Monday, November 3, 2008

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်

အိမ်အပြင်အဆင်ချင်းလည်း မတူညီ
အရပ်ဒေသချင်းလည်း မတူညီ
နာရီ စံတော်ချိန်ချင်းလည်း မတူညီ
ဘာသာစကားချင်းလည်း မတူညီ
လူမျိုးနွယ်စုချင်းလည်း မတူညီ

သို့ပေမယ့်
ခံစားမှုချင်း တူခဲ့သည်
နှလုံးသားချင်း တူခဲ့သည်
ရင်ခုန်သံချင်း တူခဲ့သည်
သံယောဇဉ်ချင်း တူခဲ့သည်
အလိုက်သိမှုချင်း တူခဲ့သည်
အယူအဆချင်း တူခဲ့သည်
စာနာမှုချင်း တူခဲ့သည်
စိတ်ကူးချင်း တူခဲ့သည်

တူနှစ်ကိုယ် ဘယ်မျှဝေးဝေး
သူ့အိမ်ကို ကိုယ်နေ့တိုင်းရောက်သည်
ကိုယ့်အိမ်ကို သူလေးနေ့တိုင်းရောက်သည်
ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်

သို့ပေမယ့်
ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ။

8 comments:

  1. အားမနာတမ်းပြောရရင် ရှယ်ပဲ
    အဟုတ် အောက်ဆုံးနောက်ဆုံးအကြောင်းလေးက
    တကယ်ကောင်းတယ်
    အားပေးသွားတယ်နော်
    သံယောဇဉ်တွေဆက်လက်တည်မြဲနိုင်ပါစေ

    ReplyDelete
  2. ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ။
    အရမ်းကောင်းတဲ့ကဗျာလေးပါ
    အမြဲပျော်ရွင်နေနိုင်ပါစေ

    ReplyDelete
  3. အကိုဝင်းဇော်ရေ ...

    “ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ” တဲ့လားဗျာ ... ။
    ဖတ်မိပြီးတော့ ရင်ထဲမှာ ဖြစ်နေတဲ့ ကြည်နှုးပီတိတွေကို အတိုင်းသားပဲ။
    ဟုတ်တယ် မတူညီတာတွေကြားထဲက တူညီတာတွေကတော့
    နှစ်အိမ့်တစ်အိမ်ပါပဲဗျာ ...။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  4. အားမနာဘူး....တော်တော်ကိုကောင်းလွန်းတယ်...သဘောကျလိုက်တာ အဓိပ္ပာယ်အပြည့်ပဲ အားပေးနေပါတယ် ကိုဝင်းဇော်ရေ

    ReplyDelete
  5. ဟုတ်တယ်နော် နှစ်အိမ့်တစ်အိမ်တဲ့

    ReplyDelete
  6. နောက်တစ်အိမ်က ဘယ်မှာလဲဗျ ။ လှိုင်သာယာမှာလား ။နောက်တာ ။ ကဗျာလေး ကောင်းတယ် ။ :)

    ReplyDelete
  7. “တစ်ခါက ”တဲ့ လား.....
    ဒါပေမယ့်....
    ထာဝရ နှစ်အိမ့် တစ်အိမ်ဆိုတာလေးကတော့...
    အရမ်းလှတဲ့ သံယောဇဉ် စကားလုံးလေးပါဘဲ...။

    ReplyDelete
  8. ၅ အိမ်ပြည့်သွားအောင် အိန်ဂျယ် ၃ ယောက်ပါမယ်လေ. ဒါပေမယ့် ၂ ယောက်ပေါင်း ညှပ်ချမယ်တော့ မကြံနဲ့. . .

    စိတ်မဆိုးနဲ့နော် နောက်တာ ကဗျာလေး ကောင်းတယ်...။

    ReplyDelete