Sunday, November 16, 2008

မေ့ဖို့ရန်ခက်



ဘဝကံငယ်
မဆုံကြရ
သည်ဘဝမှာ
ဝေးကြရပြီ
သိပြီးနေလည်း
ဖြေသိမ့်မရ
အလွမ်းစနှင့်
တမ်းတနေမိ
သတိရဆဲ .. ..

သူပေးလက်ဆောင်
ဓာတ်ပုံဟောင်းအို
နှောင်းတမြေ့မြေ့
ယူငင်ထုတ်ကြည့်
မြတ်နိုးစွာဖြင့်
ထွေးပိုက်ယုယ
တသသဖြင့်
မေ့မရနိုင်
လွမ်းလို့နေဆဲ .. ..

ကံမကြုံလို့
မဆုံခဲ့ရ
ဝေးခဲ့ကြလည်း
ဘဝတစ်သက်
မေ့ရန်ခက်ပြီ
စိမ်းရက်လေသူ
သိမယ်ထင်မိ .. ။


16 comments:

  1. ကဗျာလေး ခံစားသွားပါတယ်။
    ဒီလိုပဲ မေ့ဖို့ခက်ကြတာကြီးပါပဲ။

    ReplyDelete
  2. ဓါတ် ပုံ အ သစ် လေး မြန် မြန် ရိုက် နိုင် ပါ စေ လို့ ဆု တောင်း ပေး ပါ တယ် အ ကို။

    ReplyDelete
  3. ခုတလော ကဗျာတွေက အကွဲသည်းနေသလိုပဲ..:))
    တကယ်ကြီးလား..အနုပညာလားးးး

    ReplyDelete
  4. winzaw==>sin dan lar
    တကယ်ကြီးလား (၉၅%)
    အနုပညာလား (၅%)

    ReplyDelete
  5. ဟုတ်တယ် ..
    လွယ်လွယ် မမေ့တတ်သူတွေအတွက်
    မေ့ဖို့ခက်တာ အသေအချာပဲ ...

    မနက်ဖြန်တွေမှာ
    မကျက်သေးတဲ့ ဒဏ်ရာတွေကို
    ငါကိုယ်တိုင် ..ခဏခဏပြန်ဆွတော့
    ဘာလုပ်လုပ် သတိရနေပြန်တယ်လေ ...

    ရခဲ့ဖူးတဲ့အမှတ်တရတွေ
    မြင်သာမဲ့ နေရာမှာသိမ်း
    ပုံရိပ်ဟောင်းတွေ ပြန်ပြန်ခေါ်တော့
    မျှော်လင့်ချက်တွေ ကျန်နေပြန်တယ်လေ ...

    သြော် ..
    ဒီလိုနဲ့ ..ပေးခဲ့ဖူးတဲ့ မေတ္တာတွေ
    လွယ်လွယ်နဲ့ ပြန်မရုတ်သိမ်းတတ်တော့
    ငါ ..မေ့ဖို့ခက်ပြန်တယ်လေ ...

    {{ တကယ်ပါ .... မေ့ဖို့ခက်တာ အသေအချာပါပဲ ..လုံးဝထောက်ခံတယ် }}

    ReplyDelete
  6. အသဲတွေ ကွဲနေဆဲလားမသိ...:P

    ReplyDelete
  7. အကိုရေ ကွဲနေတယ်ထင်တယ်နော်..အဆင်ပြေမှာပါဗျာ
    ကြိုးစားထားပါ
    ပျော်ရွှင်ပါစေဗျာ
    အားပေးလျက်

    ReplyDelete
  8. မေ့ဖို့ ခက်တယ်ဆိုတာလက်ခံတယ်ဗျ...မယ်

    ReplyDelete
  9. စိမ်းရက်လေ သူ သိမယ် မထင်..

    ReplyDelete
  10. သြော် အချစ်ဆိုသည်မှာ မေ့ရန်ခက်ဧ။်နော်...

    ReplyDelete
  11. အော် အချစ်ဆိုတာလည်းမေ့ဖို့ရာခက်တယ်နော်။ အခုတော့လည်းအသည်းတွေကွဲနေပြီလားအကိုရေ။ နောက်တော့လည်း အချိုန်တွေက ကုစားသွားမှာပါအကိုရာ အဆင်ပြေသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ။

    ReplyDelete
  12. ချစ်ပြီးရင် မေ့ဖို့ ခက်တာကြည့်ပါပဲ.။ မမေ့နိုင်သ၍ ဓာတ်ပုံဟောင်း လေးနဲ့ပဲ ဖြေသိမ့်နိုင်ပါစေဗျာ.။

    ReplyDelete
  13. သံမှိုနဲ့နှက်ထားသလိုပဲထင်တယ်၊ ငယ်ချစ်များလားဗျာ၊ ကြီးချစ် ဆိုရင်တော့ ခွာလို့ ရတော့မယ် မထင်ပါဘူး။ ချစ်နိုင်ပါစေအစ်ကို၊ ဒါမှ ကဗျာကောင်းလေးတွေ ဖတ်ရတာပေါ့။

    မု,သုင်စေကမ်းခု;

    ReplyDelete
  14. ချစ်သုခ လေးအမြန် ပြန်ရှင်သန်ပါစေဗျာ။ ကောင်မလေးများ ကျီစား သန်ပြီလားမသိဘူးနော်။ သံယောဇဉ်ဆိုတာကလည်း နားလည်ရခက်တယ်ဆိုပေမယ့် သံမဏိထက် ခိုင်မြဲနေလေတော့ ခံပေအုန်းပေါ့ ဒုက္ခ။

    ReplyDelete
  15. ကဗျာစာသားတွေထဲကိုဖတ်နေရင်းတကယ်ဝင်သွားတယ်
    ခံစားရတဲ့ ကဗျာလေးပါ
    ချစ်ပြီးရင် အလွမ်းဆိုတာမကင်းဘူးလေ
    အဆင်ပြေပါစေ ကိုဝင်းဇော်

    ReplyDelete
  16. ဒါလေး--မျှဝေခံစားကြရအောင်

    အတ္တအရိပ်ကောင်

    ငါကောင်ထင်တော့

    ငါ၏အတွေး

    ကြာကြာ (ကူလီ)

    လေးဖြစ်ခဲ့ပေါ့။

    ReplyDelete