Thursday, January 15, 2009

တစ်ဝက်အမှန်၊ ၅၀% က ဟန်

လျှပ်စစ်မီးလာရင် ဘာပဲပြောပြော ခါးချိအောင်ထိုင်ပြီး နက်ပေါ်မှာ ဆိုက်ကားနင်းလို့ ရသေးတယ်။ မီးမလာတော့ ငြိမ်းတာပေါ့လို့ အလိုမကျတဲ့ စိတ်ကို သပ်ချရင်းကွန်ပျူတာရှေ့က ခွာဖို့ မချင့်မရဲ ထလိုက်တယ်။ အောက်ထပ်ဆင်းပြီး မီးစက်သွားဖွင့်ရင်လည်း မေးခွန်းပေါင်းများစွာကို စောစောစီးစီး ဖြေရှင်းနေရမှာမို့ မဖွင့်ဖြစ်ခဲ့ဘူး။ မီးလာရင် ချက်ချင်းသိအောင်တော့ ups နဲ့ speaker ကို မီးခလုပ် ဖွင့်ထားလိုက်တယ်။ ဝေးဝေးလံလံလည်း မသွားဖြစ်ပါဘူး။ ကီးဘုတ်ကို နေရာရွေ့ပြီး မော်နီတာ ရှေ့မှာပဲ စားပွဲခုံပေါ် မှောက်အိပ် လိုက်မိတယ်။
=း =း =
မှေးကနဲ အိပ်ပျော်ရုံရှိပါသေးတယ်။ ကျွန်တော့်ကို ဂျိုင်းနှစ်ဘက်ကနေ ကြမ်းတမ်းတဲ့ လက်အစုံက ဆွဲမပြီး နောက်ပြန် အနေအထားနဲ့ ဒရောသောပါး အလျင်စလို ခေါ်ယူသွားတာ ခံရတယ်။ သတိလစ်တာ မဟုတ်တာကြောင့် မ ချီသွားတဲ့ လူနှစ်ယောက်ကို မ၀ံ့မရဲကြည့်လိုက်တာ့ အရပ် ၁၀ ပေလောက်မြင့်ပြီး၊ အစိမ်းရောင် အသားအရေ၊ ကြမ်းတမ်း ခက်ထန်တဲ့ မျက်နှာထားနဲ့ ပါကွက်သားတွေ ဖြစ်နေတာကို သိလိုက်ရတယ်။ အကူအညီ အော်ခေါ်ဖို့ လုပ်တော့လည်း လည်ချောင်းကနေအသံက ထွက်မလာဘူး။ ရုန်းကန်ဖို့ ကြိုးစားပြန်တော့လည်း အားအင်ကမရှိပါဘဲ နွမ်းခွေသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် ခေါင်းအေးအေးထားပြီးအခြေအနေသုံးသပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ချောက်ထဲကို ခုန်ချလိုက်သလို လေဟုန်စီး ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း လိုဏ်ခေါင်းသံနဲ့ အတူ ငယ်သံပါအောင်အော်ပြီး ပြုတ်ကျ သွားတယ်။ ရုတ်ကနဲရပ်သွားတာနဲ့ ပိန်းပိန်းပိတ် မည်းမှောင်နေပြီး စိမ်းရွှေရွှေအနံ့၊ ညှီပုပ်ပုပ်အနံ့တွေနဲ့ အတူ ကယ်ပါ ယူပါ အကူအညီအော်တောင်း နေတဲ့ဆူညံသံ လွှမ်းခြုံနေတဲ့ နေရာသစ်တစ်ခုကို ရောက်လာရတယ်။ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ခွင့် မရခင်မှာဘဲ အေးစက်မာကျောပြီး ဒေါသသံအပြည့်နဲ့ မေးမြန်း အစွပ်စွဲခံရတယ် .. ..

ယမမင်း
  • အသင် လူ့ဘဝမှာ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ပြီး လူတွေကို လိမ်လည် လှည့်ဖြားခဲ့တယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • နေပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် လူ့ဘ၀မှာ ဘလောဂ် နည်းနည်းပါးပါး ရေးပါတယ်။ ပရော်ဖက်ရှင်နယ် တော့ မဟုတ်ပါဘူး။ အပျော်တမ်းပါ။ ဒီအတွက်နဲ့အပြစ်ယူမယ်ဆိုရင် တရားမျှတမှာ မဟုတ်ပါဘူး။ အကျိုးပြု စာတွေပဲ ရေးပါတယ်။ ကျွန်တော်ရေးတဲ့ စာတွေကို ကျေးဇူးတင်တယ် ဆိုတဲ့ ထောက်ခံချက် (ကွန်မင့်) နည်းနည်းပါးပါး ရှိပါတယ်။ ထပ်ရေးပါဆိုတဲ့ ထောက်ခံချက် လည်း ရှိထားပါသေးတယ်။ ပြန်လည် စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ ယမမင်း ကြီးခင်ဗျား။
ယမမင်း
  • ရေးတာ ချွတ်တာကို ပြောတာမဟုတ်။ ကိုယ့်ဘ၀မှန်ကို ဖုံးကွယ်ထားတာ ပိုအပြစ်ကြီးတယ်။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • သည်းခံပါအုန်း ယမမင်းခင်ဗျား။ ဒါကတော့ ဒီလိုရှိပါတယ်။ ကျွန်တော့် ဘ၀အမှန် တစ်ဝက်ကို ဖော်ပြထားပြီး ဖြစ်ပါတယ်။၊ ကျန် ၅၀%ကိုတော့ မလိမ်မညာဘဲမသိစေချင်တဲ့ သဘောနဲ့သာ ချန်လှပ်ထားတာပဲ ရှိပါတယ်။ ချန်လှပ်ထားတဲ့ ဘ၀တစ်ဝက်ကနေ လူတစ်ဖက်သား နစ်နာအောင်လည်း မပြော၊ မဆို၊ မရေး၊ မဆွယ်၊  မကျူ၊ မယူ ခဲ့ပါဘူး။ နောင်တော့် နောင်တော် ဘလောဂ့်ဂါများ ကျင့်သုံးတဲ့ လမ်းစဉ်ကိုပဲ မသွေမတိမ်း လျှောက်ခဲ့တာ ၀န်ခံပါတယ်။ တစ်ချို့များဆိုရင် ဘ၀မှန်ကို ၁၀၀% ထိဖုံးကွယ်ထားတာ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာမည်အမှန် ဘယ်သူဘယ်ဝါ၊ ယောက်ျား/ မိန်းမ၊ နေရာဒေသ၊ အလုပ်အကိုင် တွေအထိ လျှို့ဝှက်ထား တာလည်း ရှိပါတယ်။ ချွန်တာတော့ မဟုတ်ပါဘူး။ ပင့်ပေးတာလည်း မဟုတ်ပါဘူး။ နားလည်ပေးဖို့ တောင်းဆိုတာပါ။
  • ဘလောဂ့်လောက မှာထက် ချက်တင်းလောကမှာ သာလို့ဆိုးတဲ့ လူတွေပိုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိပါဘဲနဲ့ ၀င်ဝင်ရောပြီး ကိုယ်ရေးအချက် အလက်တွေ မသိမသာ မေးမေး သွားတတ်ပါ သေးတယ်။ invite လုပ် မိတ်ဖွဲ့လာတော့လည်း ကိုယ်က ဘလောဂ့်မိတ်ဆွေတွေ အမှတ်နဲ့ ကျွန်တော်ကတော့ ဘယ်သူပါ၊ ဘလောဂ့်လိပ်စာ ကတော့ဒီမှာပါ၊ ဒီမြို့၊ ဒီမြို့နယ်မှာ နေပါတယ်၊ ဘာအလုပ် လုပ်စားတယ်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါတယ်။ ဖြစ်သင့် တာကတော့ invite လုပ်တဲ့ ပုဂ္ဂိုလ်လည်းပဲ နာမည်မပြောချင်နေပါ။ ကျွန်တော်ကတော့ ကျား/မ ပါ၊ ဘယ်မှာနေပါတယ်၊ ဘယ်အကြောင်းကြောင့် ခင်မင်ချင်လို့ မိတ်ဆက်ပါတယ်။ ဒီအခြေအနေဆို မဆိုးသေးပါဘူး။ ခုတော့ အထက်စီးကနေပဲ ကျောကျောသွားလို့ မတတ်နိုင်တဲ့အဆုံး ကျွန်တော်လည်း ချက်တင်းတဲ့ မိတ်ဆွေတွေကို အားလုံး Block လုပ်ထားမိပါတယ်။ အပြစ်ကတော့ သေးသေးလေးပါ ယမမင်း။
ယမမင်း
  • တော်တိတ်၊ ဖုံးကွယ်တာတော့ ဖုံးကွယ်တာပဲ။ သွားငရဲပြည် .. .. ။ ဒုန်း .. .. ။
ကျွန်တော်
  • စဉ်းစားပါအုန်း ယမမင်းခင်ဗျား။ ကျွန်တော် google မှာ register လုပ်ကတည်းကိုက အတည်ဖြစ်ခဲ့ပြီမို့ လက်ခံသူက အပြစ်ပိုကြီး .. .. ကြီး .. ကြီး.. .....
ယမမင်း
  • ပါးကွက်သားတွေ အပြစ်သားကို ခုချက်ချင်း ဆီပူမီးတိုက်လိုက် .. .. ။ ဒုန်း .. .. ။
ဖြေရှင်း လျှောက်လဲချက် မပြီးခင်မှာပဲ ပါးကွက်သားတွေရဲ့ ဆွဲခေါ်ရာနောက်ကို ဒရွတ်တိုက် ပါသွားတယ်။ ဒီလို လိုက်ပါလာရင်းကနေ လမ်းတစ်လျှောက် တွေ့ရာ အပြစ်သားတွေကို ကြည့်မိတော့ အလိုလေး .. ..မြင်ဖူးတယ် .. .. မြင်ဖူးတယ် .. .. လို့လှမ်းပြီး နှုတ်အဆက်မှာ ခြေထောက်ကို မီးဟပ်မိလို့ လန့်ဖြန့်ပြီး ရုန်းအထွက် ပါးကွက်သားတွေက လက်အလွတ်မို့ ဆူပွတ်နေတဲ့ ဆီအိုးထဲကို ပြုတ်ကျသွားတယ်။ လွတ်လိုလွတ်ငြား ကိုယ်ကို လှိမ့်ထွက်လိုက်တာ ဗုန်း .. ဆို ထိုင်အိပ်နေတဲ့ ကွန်ပျူတာ ခုံပေါ်ကနေ အေးစက်စက် ပါကေးကြမ်းပေါ် ပြုတ်ကျသွားမှ အိမ်မက်မက်နေမှန်း သိရတော့တယ်။ အေးစိမ့်တဲ့ မနက်ခင်းရဲ့ အအေးဓာတ်အောက်မှာ ဇောချွေးတွေကို သုတ်ရင်းနဲ့ မီးလင်းနေတဲ့ ups နဲ့ speaker ကို မ၀ံ့မရဲ ကြည့်ဖြစ်မိတယ်။ ဆက်ပြီး ဘလောဂ့်ဂင်း ဖြစ်ပါအုန်းမလား။ ဘလောဂ့်မိတ်ဆွေ တွေရဲ့ အိမ်လေးတွေကို မျက်စိထဲ အစီအရီ မြင်ယောင်နေမိတယ်။ ကိုယ့်ရဲ့ မဆင်မခြင် အတ္တစိတ် မှိန်မှိန်လေးကြောင့် တစ်ပါးသူအပေါ် အပြစ်လုပ်မိလေပြီလား ?၊ လူတွေမှာ ရိုးသားတဲ့ စိတ်ကလေးတွေ ဘာလို့ မျက်ကွယ် ပြုထားနိုင်ကြတာလည်း ပေါ့နော်။ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုပေမယ့် တစ်ဦးနဲ့ တစ်ဦးပေါင်းသင်း ဆက်ဆံရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ရိုးသားမှုနဲ့ ပွင့်လင်းတဲ့ အမြင်လေးရှိရင် အားလုံးပျော်ရွှင် အဆင်ပြေ နိုင်မှာပါ။ ခိုးလုခိုးလု နဲ့ မတင်မကျတဲ့ စိတ်အစဉ်ကနေ အားလုံးသော မိတ်ဆွေများ စိတ်ရှင်းသန့်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

26 comments:

  1. ရှေးခေတ် ဘုရင်းသားတော်တွေကိုတောင် ဒီသပါမောက်ခဆရာကြီးတွေက ဆရာစားချန်သေးတာပဲလေ ဘလော့ရေးတာလည်း ဖေါ်သင့်တာဖေါ် ဖုံးသင့်တာတော့ ဖုံးရမှာပေါ့ ယမမင်းမတရဘူး ဒါ ဘလော့ဂါတွေကို တမင်း ငွေညှစ်တာပဲ :P

    ReplyDelete
  2. အသေအချာ ရေးပြီးမန့်နေပါမှ နက်ကကျရတယ်လို့.. :(
    ကိုဝင်းဇော်က ယမမင်းကြီးကို မမေးခဲ့ဘူးလား ... သူလည်းလူ့ပြည်တုန်းက ဘလော့ဂါ ဖြစ်ချင်ဖြစ်နေမှာ ဟိ

    ReplyDelete
  3. ကိုဝင်းဇော် ကြီးဘာတွေလုပ်ထားလည်း ဘလောဂါတွေအပေါ် ဟိး၂စတာပါ. အတွေးနဲ့အရေး ကတော့ ဖတ်လို့အရမ်းကောင်းတယ်ဗျာ. လင့်ထားတယ် ကိုဝင်းဇော် ကျေးဇူးပါ.

    ReplyDelete
  4. ကိုယ့်ကို ပြောနေသလိုပဲ။
    တစ်ခါတည်းပါ။
    အကျိုးအကြောင်း ဆီလျှော်ပေမယ့်
    သူ့အကြောင်းနဲ့သူ ရှိမှာပါ။
    သည်းခံ .. သည်းခံ .. သည်းခံ

    ReplyDelete
  5. ကောင်မလေးတွေကလား
    ကောင်ကလေးတွေကလား
    ထူးပြီး မဆန်းတဲ့ အဖြစ်လေးတွေပေါ့နော်
    စပိုင်လေတွေလည်း ဖြစ်နိုင်တယ်
    တရုပ်ပြည်မှာတော့ ဘလော့ လုပ်ရင် နာမည်အမှန်နဲ့ လုပ်ရတယ်။ မှတ်ပုံတင်ရတယ်။ နိုင်ငံရေး လုပ်လို့ မရအောင်လို့လေ
    ကြိုးနီပေါ့နော် ..

    ReplyDelete
  6. ဟဲ့
    ကောင်လေးကောင်လေး
    င့ါကို ပြောနေတာလား
    ငါတော့လိမ်ဖူးဘူး

    ReplyDelete
  7. ရေးထားတာမိုက်တယ် ..း)ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် .. အိပ်မက်မို့တော်တော့တယ် .. စဉ်းတော့ စဉ်းစားစရာပဲ ...

    ReplyDelete
  8. မင်္ဂလာပါ ကိုဝင်းဇော်

    ပိုစ့်အသစ်တင်တိုင်း လာဖတ်ဖြစ်ပါတယ်။ ထူးထူးခြားခြားမရှိလို့ ဖတ်ပြီး ပြန်သွားတာ များပါတယ်။ ဒီပိုစ့်က ထိတယ်၊ မိတယ်ဗျ။ ကြိုက်၏။
    အင်း ...အကြောင်းအမျိုးအမျိုးကြောင့်ပဲလို့ ဖုံးကွယ်နေရတဲ့ ဘ၀တွေပါ၊ သေခြာတာကတော့ ဘ၀သေမင်းကြီး ယမမင်းထက် ဘ၀ရှင်မင်းကြီးတွေကိုလည်း ကြည့်ရသေးတယ်။

    ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  9. Block လုပ်တဲ့ထဲမှာ ယမမင်းများပါနေမလားမသိဘူးနော် သေချာပြန်စစ်ပြီးကြည့်လိုက်ပေါ့ ပြီးရင် ပြန် Invite လိုက်ဒါဆို ငရဲကနေလွတ်ချင်လွတ်နိုင်တယ် :P

    ReplyDelete
  10. ကောင်းတယ်အကိုရေ ကျတော်လဲ
    asl ဆိုတဲ့ အသံတွေ တခါက ကြားလိုက်ရဖူးတယ်
    ကျတော်နာမည်က မိန်းကလေး ဆန်နေတာကိုး
    ဟီ ဟီးး နောက်ပိုင်း လက်ခံခါနီးရင်
    ဘယ်သူ့ သူငယ်ချင်းလဲ အရင် လိုက်မေးပီးမှပဲ
    လက်ခံတယ်

    ReplyDelete
  11. ယမမင်းကို ပေါင်ချိန်နဲ့တိုင်... :P
    လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့အခါမှာ ရိုးသားမှု၊ နားလည်မှုတွေက အဓိကကျပါတယ်...
    မှတ်သားသွားပါတယ်... :)

    ReplyDelete
  12. ၀င်းဇော် နင်ကစ်တာ များသွားလားဟင်?

    ReplyDelete
  13. ကိုရှင်ရဲထွတ် ရေ
    ရာသီဥတု အေးအေးနဲ့မို့
    လက်နှစ်လုံးထဲပါ။

    ReplyDelete
  14. မနက်ကရောက်တယ်၊
    လိုင်းပြုတ်သွားလို့ ခုထပ်ရောက်တယ်
    ဖတ်လို့ ကောင်းတယ်
    ဒီနေရာမှာကျတော့ အမှန်အကန် ပြောလို့
    မဖြစ်ဘူးလေ။ ကွိကုန်မှာပေါ့။
    ဒါပေမယ့် ဘော်ဒါ အမှန်အကန်ဆိုရင်တော့
    တစ်မျိုးပေါ့။

    ReplyDelete
  15. ချက်တင်ဖူးစာဆိုတာလည်း
    ရှိဖူးတယ်၊ ဒါကတော့ စိတ်ရင်းအမှန်ပေါ့နော်
    ဒါက ရာနှုန်းနည်းပါတယ်။
    မမှန်မကန်ကတော့ များပါတယ်။
    တစ်ယောက်နဲ့တစ်ယောက်
    နောက်ချင်တာလည်း ဖြစ်ချင် ဖြစ်မှာပါ။
    ဗွေမယူပါနဲ့...

    ReplyDelete
  16. အကြောင်းအမျိုးမျိုးကြောင့်ပါ၊

    ReplyDelete
  17. အမယ် သူက ဘလော့ကိုများ ဆက်ရေးဖြစ်ဦးမလား ဘာလားတဲ့ ဟွန်းးးးးး ရပ်ရဲရပ်ကြည့် တွေ့သွားမယ် ယမမင်းနားကို သွားတိုင်မှာ ဘလော့ကို ရပ်လိုက်လို့ကတော့ ၁၀၀ % ကို ဆင်းခိုင်းမှာနော့် ဟား ဟား အကိုရေ ပိုစ့်ကောင်းလေး တပုဒ်ပါ ဘာလိုကြောင့်ပဲ ဖြစ်ဖြစ် ဘလော့ကိုတော့ မရပ်ပါနဲ့လို့


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  18. ကိုဝင်းဇော်ရေ....
    ဘာပဲဖြစ်ဖြစ် အတွေးသစ်တစ်ခုရလိုက်ပါတယ်...။
    မနားလိုက်ပါနဲ့ဦး...။
    ဆက်ရေးနိုင်သလောက်ရေးဖို့တိုက်တွန်းချင်ပါတယ်...။

    အားပေးလျက်...

    ReplyDelete
  19. (ကိုတောင်ပေါ်သား)+(ကိုနွေသူရ)
    ဆေးစွဲသလို စွဲနေတဲ့ ဘလောဂ့်ကို အသေအချာပဲ ဆက်ရေးအုန်းမှာပါ။
    စိတ်ပူပေးလို့ ၀မ်းသာတယ်။
    အိုကေပါတယ်။

    ReplyDelete
  20. ယုံကြည်လို့ရတဲ့ မိတ်ဆွေတွေရှိသလို၊
    မိတ်ဆွေဟန်ဆောင်ပြီး ယုံကြည်အောင်
    လှုံ့ဆော်တဲ့သူတွေလည်း မနည်းပါဘူး။
    အင်တာနက်ပေါ်မှာ လူတိုင်း တွေ့ကြုံရတဲ့
    ပြက်ရယ်မှုတွေပါ။
    အလေးထားမယ်ဆိုရင်လည်း
    စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နိုင်ပေမယ့်
    အလေးမထားပြန်ရင်လည်း
    ဆက်ဆံရေးညံ့တယ်ဖြစ်တယ်။
    ကြည့်ပေါင်းတာပေါ့။

    ReplyDelete
  21. အရမ်းသဘောကျသွားတာပဲ ရယ်ရတယ် ဒါပေမယ့် ဘလော့ဂ်လုပ်လို့ ငရဲကျမယ့်လူထက် ချက်ပြီးကျောသွားတဲ့လူတွေ ငရဲမြန်မြန်ကျပါစေ ငှဲငှဲ

    ReplyDelete
  22. အစပျိုးရေးတာကောင်းတယ်။
    အတွေးတွေကောင်းတယ်။
    ဖော်ပြချင်တာရောက်အောင်ရေးတယ်။
    လာဖတ်ဖြစ်ပါတယ်။.

    ReplyDelete
  23. ရင်တွင်း ခံစားချက် စာလေးလာဖတ်ပါတယ်ရှင်

    ReplyDelete
  24. မီးမလာ၊ ကွန်နက်ရှင်မကောင်းတဲ့ကြားထဲကနေ စာကောင်းပေသန့်လေးတွေကိုေ၇းပြီး ဘလော့ဂ်ဂင်းနေနိုင်တာကိုဘဲ ချီးကျုးလေးစားပါတယ်၊ ဘော်ဒါကြီးရေ....
    ကိုယ့်ဘ၀အစစ်အမှန်၁၀၀ရာခိုင်နှုန်းကို ဖော်ပြရေးရမယ်ဆိုရင်တော့ မကောင်းဘူး၊ တချို့တ၀ှက်ဟာ မသိသင့်မသိထိုက်တာတွေ စာဖတ်သူနဲ့ မဆိုင်တဲ့ အကြောင်းတွေရှိနေတာမို့လား၊ အဓိကက ကိုယ်ရေးတဲ့စာတွေဟာ စာဖတ်သူအပေါ်အဆိပ်အတောက်မဖြစ်မိစေဖို့က အဓိကဖြစ်ပြီး ကိုယ့်စာဖတ်ပြီး စာဖတ်သူ အတွက်တစုံတခုရရှိသွားမယ်ဆိုရင်ဘဲ စာရေးသူအတွက် ရော ဖတ်သူအတွက်ပါ အကျိုးဖြစ်ကြပါတယ်၊ ဘော်ဒါကြီးရေးနေတဲ့ စာစုတွေက အားလုံးအတွက် အကျိုးရှိစေတဲ့ စာကောင်းစာသန့်တွေဖြစ်ကြောင်း ယမမင်းကြီးဆီကို ထောက်ခံစာရေးပေးလိုက်ပါ့မယ်၊ ဟဲဟဲ.. နောက်တာနော်

    ReplyDelete
  25. ဟဟဟဟဟ
    ကျနော့်နာမည် ပန်းခရေပါ...
    လေယဉ်ပျံကြီးလည်းမမောင်းပါဘူး...
    မြန်မာပြည်မှာနေပါတယ်..ဟိဟိ
    စလိုက်အုံးမယ်.........
    သဘောကျတယ် ဒီပို့စ်ကို တစ်ကယ်ပဲ လူတွေက အလိမ်အညာများတယ်..
    တစ်ချို့ဆိုလာလာအက်ပီးတော့ အကြောကြီးနဲ့ အကုန်မေးတယ်ပီးရင် နစ်ဘယ်ကရလဲမေး ကိုယ်လည်းမသိဘူးဆိုတာလာသေး....အနော်တို့ကပဲအက်သလိုလို
    တစ်ကယ်ကို လန်ထွက်နေတဲ့ လူတွေ ... လူလိမ်လူညာတွေရှိသလို....အမှန်အတိုင်းပြောတဲ့သူတွေလည်း ရှိကြပါတယ်...။ လိမ်နေကြတဲ့သူတွေကို တစ်ကယ်ကို သနားမိပါတယ် သူတို့ ဘယ်လိုမှကို အစစ်အမှန်ပြန်ရမယ် မထင်ဘူးလေ... သူတို့က လိမ်ထားမှတော့ သူတို့ကို အစစ်ပေးလဲ အစစ်ဘယ်ရမလဲနော်.......
    သည်းမခံနိုင်ဆုံးက လာအက်ပီး pls asl ဆိုတဲ့စကားလုံးပဲ ....အနော်တောင် ဒီလိမ်လည်မှုနဲ့ပက်သက်ပြီး ပို့စ်ရေးဖူးသေးတယ်

    ReplyDelete
  26. အစစ်အမှန်ပေးလို့ အတည်တကျခံခဲ့ရဖူးတာတွေ ရှိတယ် ကိုဝင်းဇော်ရေ ....။ တစ်ချို့ကျတော့ ကိုဝင်းဇော်ပြောသလို ခင်မင်ဖော်ရွေမှုကို အသုံးချသွားကျတာ များပါတယ် ... ကျွန်တော်ကတော့ ဘယ်သူဘယ်ဝါဆိုတာထက် သူတို့ရဲ့ ဖန်တီးမှု၊ စေတနာနဲ့ အနုပညာကို အဓိကထားပြီး ကြည့်မိတယ်၊ ကိုယ်ဘယ်သူဘယ်ဝါထက် ကိုပေးချင်တဲ့ အနုပညာ၊ ဖန်တီးမှုနဲ့ စေတနာကို သိစေချင်တယ် ... ကျွန်တော့် အမြင်ပေါ့ ... ။

    ReplyDelete