Monday, January 19, 2009

ဆုံလိုက်တိုင်း



မြင်မြင်နေတယ် အာရုံမှာလေ
ပုံမှန်မနက်တိုင်းပဲ ကားမှတ်တိုင်မှာလေ
ဘတ်စ် ကားတွေ စောင့်ကြည့် တိုင်းပေါ့
(၁၀) နာရီဆို ပုံမှန်ပါ သူလာပြီ အထာကျ ကြပေါ့
သရုပ်ပျက်အောင် လည်ပြန်ငေးပြီး
တချို့လူများက ကြည့်ကြည့်
ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် ..မန်းလေးသူရေ
.. .. မန်းလေးသူရေ .. ..

(၁၀) နာရီဆို ပုံမှန်ပါ သူလာပြီ အထာကျ ကြပေါ့
သရုပ်ပျက်အောင် လည်ပြန်ငေးပြီး
တချို့လူများက ကြည့်ကြည့်
ကျွန်တော် ကြွေနေပါပြီ မန်းလေးရေ
တကယ်ပါ ခင်ဗျားလှလိုက်တာ
လှိုက်လှိုက်ဖို ရင်ဘတ်ထဲက
လူပျိုကြီးရေ ဒုက္ခ
ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် .. မန်းလေးသူရေ .. ..

ဆုံလိုက်တိုင်း မောမောကာနေတယ် .. အို
ဆုံလိုက်တိုင်း မောမောကာနေတယ် .. ရေး
ဆုံလိုက်တိုင်း မောမောကာနေတယ် .. မန်းလေးသူရေ .. ..

ခုတလော နားထောင်ဖြစ်တဲ့ စီးရီးတွေထဲက ဒီသီချင်းလေးကို စွဲစွဲထင်ထင် နားထောင်မိတယ်။ တိုက်ဆိုင်မှုတစ်ခု အနေနဲ့ပါ။ T-Home စီးရီးထဲက တေးရေး ဗီနိုထွန်း ရေးပြီး တေးဆို အယ်လ်လွန်းဝါ ရဲ့ " ဆုံလိုက်တိုင်း " သီချင်းလေးကို နှစ်သက်လို့ မျှဝေပေးလိုက်ပါတယ်။ ဒီကနေ ဒေါင်းယူ နိုင်ပါတယ်။


7 comments:

  1. ကျေးဇူးပါ...
    နားမထောင်ဖူးသေးဘူး...
    အသက်ကကြီးလာတော့ လူငယ်တွေကို လိုက်မမှီပါဘူးကွယ်... ဟီဟိ..

    ReplyDelete
  2. အော်.... ဒီဂလိုလားးးးးးးးးးးးးးးးးးးးးးးး
    နားထောင်ကြည့်ဦးမယ် ... ကောင်းမယ်ထင်တယ်နော်။

    ReplyDelete
  3. ကိုဝင်းဇော်ကြီး.မန်းသူလေးရေ..မန်းသူလေးရေ ဆိုတဲ့
    နေရာကို ကြိုက်သွားတာနေမယ်...:)

    ReplyDelete
  4. ဒေါင်းသွားတယ်....။

    ReplyDelete
  5. ယူသွားပြီး ကိုဝင်းဇော် ကျေးဇုး ။

    ReplyDelete
  6. အဲဒီအခွေ မ၀ယ်ဖြစ်သေးဘူး
    ကျန်တဲ့သီချင်းတွေလည်း နားထောင်ကြည့်ချင် သေးတယ်။ မန္တလေး စတိတ်ရှိုးမှာလိုပဲ။

    ReplyDelete
  7. group sound တစ်ပုဒ်ပါသေးတယ်။ ဒီအခွေမှာ မတွေ့ရတဲ့ အဆိုတော်တွေ vol 2 မှာ ပါမလား မသိဘူး။ သီချင်းကောင်းတွေ များတယ်။

    ReplyDelete