Tuesday, January 20, 2009
ထားရစ်ခဲ့ပါ
အချစ်ငတ်သူ တစ်ယောက်အတွက်
အချစ် ကဝေမလေးရယ်
စိတ်လိုလက်ရ
ဟားတိုက်လှောင်ပြောင် လိုက်စမ်းပါ
ဘာကြောင့်ပဲ ရယ်ရယ်
မင်းရဲ့ အရယ် အပြုံး တွေ
ငါ တစ်သက်လုံး သိမ်းထားမယ်။
မင်းထားခဲ့မယ့် လမ်းအခွဲမှာ
ကြေကွဲမယ့်စကား မဆိုပါလေနဲ့
အဝေးကို ထွက်သွားနိုင်ပါတယ်
င့ါအဖို့ အသက်ရှင် ကျန်ရစ်တာ
လိုလားနေသေးရင်
ထာဝရပဲ ထားထား
တစ်ခဏပဲ ဆိုဆို
ရုတ်တရက် နှုတ်မဆက်ဘဲ ထားရစ်ခဲ့ပါ
မင်းလေးပြောသလို
မျှော်လင့်ချက်နဲ့ ဆက်အသက်ရှင်ချင်လို့ပါ။
မင်းထားခဲ့မယ့် လမ်းခွဲမှာ
ဝမ်းမနည်းချင်ဘူး
ပြန်မဆုံရင် ကံကုန်ပြီလို့
ယုံလိုက်ပါမယ်
နောက်ဆုံးထွက်သက်အထိပေါ့ .. .. ။
14 comments:
  1. ထာဝရပဲ ထားထား
    တစ်ခဏပဲ ဆိုဆို
    ရုတ်တရက် နှုတ်မဆက်ဘဲ ထားရစ်ခဲ့ပါ
    မင်းလေးပြောသလို
    မျှော်လင့်ချက်နဲ့ ဆက်အသက်ရှင်ချင်လို့ပါ။
    ဂွတ်တယ် ဂွတ်တယ် စားသားလေးကမိုက်တယ် ပျော်ရွှင်ပါစေရှင်
    ReplyDelete
  2. တခါတည်း နှုတ်ဆက်သွားရင် ပိုကောင်းမလားလို့...
    စောင့်ရတာ ပို ခံစားမယ်လို့ ထင်တာပဲ။
    ReplyDelete
  3. ကဗျာလေး ခံစားသွားတယ်နော်
    ကိုယ်တိုင်ရေးကဗျာဆိုတော့
    ကိုယ်ပိုင် ခံစားချက်ပေါ့ .. ..
    တစ်ခုခုတော့ တစ်ခုခုပဲ
    ReplyDelete
  4. ဖတ်သွားတယ် ကြိုက်တယ်
    ReplyDelete
  5. မင်းထားရစ်ခဲ့မယ်ဆိုရင် ဘ၀မခြားခင်မှာ အနမ်းတစ်ချက်တော့ ထားရစ်ခဲ့ပါ။
    ReplyDelete
  6. ကဗျာတွေစုဖတ်သွားတယ်။
    အဲလောက်အစွဲအလန်းကြီးမယ်မှန်း
    သူတစ်ယောက် မသိလိုက်ဘူးလားနော်
    အဆင်ပြေစေချင်ပါတယ်။
    ReplyDelete
  7. သနားစရာ နောက်ဆုံးထွက်သက်ထိ ချစ်မယ့် အချစ်လေးက ရင်ထဲအငှားခံစားကြည့်တော့ မနိုင်ဘူးတဲ့ ဒါကြောင့် လွှတ်ချလိုက်တယ်း)
    ReplyDelete
  8. ကျန်ရစ်ဖြစ်နေမဲ့ ကဗျာလေး ဖတ်သွားတယ်
    ပျော်စရာနေ့လေး ဖြစ်ပါစေ
    ReplyDelete
  9. ဝမ်းမနည်းပဲ မျှော်လင့်နေနိုင်ပါစေ ကိုဝင်းဇော် ခင်ဗျာ. ကဗျာလေး ဖတ်ပြီး မျှော်လင့်စောင့်စားတာကို မုန်းမိတယ်.. ပန်းခရမ်းပြာ ပြောသလို တခါတည်း နှုတ်ဆက်သွားတာပဲ ပိုကောင်းလေမလား..
    ReplyDelete
  10. ကောင်းတယ် အကိုရေ..တကယ်ခံစားချက်နဲ့ ရင်းပြီးရေးထားတဲ့ ကဗျာလေးဘဲ ..အဆင်ပြေပါစေဗျာ
    နေသိပ်မကောင်းလို့ မလာဖြစ်ဘူး..ပျော်ရွှင်ပါစေဗျာ
    ReplyDelete
  11. တခါတည်းနှုတ်ဆက်လိုက်တာကောင်းပါတယ် မောင်
    ဟာကို..ဆောရီးးးဆောရီးးး) :P
    အဆင်ပြေပါစေ။
    သဘောကောင်းပြီး၊စိတ်နှလုံးဖြူစင်တဲ့ ချစ်သူညီမလေးကို အမြန်ဆုံရှာတွေ့နိုင်ပါစေကွယ်။ :D
    အစ်မ၀ါ
    ReplyDelete
  12. ကဗျာကောင်းလေးတစ်ပုဒ်လာရောက်ခံစားသွားပါတယ်။
    ပြန်မဆုံရင်ကံကုန်ပြီလို့တော့
    အမှတ်မထားလိုက်ပါနဲ့ကိုဝင်းဇော်ရေ....:P
    အားပေးလျက်
    ReplyDelete
  13. ချစ်တတ်လိုက်တာနော်.. ချစ်သူနားလည်ပါစေကွယ်...
    ReplyDelete
  14. ကဗျာတွေများနေပြီ၊ လုပ်အုန်း သစ်သစ်လေး
    ReplyDelete