Tuesday, December 9, 2008

Challenger စိန်ခေါ်သူများ ဖြစ်ပါစေ


တစ်ချို့သော သူများသည် ကြုံတွေ့လာသော အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွား နိုင်ကြတာကို တွေ့ရပါတယ်။ တစ်ချို့ကျ တော့လည်း ထို အခက်အခဲတွေ၊ အနှောင့်အယှက် တွေကြားကနေ ရုန်းမထွက်နိုင်ဘဲ ကျရှုံးသွားကြ ရတာကို တွေ့ရပါတယ်။ ဘာတွေများ ကွာခြားပါသလဲ။? စဉ်းစား တွေးတော စရာ ဖြစ်ခဲ့ရပါတယ်။

ဒီနေရာမှာ ဖြစ်နိုင်ခြေရှိတာကို ကျွန်တော် တင်ပြချင်ပါတယ်။ အခြားတော့ မဟုတ်ပါဘူး။ မိမိရင်ဆိုင်ရမယ့် အနှောင့်အယှက် အခက်အခဲ တွေကို မည်သို့မည်ပုံ ချည်းကပ်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ တစ်ချို့က မိမိအပေါ် ကျရောက်လာတဲ့ အခက်အခဲ အတားအဆီးတွေကို ခြိမ်းခြောက်ခြင်း တစ်မျိုးလို့ ခံယူပါတယ်။ တစ်ချို့ကျတော့ ယင်းတို့ကို စိန်ခေါ်ခြင်း တစ်မျိုးလို့ မြင်ကြတယ်။ ဒီခံယူချက်လေး မတူတာနဲ့တင် ရလဒ်တွေက အကြီးအကျယ်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။

မိမိထံရောက်လာတဲ့ မပြောလည်မှု၊ အခက်အခဲများကို ခြိမ်းခြောက်ခြင်းလို့ လက်ခံလိုက်တာနဲ့ သူ့အလိုလို ကြောက်စိတ် ၀င်လာပါမယ်။ အနုံစိတ် ၀င်လာပါမယ်။ ခံစစ်အသွင် ဆောင်သွားတယ်လို့ ပြောလို့ရပါတယ်။ ခံစစ်ဖြစ်သွားတာနဲ့ ထိုးနှက်မှု မှန်သမျှကို ကျောကော့အောင် ခံဖို့ပဲရှိပါတော့တယ်။ စစ်ပွဲမ၀င်ခင် ရှုံးချင်နေပြီ၊ တစ်ဖက်သတ် ရှုံးနေပြီ၊ ကြိုးစားချင်စိတ်လည်း မရှိတော့ဘဲ ကျော်လွှား ဖြတ်သန်း လိုစိတ်လည်း ကုန်ခမ်းသွားတာကြောင့် အရာရာကို အရှုံးပေး လိုက်ရတာပဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးက မိမိဆီကို ရောက်လာတဲ့ အနှောင့်အယှက်၊ အခက်အခဲ၊ အတားအဆီး မှန်သမျှကို ခြိမ်းခြောက် တာတွေ လို့မမြင်ဘဲ စိန်ခေါ်ခြင်းလို့ ခံယူလိုက် တာနဲ့ ကြောက်စိတ်အစား ရဲတင်းတဲ့ စိတ်ဝင်လာမယ်။ တက်စိတ် ဖြစ်လာမယ်။ တိုက်စစ် အသွင်ကိုဆောင်တယ်။ ထိုးနှက်လာတာ မှန်သမျှ ချေဖျက် တွန်းလှန် ကျော်လွှားလိုစိတ် ပြင်းပြမယ်။ ဘာဖြစ်လို့ အရှုံးပေးရမှာလဲ၊ ဘာကို ကြောက်နေရမှာလဲ ဆိုတဲ့ မခံချင်စိတ် ကြွလာမယ်။ အားမာန် တက်လာမယ်။ ပစ်တိုင်းထောင် လိုစိတ် ဖြစ်ပေါ်လာမယ်။ အနိုင်ယူလိုစိတ် ပြင်းထန်လာ ပါမယ်။

ဒါကြောင့် ဘဝမှာ ကြုံတွေ့လာရမယ့် အခက်အခဲ အတားအဆီး အနှောင့်အယှက်တွေကို ကျော်လွှား အောင်မြင်နိုင်သူ အများစုဟာ ထိုပြဿနာများကို စိန်ခေါ်ခြင်းများ အဖြစ်နဲ့ လက်ခံစဉ်းစားကာ မဆုတ်မနှစ် တွန်းလှန်လိုက်ကြပြီး ဆုံးရှုံးသူ အများစုကတော့ မိမိဆီကို ရောက်လာနေတဲ့ ခြိမ်းခြောက်မှု တွေအဖြစ် ခံယူရင်းနဲ့ အရှုံးပေးလိုက် ကြလေတော့တယ်။ ဒါကြောင့် ခြိမ်းခြောက်ခြင်းလို့ မခံယူကြဘဲ လူတိုင်း လူတိုင်း စိန်ခေါ် သူများသာ ဖြစ်ကြပါစေ.. ။ ဖတ်ပေးလို့ ကျေးဇူးတင်ရှိပါတယ်။



14 comments:

  1. အကိုရေ ပိုစ့်ကောင်းလေး တစ်ပိုဒ်ကိုလာဖတ်သွားတယ်ဗျာအကို...........။ ကျွန်တော့်အမြင်ကတော့ ဘဝဆိုတာလည်း စိန်ခေါ်မှုတစ်မျိုးပါပဲလို့ ကျွန်တော်ထင်ပါတယ်။ အကိုရေးထားတဲ့ပိုစ့်လေးတော်တော်လေးဖတ်လို့ကောင်းတယ်အကို.............

    ReplyDelete
  2. ခြိမ်းခြောက်ခြင်း နဲ့  စိန်ခေါ်ခြင်းကြားက ကွားချားချက်ကလေးကို သဘောကျတယ် သေသေချာချာ လေ့လားထားတာကို နှစ်သက်စွာနဲ့ဖတ်သွားပါတယ် အစ်ကိုရေ့ ကျေးဇူးပါ။

    ReplyDelete
  3. တိုက်ပွဲတွေချည်းပဲ တိုက်နေရတဲ့အခါ စိတ်ပန်းတတ်ပါတယ်...
    အားပြန်သွင်းတာတွေ (စိတ်အား ပြန်မွေးတာတွေ) လုပ်ရပါမယ်...

    ReplyDelete
  4. ငါဘယ်လိုလူမျိုးဖြစ်သင့်တယ်ဆိုတာကို အဖြေရှာသွားတယ်။ ဘ၀အတွေ့အကြုံတွေအတွက် မသိမဖြစ် သိဖို့ ယူသွားတယ်။ လာဖတ်ရကြိုးနပ်ပါတယ်၊ ဆထက် ဆထက် ရေးသားဖော်ပြ နိုင်ပါစေ။

    ReplyDelete
  5. Challenge ကို ရင်မဆိုင်ရဲတာ တခါတလေ Feelings of Inferiority ကြောင့်လဲ ပါတယ် ..လူတစ်ယောက်က ကိုယ့်မှာရှိတဲ့ Weaknesses N Strengths ကို သေချာသိထားဖို့လဲ လိုတယ် ..ကိုယ့်ကိုကိုယ် ကိုယ့်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို အမြဲ Analysis လုပ်ပြီး Challenge မှန်သမျှ လက်ခံရဲရမယ် ..Result တွေက အကောင်းချည်းဖြစ်ချင်မှဖြစ်နိုင်မယ် ..ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ်ကြိုးစားလိုက်တယ်ဆိုတာနဲ့ ကိုယ့်ကိုကိုယ် ကျေနပ်နေတယ် ..
    Trying is no harm; Take every challenges and try. At least you will be satisfied with your effort.

    ReplyDelete
  6. စိန်ခေါ်ချင်လည်းခေါ်ရ မခေါ်ရင်လည်း အခေါ်ခံရအောင်ကိုလာနေတာပါဘဲ...စိန်ခေါ်လည်း ဘ၀ဆိုတာကတော့

    ReplyDelete
  7. ဘ၀ရဲ့ အားဆေးတခွက်ကို လာသောက်သုံးသွားပါတယ်

    ReplyDelete
  8. ကောင်းလိုက်တဲ့ အတွေးနဲ့ အရေးပါဘဲ၊ အခုလို တန်ဘိုးရှိတဲ့ ပို့စ်လေးတွေကို များများရေးနိုင်ပါစေဗျာ။ အားပေးလျှက်ပါ ကိုဝင်းဇော်ရေ .......

    ReplyDelete
  9. ကောင်းလိုက်တဲ့ အတွေးနဲ့ အေ၇းပါဘဲ၊ အခုလိုတန်ဘိုးရှိတဲ့ ပို့စ်လေးတွေ များများရေးနိုင်ပါစေဗျာ။ အားပေးလျှက်ပါ၊

    ReplyDelete
  10. ပင်ပန်းမှာ ကြောက်နေမိတယ်။ စိတ်

    ReplyDelete
  11. စိန်ခေါ်လိုက်ပြီ ၀င်းဇော်ရေ......... ကျေးဇူးပါ။

    ReplyDelete
  12. ဟာ ...
    ကောင်းလိုက်တဲ့ ပိုစ့်ဗျာ ...
    ဖတ်အပြီးမှာ ကျွန်တောဟာ စိန်ခေါ်သူတစ်ယောက်အသွင်ကို
    လုံးဝ ပြောင်းပစ်လိုက်တယ် ကိုဝင်းဇော် ... ။
    ပိုစ့်ကလေးအတွက် အထူးကျေးဇူးဗျို့ ...

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  13. ပစ်တိုင်းထောင်နိုင်ဖို့လည်း ကြိုးစားနေပါတယ်.. နင်လာဟဲ့ လောကဓံဆိုပြီး စိန်ခေါ် နိုင်အောင်လည်း ကြိုးစားနေဆဲပါ အစ်ကို ဝင်းဇော်..

    ReplyDelete
  14. ဘောလုံးကန်ရင်တောင် တိုက်စစ်မှူးပဲ လုပ်တာ၊ အင်း တိုက်စစ်ပါပဲ

    ReplyDelete