စာလာဖတ်တဲ့ မိတ်ဆွေတွေ သက်တောင့် သက်သာနဲ့ ဖတ်နိုင်အောင်လို့ ဘလောဂ့် တင်းပလိပ်ကို ပြင်မိပါတယ်။ တင်းပလိပ် အဟောင်းကလည်း ကြာပြီဆိုတော့ ငြီးငွေ့ လောက်ရောပေါ့ ဆိုပြီး စေတနာနဲ့ပါ။ ပထမပြင်တဲ့ တင်းပလိပ်လေးကို နှစ်သက်ပေမယ့် စာဖတ်ရတာ သိပ်အဆင်မပြေဘူး လို့ သိရပါတယ်။ နောက်ထပ် တင်းပလိပ် ထပ်ရှာပါတယ်။ တစ်ခုပြီး တစ်ခုပေါ့။ စိတ်ကြိုက် တင်းပလိပ် မရခင်မှာ Save Template ကို မှားယွင်း နှိပ်မိရာက နေ အမှားကြီးမှားသွားမှန်း သိရပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ခုတော့ မချစ်ပေမယ့် အောင့်ကာနမ်း ရတော့မယ့် ပုံပါပဲ။ ကလေးကလား ဆန်တာကို သိနေပေမယ့် နားလည်ခွင့်လွှတ် ပေးနိုင်ပါစေဗျာ။ လောလောဆယ် ဒီတင်းပလိပ်နဲ့ပဲ နှစ်ပါးသွားတော့မယ်။ စိတ်ပင်ပန်း သွားလို့ပါ။
ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။
ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။
ခလေးမဆန်ပါဘူးးဗျာ စာဖတ်လို့ရ အဆင်ပြေပါတယ်း) အကာ မလိုဘူး အနှစ်က အဓိက ဘလော့လေးပြင်တာ အဆင်ပြေစေ ။
ReplyDeleteစိတ်မကောင်းဘူး။ ကိုယ်တွေ ပယောက မကင်းသလိုဘဲ ခံစားရတယ။်
ReplyDeleteစကားမစပ် အမဲရောင်က မျက်စိ မကောင်းတဲ့ သူတွေ အတွက် အဆင်မပြေဘူး။
ပြင်ချင်သေးလားဟင်.
ပိုစ် linုk ဆိုတာ ကိုယ်ရေးထားတဲ့ ပိုစ် တွေ ကို ဆိုလိုတာလား။ မရှင်းလို့ပါ။
ReplyDelete==>KOM
ReplyDeleteကျေးဇူးပါအစ်မ၊ မပြင်တော့ပါဘူး။ အစ်မကြောင့် မဟုတ်ပါဘူး၊ စိတ်ချမ်း၂သာ၂ နေပါ။ ကျွန်တော့်ကြောင့်ပါ။
==>KOM
ReplyDeleteblog list ကိုပြောတာပါအစ်မ။
တောင်းပန်တယ်ဆိုလို့ လာကြည့်တာ။ ဘလော့ဂ်မှားရောက်ပြီထင်တာ။ နောက်မှ အသစ်လေးကိုး..း)
ReplyDeleteဒါလဲကောင်းတယ်။ ခဏထားလိုက်ပေါ့။ ခေါင်းအေးမှ ထပ်ကလိ၊ ခေါင်းပြန်ပူအောင်။း)
သုခမိန်(E-Journal)
အမြဲလာဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေး မည်းမည်းကြီး ဖြစ်သွားတာ စိတ်မကောင်းဘူး။ အမဲရောင်တို့၊ အရောင်တောက်တောက် ဘက်ဂရောင်းနဲ့ ဘလော့ဂ်တွေဆို ကြာကြာဖတ်လို့မရလို့ပါ။ မျက်လုံးမကောင်းလို့ပါနော်။
ReplyDeleteအကြံပြုတာ မကြိုက်ရင်လည်း စိတ်မဆိုးပါနဲ့။ ကိုယ့်ဘလော့ဂ်ပဲ ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်ပါတယ်လေ...။
အရုပ်ကြီး က ကလေးဆန်တယ်နော် ...ကိုရီးယား မင်းသားမင်းသမီး ဆိုရင်တော့ ... ပိုကောင်းမှာပေါ့ .
ReplyDeleteရပါတယ်ဂျာ စိတ်ရှည်စွာဖန်တီးထားတာကိုတွေ့လို့ ပိုတောင်လေးစားခင်မိပါ၏
ReplyDeleteကိုဝင်းဇော် အဆင်ပြေပါစေနော် :D
List ထဲမှာ ကြယ်ပြာ့ နာမည်ပျောက်သွားပြီတော့
ReplyDeletemg lay
ReplyDeleteit could happen sometimes. D't worry ..
ပျောက်ပျက်သွားတဲ့ အရာတွေအတွက်တော့ ၀မ်းနည်းစရာပါ။
ဒါပေမဲ့ .. တခါတခါကျတော့လဲ mistake တခုခုဖြစ်သွားတာ ကိုယ့်ကိုပိုပြီး ထက်မြက်လာစေပါတယ်။
အစ်မကတော့ ဒါလေးလဲ သဘောကျပါတယ် ..
မရောက်ဖြစ်တာနှစ်ရက် ရှိသွားပြီ၊ ဘာတွေများ ပြောင်းလဲသွားလို့လဲ၊ ခုလည်း ကောင်းပါတယ်။ အပြောင်းအလဲ လုပ်ရင် ဆုံးရှုံးတာတော့ ရှိတတ် ပါတယ်။ အစ်ကိုပြောသလိုမျိုး အရှုံးထဲက အမြတ်တော့ တွေ့မှာပါ။
ReplyDeleteခုလည်း မျက်စိအေးပါတယ်။ စာဖတ်ရတာ အဆင်ပြေတယ်။ ဒီအတိုင်းပဲ ကောင်းပါတယ်
ReplyDeleteဖြစ်တတ်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ ဟိုတစ်နေ့ကတင် အစ်မ ပို့စ်တစ်ခုရေးပြီး reference လုပ်ထားတာလေး ပြန်စစ်ပြီးမှ တင်မယ်ဆိုပြီး Save လုပ်လိုက်တာပဲ (file name: ၄.doc)။ နောက်ဘယ်လိုမှ ချာလပတ်လည်အောင် ပြန်ရှာလည်း မတွေ့လို့ Let go လုပ်လိုက်ရပါတယ်။ ၄ ဂဏန်းဟာ ငါ့အတွက် ဘယ်တော့မှ ကောင်းကျိုးမပေးဘူးဆိုတဲ့ ကဘောက်တိကဘောက်ချာ အတွေးဝင်လာလို့ နှိပ်ကွပ်လိုက်ရသေးတယ်။ အဆင်မပြေချိန်မှာ မိစ္ဆာအယူတွေ ခေါင်းထောင်ထတတ်တယ်။
ReplyDelete