ်နိုင်ပါစေ၊
    အမှတ်ရနိုင်ပါစေ
    တောင်းဆုပြည့်ဝနိုင်ပါစေ။

    ReplyDelete
  10. ရေရာသေချာတဲ့အချစ်နဲ့
    တောင်းဆုတွေ ဝေနိုင်ပါစေ၊
    နှစ်သစ်ကူးမှာ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  11. တောင်းဆုလေး ပြည့်ပါစေ ကိုဝင်းဇော်ရေ့း) ကိုယ်တွေ့လေးတွေလားမသိ ။

    ReplyDelete
  12. ကဗျာလေးမိုက်တယ်
    ဆုတောင်းပြည့်ဝပါစေ ကိုဝင်းဇော်

    ReplyDelete
  13. ကဗျာလေးကောင်းပါတယ်ရှင်။တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ.။

    ReplyDelete
  14. ဆုတောင်းလေးပြည့်ပါစေ

    ReplyDelete
  15. တောင်းဆုပြည့်ပါစေ ကိုဝင်းဇော်ရေ
    ကဗျာလေးက ကောင်းလိုက်တာဗျာ

    ReplyDelete
  16. ဟိုက်... မန်းသားကြီး.. ကြွေနေပလားဗျ...
    ကောက်ယူခံစားသွားတယ်ဗျာ...း)

    ReplyDelete
  17. ဆုတောင်းလေးတွေအမြန်ဆုံးပြည့်ပါစေ..
    တစ်ချိန်မှာပြန်လာခဲ့ရင်တောင်လက်ခံမယ်ဆိုတဲ့
    အချစ်ရဲ့အနက်ကိုနားလည်မိတယ်.

    ReplyDelete
  18. အချစ်ဦးမို့ ရူးခဲ့ရတယ်။
    အချစ်ထူးမို့ မေ့မရနိုင်ဘူးဖြစ်ခဲ့ရတယ်။
    ဒီလိုပြောနေပေမယ့်
    အသစ်တစ်ယောက်များ ထပ်တွေ့ဖြစ်ရင်
    အချစ်ဦးကို ပြန်အမှတ်ရပါအုန်းမလား။
    စိုးရိမ်တယ်။
    တောင်းဆုလေး ပြည့်ပါစေ။

    ReplyDelete
  19. ကြယ်ကြွေတာတွေ့ရင် အကိုဝင်းဇော်ကို လက်တို့လိုက်မယ်လေ...
    အဲ့ချိန်ကျ ဆုတောင်းလိုက်ပေါ့...
    ချွေတဲ့ တောင်းဆုလေး အမြန်ဆုံး ပြည့်ပါစေနော်... :)

    ReplyDelete
  20. ဆုတောင်းခွင့်ရလျှင် ဆုတောင်းပြည့်ပါစေ
    ကဗျာလေးကတော့ ရှယ်ပဲ
    အားပေးသွားပါတယ်
    နူးညံ့တဲ့ကဗျာလေးတစ်ပုဒ်ပါ

    ReplyDelete
  21. အတူတူဆုတောင်းပေးချင်ပါတယ်...

    ReplyDelete
  22. ဆုတောင်းရုံနဲ့ မရဘူးဗျ ကိုယ်တိုင်လဲကြိုးစားဦး
    ဗျ ကျနော့်လိုပေါ့ မရှက်မကြောက် ဘလော့ပေါ်
    မှာ ပေါ်တင်ကြီး ဘလော့သူတွေ ရည်းစားစကားပြောတာ ဟီးဟီး

    ReplyDelete