Thursday, November 27, 2008

အုံ့ပုန်း









လက်ပြရန်ခက်
ပြုံးရန်ခက်နဲ့
နှုတ်ဆက်မလွယ်
မမြင်ကွယ်ရာ

မခေါ်သာလို့
တော်ရာမှာနေ
ရင်တွေလှုပ်ရှား
အင်အားမရှိ

မချိရင်ထဲ
မင်းစွန့်ထွက်ခွာ
တို့ကိုခွဲပြေး

ငေးတိငေးငိုင်
ဟိုထိုင်သည်ထ
နေမရဘု

အရူးလိုပင်

နှုတ်ဆက်ချင်လျှက်
နှုတ်ဆက်မရ
တို့ဘ၀ရဲ့

အုံ့ပုန်းအချစ်
ပေးမဖြစ်ခဲ့တဲ့ အချစ်များ .. ..

19 comments:

  1. ဟားကဗျာလေးက မိုက်တယ်ဟေ့

    အုံပန်း မနေနဲ့ နော်

    ဖွင့်သာပြောလိုက်တော့

    ဒီခေတ်မှာ အုံပုန်းလို့ မရတော့ဘူး

    အဆင်ပြေပါစေ ကဗျာလေးကောင်းတယ်

    ချစ်ခဲ့ဖူးပါသည် ဒီအချစ်မျီုဟီး

    ReplyDelete
  2. ရွေမန်းရေ... အုံပုန်းချစ်နဲ့မချစ်ပါနဲ့ ခံစားရတယ်
    အစဉ်ပြေပါစေ

    ReplyDelete
  3. ကိုဝင်းဇော်ကဗျာက တကယ်မိုက်တယ် လှတယ် ကောင်းတယ်
    ငေးတိငေးငိုင်
    ဟိုထိုင်သည်ထ
    နေမရဘု
    အရူးလိုပင်... မြင်ယောင်မိတယ် :P
    တို့ဘ၀ရဲ့
    အုံ့ပုန်းအချစ်
    ပေးမဖြစ်ခဲ့တဲ့ အချစ်များ... အချိန်မှီသေးရင်ပေးလိုက်ပါ
    အဆင်ပြေပါစေနော် :D

    ReplyDelete
  4. ကောင်းလေစွ...

    သပ်သပ်ရပ်ရပ်လေး။
    :P :P

    ReplyDelete
  5. အစ်ကိုဝင်းဇော် ဒီလိုလည်း ဖြစ်တာပဲ။ ဖတ်လို့ကောင်းတယ်။ ဘယ်သူ့ကိုများ ရည်ညွှန်းလဲတော့မသိ ..

    ReplyDelete
  6. အုံ့ပုန်း ဆိုတာ နံမည်လေးလှသလောက် ခံစားရခက်မှာပဲ...

    ReplyDelete
  7. အကိုရေ အရမ်းကိုဖတ်လို့ကောင်းပါတယ်ဗျာ။ ရည်ညွန်းချက်လေးကတော့ ကောင်းပါတယ်ဗျာ။ အုံ့ပုန်းအချစ်ဆိုတာအဲ့ဒါပဲလားအကို........ ရင်ထဲမှာရှိတာကို ဖွင့်ပြောလိုက်ပါလားအကို......... ရည်ညွန်းတဲ့သူကလက်ခံလိမ့်မယ်လို့ထင်ပါတယ်ဗျာအကို...........။

    ReplyDelete
  8. အုံပုန်း ဆိုတာ စကားလေးနှစ်လုံးပေမယ့် ရင်နဲ့မဆန့်အောင် ခံစားရပါတယ်.. အစ်ကိုရေ... သိမ်းထားရင် အချစ်တိုးသလို ဝေဒနာလည်းပိုပါတယ်.. ဒီတော့ မသိမ်းထားပါနဲ့တော့...

    ReplyDelete
  9. မခေါ်သာလို့
    တော်ရာမှာနေ
    ရင်တွေလှုပ်ရှား
    အင်အားမရှိ ...

    ဟုတ်တယ် ...ခဏလောက်စကားများပြီး ဖုံးသံလေးမကြားရရင်တောင် ..နေမထိ ထိုင်မသာ ..အခုလိုများ ..အုံ့ပုန်းဆိုရင် ....
    တွေးတောင်မတွေးရဲဘူး ..

    ReplyDelete
  10. အုံ့ပုန်းလေးပေါ့လေ..ဟဲ ဟဲ

    ReplyDelete
  11. ဖွင့်မပြောရင် ဘယ်သိပါ့မလဲ. ကိုဝင်းဇော်ရယ်။ အဖြေပေးခွင့်လေး ပေးမှပေါ့. နောက်တခါ လက်မနှေးပါစေနှင့်

    ReplyDelete
  12. ကောင်းလိုက်တဲ့အတွေး၊ခံစားမှုလေးပါလား...အုံပုန်းဘ၀နဲ့
    နောက်မဆုတ်နဲ့ကိုဝင်းဇော်ရေ...ဆက်လုပ်..
    အားပေးနေတယ်....:P

    ReplyDelete
  13. အုံ့ပုံးအချစ်မဖြစ်အောင် ဖွင့်ပြောလိုက်လေ :P
    အဆင်ပြေပါစေဗျာ

    ReplyDelete
  14. ကဗျာက တော်တော်ဂွတ်လှချည့်ရဲ့။ အချိတ်အဆက် ကာရံတွေနဘေတွေနဲ့ဆိုတော့ ကောင်း၏။

    ReplyDelete
  15. ပေးမဖြစ်ခဲ့အချစ်များဆိုတော့ ဘယ်သူ့အတွက်များပေးဖို့ပါလိမ့်။ ထင်တာပါ။ တအုံနွေးနွေးတော့ မလုပ်နဲ့ဗျာ၊ ကောင်မလေးကလည်း မျှော်နေရှာမှာ..... အဆင်ပြေပါစေ။

    ReplyDelete
  16. အုံ့ပုန်းဆိုတာ မကောင်းပါဘူးဗျာ ...
    ရဲရဲတင်းတင်းသာ ပြောပလိုက် ...
    ကိုဝင်းဇော် အရည်အချင်းကို ယုံပြီးသားဗျ ...

    ခင်မင်စွာဖြင့်

    ReplyDelete
  17. ဒီနေ့ မှ ဒီ ကဗျာလေးကို တွေ့တယ် ... အရင့် အရင် နေ့တွေဆီက ဘာလို့များ မတွေ့မိတာလည်း မသိဘူး ... ပေးမဖြစ်ရင်တော့ မပေးတာပဲ ကောင်းပါတယ် ကိုဝင်းဇော် ... ဖွင့်ပြောလိုက်မှ သူကပြန်မချစ်နိုင်ရင် ကိုဝင်းဇော် ပိုခံစားရမှာ စိုးလို့ပါ...။
    လေးစားအားပေးလျက်

    ReplyDelete
  18. အရမ်းကောင်းပါတယ်။ခံစားချက်နဲ့တိုက်ဆိုင်ပါတယ်။နောက်မကျခင်
    ဖွင့်ပြောလိုက်ပါ

    ReplyDelete
    Replies
    1. လက်ပြရန်ခဲ့
      ပြုံးရန်ခက်နဲ့
      နှုတ်ဆက်မလွယ်
      မမြင် ကွယ်ရာ
      မခေါ်သာလို့
      တော်ရာမှာနေ

      အဲ့ဒါလေးကိုအရမ်းကြိုက်ပါတယ်။ကိုယ်ကိုယ်တိုင်လည်း
      အုံ့ပုန်းလေးချစ်နေရတော့အဲ့ဒီခံစားချက်ကိုနားလည်ပါတယ်။
      တော်တော်တော့ဆိုးတယ်ဗျ။ရင်ထဲမချိအောင်ခံစားရတယ်နော်။အားတင်းထားပါ။ပြောခွင့်ရရင်ပြောလိုက်ပါ။တို့ကတော့အုံ့ပုန်းအချစ်ကနေမတတ်နိုင်တော့ပါဘူး။

      Delete