Sunday, December 21, 2008

နှုတ်ဆက်မှုတွေနဲ့ ငိုရမလား ရင်နာမှုတွေနဲ့ ပြုံးရမလား

ပေါ့ပါးစွာ မက်မောခဲ့တော့
ငါ့ရင်ထဲမှာ
မှတ်မှတ်ရရ မတွယ်ငြိ
ဗလာထဲမှာတောင်
နတ္ထိဖြစ်တဲ့ ငါ့အချစ်ရယ်ပါ

ငါဆိုတဲ့ ငါက
ရင်ထဲကနေ ချစ်မိခဲ့ပေမယ့်
ကောင်မလေးကို
သိပ်ချစ်တယ် ကောင်မလေးရယ် လို့
တားဆီး မြိုသိပ်ထားတဲ့ကြားက
မွတ်သိပ်စွာနဲ့ ပြောခဲ့မိတော့
ဘာမှ လာမကြောင်လေနဲ့တဲ့

အော် မှတ်မှတ်ရရ ဆိုတာ
ဘာမှ မရှိတဲ့ ငါ့လိုကောင်မှာ
ဒီစကားစုလေးအတွက်တော့
မှတ်မှတ်ရရပါပဲ ကောင်မလေးရယ်။

မင်းဖန်တီးနေတဲ့
အတားအဆီးတွေကြားက
ဒီတစ်ကြိမ်ဟာ
မင်းနဲ့ငါနဲ့ တွေ့ဆုံခြင်းက
နောက်ဆုံးလေပဲလား . . . . .. ။

14 comments:

  1. ကျရှုံးတာတွေ၊ ကျန်ရစ်တာတွေ၊ စိတ်ညစ်စရာတွေ ၊ မနူးမနပ်အချစ်တွေ နှစ်ဟောင်းမှာ ခ၀ါချခဲ့ဖို့ မျှော်လင့်ပါတယ်။

    ReplyDelete
  2. တိကျသေသပ်တဲ့စကားလုံးတွေကိုကဗျာရေးသူရဲ့စနစ်ကျမှုကို
    ခံစားလိုက်ရတယ်။
    သေသပ်လှပတဲ့ကဗျာပန်းတွေကိုဖန်တီးနိုင်ပါစေ....လို့
    အားပေးလျက်
    နီနီဝင်း
    http://niniwinn.myanmarbloggers.org

    ReplyDelete
  3. အချစ်စစ်ကို တွေ့လာပါစေ
    ကိုယ်တန်ဘိုးထားသလို ပြန်လည်တန်ဘိုးထားတတ်တဲ့
    မိန်းမမြတ်.. မိန်းမကောင်းနှင့် ဆုံဆည်းပါစေ..

    စာသားတွေက ဆို့နင့်နေသလို
    ခံစားတတ်သူတွေ မျှဝေခံစားသွားပါတယ်

    ReplyDelete
  4. စာအရေးအသားကလည်း ကောင်းတယ်။
    ကဗျာကျပြန်တော့လည်း ထိမိတယ်။
    တကယ့်ခံစားချက်လေလားပဲ။
    မတွေ့ချင်တော့တဲ့ သူတစ်ယောက်ကို
    စာတွေ ကဗျာတွေဖွဲ့လို့ ပြောပြနေလို့ကော
    တစ်ဖက်သားက သိနိုင်မှာမို့လို့လားဗျာ။
    အရင်ကလည်း ဗလာနတ္တိ။
    ခုလည်း ဗလာနတ္တိပဲမို့
    ဘဲစားဘဲချေပေါ့အစ်ကိုရာ။

    ReplyDelete
  5. လူတိုင်းမှာ ခံစားတတ်တဲ့ အသည်းနှလုံးနဲ့မို့
    ချစ်မယ်၊ မုန်းမယ် ခံစားလွယ်ပါတယ်။
    အမြန်ဆုံး နာလံထနိုင်ပါစေ

    ReplyDelete
  6. စိတ်မလျှော့နဲ့ စိတ်ရှည်ရှည်နဲ့ ထပ်ကြိုးစားကြည့်ပါဦးနော် :)

    ReplyDelete
  7. ဝေး..အစ်ကို မောသေးဘူးလား၈ျာ ချစ်တာ နှစ်တာတွေ စားလုံးပေါင်းလို့ရယ် ဘယ်သူတွေ ဘယ်လိုပြောပြာ တစ်ချက်မှ မချစ်ခဲ့တယ် အဲ့တာ မေခလာ သီချင်းလို့း)

    ReplyDelete
  8. နှလုံးသွေးနဲ့ရေးထားတဲ့ကဗျာလေးကို
    နှလုံးသားနဲ့ ခံစားရပါတယ်ဗျာ...

    ခင်မင်လျက်..
    နွေသူရ

    ReplyDelete
  9. အား!!! တကယ်ကိုကောင်းတယ်..ဗလာထဲမှာတောင်
    နတ္ထိဖြစ်တဲ့ ငါ့အချစ်ရယ်ပါ တကယ်ကို ခံစားရတယ်
    ဘ၀တူတွေမို့ ရင်နဲ့ရင်းပြီးခံစားသွားပါတယ် အဆင်ပြေပါစေဗျာ

    ReplyDelete
  10. ပန်းခြံထဲမှာ ထိုင်ငိုနေတဲ့ကောင်လေးတစ်ယောက်ကို ဖြတ်သွားတဲ့အဘိုးကြီးတစ်ယောက်က မေးသတဲ့ … ကောင်လေး ဘာလို့ ငိုနေသလဲပေါ့ …
    ကောင်လေးက သူ့ကောင်မလေးက သူ့ကိုချန်ထားခဲ့လို့ပါတဲ့ …. ဒီအခါ အဘိုးကြီးကရယ်တယ်လေ …
    ကောင်လေးက နားမလည်စွာနဲ့ ဘာလို့ရယ်သလဲမေးတော့ … အဘိုးကြီးက …
    ဒါ မင်း ငိုစရာမဟုတ်ဘူးကောင်လေး တဲ့ ….
    တကယ်တော့ သူငိုသင့်တာတဲ့ … ကောင်လေးက ဘာကြောင့်လဲလို့မေုးတော့ …
    အဘိုးကြီးကပြောတယ် …
    “မင်းက မင်းကိုမချစ်တဲ့သူတစ်ယောက်ကိုပဲ ဆုံးရှုံးသွားတာ … သူကတော့ သူ့ကိုသိပ်ချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားတာလေ” တဲ့ …

    အဆင်ပြေပါစေ ကိုဝင်းဇော် ….

    ReplyDelete
  11. အကိုရေ အချစ်စစ် အချစ်မှန်နဲ့ ပြန်လည်တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလျက်

    ReplyDelete
  12. နှုတ်ဆက်မှု.တွေနဲ့လည်း မငိုနဲ့
    ရင်နာမှု.တွေနဲ့လည်း မပြုံးနဲ့
    နာကျင်ရမယ့် ကိစ္စဘာမှ မလုပ်တာကောင်းတယ်.....း)
    ဆရာလုပ်ကြည့်တာ ဟတ်ဟတ်
    အဆင်ပြေပါစေရှင်

    ReplyDelete
  13. အဆင်ပြေပါစေ အစ်ကို....

    ReplyDelete
  14. ကြေကွဲစရာကြီးပါလား
    ကဗျာသံစဉ်တွေက အကုန်လုံးထိတယ်
    ကိုဝင်းဇော် အမြန်ဆုံးကံကောင်းပါစေနော်
    စစ်မှန်ရင် တန်ပြန်ခံစားရမှာပါ
    တစ်ခါတစ်လေတော့လဲ ပေးဆပ်ရတာပေါ့နော်
    အောင်မြင်ပါစေ
    ကဗျာကိုအားပေးပါတယ်

    ReplyDelete