Saturday, December 6, 2008

နှစ်သက်မိသောကဗျာ တစ်ပုဒ်

၁၉၆၀ ပြည့်နှစ်လောက်က ကဗျာဂုရုကြီး မောင်စွမ်းရည် ရေးဖွဲ့ထားတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကျွန်တော်နှစ်သက် မိတဲ့ ကာရံညီ ကဗျာကောင်းလေး ဖြစ်ပါတယ်။ တိုက်ဆိုင်စွာနဲ့ ညီလေး ဂျူဝဿန် (ခပ်ညံ့ညံ့ရနံ့များရဲ့ သခင်)က Tag ထားတာနဲ့ ကြုံလို့ အဆင်ပြေ စွာနဲ့ ပို့စ်တင်ဖြစ် သွားပါတယ်။ ခံစားဖတ်ရှုပေးပါအုန်း။

ခြေရာ


နွေပြေးသောခါ
နွေခြေရာကား

မြေအက်ကြားတည့်။


မိုးပြေးသောအခါ
မိုးခြေရာကား

ရေကွက်များတည့်။

ဆောင်းပြေးသောခါ
ဆောင်းခြေရာကား

နှင်းကြွင်းများတည့်။


ဝိညာဉ်ပြေးရာ
စိတ်ခြေရာမူ

ကဗျာများတို့ ဖြစ်သတည်း .. .. ။



(မောင်စွမ်းရည်)

12 comments:

  1. အင်မတန် ကောင်းမွန်တဲ့ ကဗျာလေးပါ။

    ReplyDelete
  2. မိုက်တယ်ကွာ.. ကဗျာလေးက :)

    ReplyDelete
  3. မိုက်တယ်ကွာ .. ကဗျာလေးက ..

    ReplyDelete
  4. လာရောက် ခံစားသွားပါတယ်..ဆရာစွမ်းကို ကြိုက်ပါတယ်..

    ReplyDelete
  5. ဆရာ မောင်စွမ်းရည်ရဲ့ ကဗျာ လေး ဖတ်သွားပါတယ်... အရမ်းကောင်းတာပဲ နော်...မျှဝေပေးတာ ကျေးဇူး...

    ReplyDelete
  6. ကဗျာလေးက တကယ်ကို ကောင်းတယ် အကို ရေ..
    အဆင်ပြေပါစေဗျာ

    ReplyDelete
  7. အကြိုက်ချင်းတူတဲ့ အထဲကျနော့်ကိုထည့်ပေတော့။
    :)

    ReplyDelete
  8. ဟုတ်ပီ ဟုတ်ပီ.... ဒုလ်လဘဝတ်ဖို့ နီးနေပီ... သင်္ကြန်ရက်ပဲနော်...။ ဟဲဟဲ။ ကျေးဇူးနော် ကိုကြီး ဝင်းဇော်..။ အခုမှတဂ်ဖူးတာဗျ။

    ReplyDelete
  9. ကဗျာလေး ကကောင်းလိုက်တာဗျာ

    ပေါ်လွင်ပါပေတယ်

    ရိုးရှင်းစွာနဲ့  ရေးတတ်ပါပေတယ်

    အားပေးလျက်ပါ

    ReplyDelete
  10. နှစ်သက်မိသော ကဗျာလေးက
    တကယ့်ကိုကောင်းပါတယ် ...

    ReplyDelete
  11. မမွေးခင်တုန်းက ကဗျာကောင်းကို ဖတ်သွားတယ်။
    ရသမြောက်ကဗျာလေးပါပဲ

    ReplyDelete